Tuesday 25 September 2012

ဂျပန်စကားပြောစွမ်းရည် ပြိုင်ပွဲကျင်းပမည်


၂၅-၉-၂၀၁၂



The Kake Education Group ကကြီးမှူးပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ထောက်ခံမှုဖြင့် ဒုတိယအကြိမ်မြောက် ဂျပန်စကားပြောစွမ်းရည် ပြိုင်ပွဲကို "ဂုဏ်ယူစရာ ပြည်မြန်မာခေါင်းစဉ်" ဖြင့် စက်တင်ဘာလ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် Conference Hall, Myanmar Info-Tech (MICT Park) ၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။


ယင်းပြိုင်ပွဲသို့ အထက်တန်းကျောင်း ၊ တက္ကသိုလ် ဂျပန်စာသင်တန်း တက်ရောက်နေသူ ၊ ဂျပန်စကားပြောနိုင်သူများ ၀င်ရောက် ယှဉ်ပြိုင်နိုင်ပြီး ယခင်ပြိုင်ပွဲများတွင် ဆုရရှိဖူးသူများ ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုရန် မေတ္တာရပ်ခံထားသည်။ ပြိုင်ပွဲတွင် ပထမဆုရပါက The Kake International Branches Speech Contest တွင် သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်ရာ ယှဉ်ပြိုင်မည့် ၃ ရက်ကြာခရီးစဉ် စရိတ်ငြိမ်း ပို့ဆောင်ပေးမည့် အစီအစဉ်အပြင် အခြားဆုမဲများလည်း ချီးမြှင့်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment