Tuesday 25 September 2012

ဒီမိုစံနှုန်းနှင့်အညီ ပြုပြင်မည်ဟု ဦးအောင်ကြည်ပြော


စက်တင်ဘာလ(၂၅)
ဒီမိုကရေစီ စံနှုန်းနှင့်အညီ မီဒီယာ တိုးတက်ပြောင်းလဲမှုကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ရှေးဦးစွာ ပုံနှိပ်မီဒီယာကို ပြုပြင်ပြောင်းလဲသွားရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြန်ထောင်စု ၀န်ကြီး ဦးအောင်ကြည်က ယနေ့ ဒီမိုကရက်တစ်မြန်မာ့အသံ၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဆွီဒင် ရေဒီယိုတို့ ပူးပေါင်းကျင်းပသည့် လူထုကိုယ်စားပြု ရုပ်သံလွှင့် မီဒီယာလုပ်ငန်းဆိုင်ရာဆွေးနွေးပွဲ မီဒီယာများနှ င့် တွေ့ဆုံမှု အစီအစဉ်တွင်ပြောကြားသည်။

ယနေ့ လူထုကိုယ်စားပြု ရုပ်သံလွှင့် မီဒီယာလုပ်ငန်းဆိုင်ရာဆွေးနွေးပွဲကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ အင်းယားလိပ်ဟိုတယ်တွင်ပြုလုပ်ခဲ့ရာ အသံလွှင့် ရုပ်သံဖွံ့ဖြိုးတိုးတက်ရေးနှင့်ရင်ဆိုင်ရနိုင်ခြေရှိသော ပြဿနာရပ်ဆိုင်ရာများ၊ အသံလွှင့် ရုပ်သံလုပ်ငန်းဆိုင်ရာ သီအိုရီ၊ Citizen Journalist နှင့် အသံလွှင့်လုပ်ငန်းဆိုင်ရာ ချိတ်ဆက်မှုများ၊ အစိုးရပိုင်းထိန်းချုပ်မှု၊ လိုင်စင်နှင့် အခွန်ပေးဆောင်ရမှု အခန်းကဏ္ဍ စသဖြင့် အကြောင်းအချက်များကို ပြည်တွင်းပြည်ပ ပညာရှင်များက ဆွေးနွေးခဲ့ကြသည်။


အဆိုပါဆွေးနွေးပွဲကို အပိုင်း ၃ ပိုင်းခွဲ ကျင်းပခဲ့ပြီး စက်တင်ဘာလ ၂၅ ရက်တွင်လည်း နိုင်ငံရေးအပြောင်းအလဲနှင့် မီဒီယာပြုပြင်ပြောင်းလဲမှု၊ လူထုကိုယ်စားပြုအသံလွှင့်ရုပ်သံလုပ်ဆောင်မှု ၊ အခွင့်အရေးနှင့် စိန်ခေါ်ချက်များ စသည့် အကြောင်းအချက်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment