Tuesday 25 September 2012

တောင်ကိုရီးယားကုမ္ပဏီ ၆၀ ပါဝင်မည့် ကုန်စည်ပြပွဲ ရန်ကုန်တွင် ကျင်းပမည်



ရန်ကုန်၊ စက်တင်ဘာ ၂၅

တောင်ကိုရီးယား ကုမ္ပဏီပေါင်း ၆၀ ပါဝင် ပြသသည့် ပထမဆုံး ကုန်စည်ပြပွဲကြီးကို ရန်ကုန်၌ နိုဝင် ဘာလတွင် ပြုလုပ် သွားမည်ဖြစ်ကြောင်း ကိုရီးယား ရင်းနှီးမြှပ်နှံမှု တိုးမြှင့်ရေး အေဂျင်စီက စက်တင်ဘာ ၂၄ရက်တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၌ တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်များ ရင်းနှီးမြှပ်နှံမည့် နေရာ ရွေးချယ်ရန် ကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရ အရာရှိများနှင့် အဆိုပါ လုပ်ငန်းရှင်တို့ လာမည့် အပတ်တွင် တွေ့ဆုံရန် ရှိကြောင်း ယင်းထုတ်ပြန်ချက်အရ သိရှိရသည်။


တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သော ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး အဆိုပါ အဖွဲ့တွင် ချည်မျှင် လုပ်ငန်း၊ စက်မှု လုပ်ငန်း၊ ဆက်သွယ်ရေးနှင့် အရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းတို့ အပြင် ပုဂ္ဂလိက ကုမ္ပဏီပေါင်း ၂၃ ခု ပါဝင်ကြောင်း တောင်ကိုရီးယား နိုင်ငံပိုင် ကုန်သွယ်မှု တိုးမြှင့်ရေး အေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

No comments:

Post a Comment