Tuesday 25 September 2012

ကမ္ဘာ့ထိပ်သီးကလပ် ရီးယဲယ်မက်ဒရစ်မှ နည်းပြအဖွဲ့ဝင်(၃)ဦး မြန်မာနိုင်ငံသို့ လာရောက်၍ နည်းပြအချို့နှင့်လူငယ်ကစားသမားများကိုသင်ကြားလေ့ကျင့် ပေးမည်


Tuesday, 25 September 2012 



Digicel ကုမ္ပဏီ၏ ကူညီဆက်သွယ် ပေးမှုဖြင့် Real Madrid Clinic အစီအစဉ်အရ ကမ္ဘာ့ထိပ်သီးက လပ်ဖြစ်သော ရီးယဲယ်မက်ဒရစ်အသင်းမှ နည်းပြအဖွဲ့ဝင် (၃)ဦးသည် မြန်မာနိုင်ငံသို့လာရောက်၍ နည်းပြအချို့နှင့် လူငယ်ကစားသမားများကို သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း

သိရသည်။ ယင်းနည်းပြအဖွဲ့ဝင်(၃)ဦးသည် လာမည့် နိုဝင်ဘာလ(၁၆)ရက်မှ (၂၆) ရက်အထိ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ လာရောက်၍ သင်ကြားလေ့ကျင့်
ပေးမည်ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)သည် ယင်းနည်းပြများ
သင်ကြားလေ့ကျင့် ပေးရန်အတွက် မြန်မာနည်းပြအချို့နှင့် မြန်မာယူ-၁၄၊ ယူ-၁၆လူငယ် ကစားသမားများကို ရွေးချယ်ထားကြောင်း လည်း သိရသည်။ ထို့အပြင် MFF သည် ၂၀၂၀ဖီဖာယူ -၁၇ပြိုင်ပွဲကိုခြေစစ်ပွဲအောင်မြင်ရန် Dream အဖြစ်ထားရှိထားကြောင်းလည်း သိရသည်။ MFF သည် ၂၀၂၀ ဖီဖာယူ-၁၇ ပြိုင်ပွဲကို ခြေစစ်ပွဲအောင်မြင်ရန်အတွက်ယခု နှစ်အစောပိုင်းကာလမှစ၍ အားကစားနှင့် ပညာရေးပေါင်းစပ်မှု အစီအစဉ်များဖြင့် အခြေခံပညာကျောင်း
များမှ အစပြုကာဘောလုံးအားကစားနည်း ကျယ်ပြန့်ရေးကို လုပ်ဆောင်လျက်
ရှိကြောင်းသိရသည်။

MFF သည် ၂၀၂၀ ဖီဖာယူ-၁၇ပြိုင်ပွဲကို ခြေစစ်ပွဲအောင်မြင်ရန်အတွက် Technical Department တစ်ခုကို ဖွဲ့စည်းထားရှိသွားမည်ဖြစ်ပြီး နည်းစနစ်ဒါရိုက်တာအဖြစ် MNL ပြိုင်ပွဲကျင်းပရေးတာဝန်ခံ ဦးဝင်းသူမိုးကို
ခန့်အပ် ထားကြောင်းလည်းသိရသည်။ အင်္ဂလန်လက် ရွေးစင်ဟောင်းနှင့် ပရီးမီးယားလိဂ်ကစားသမားဟောင်းဖြစ်သူ ဂျွန်ဘန်းစ်သည်ပြီးခဲ့သည့် စက်တင်ဘာလ(၁၈)ရက်မှ(၂၁)ရက်အထိမြန်မာနိုင်ငံသို့ လာရောက်၍ MNL ပြိုင်ပွဲ ကျင်းပရေးတာဝန်ခံ ဦးဝင်းသူမိုးနှင့်တွဲဖက်ကာနည်းပြအချို့နှင့် ယူ-၁၂ ကစားသမားများကို သင်ကြားလေ့ကျင့်ပေးခဲ့သည်။
eleven

No comments:

Post a Comment