Tuesday 25 September 2012

၈၈ မျိုးဆက်ကြားက အဖုအထစ်လေးများ (ပေးစာ)



၈၈မျိုးဆက် ကျောင်းသားများအဖွဲ့မှ နိုင်ငံကူးလက်မှတ်ထုတ်ပေးရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန သို့ စုစုပေါင်း (၁၉)  ဦး လျှောက်ထားခဲ့ရာ အစပိုင်းတွင် (၂) ဦးသာ ခွင့်ပြုချက်ရရှိခဲ့သော်လည်း ကျန်ရှိသူ (၁၇) ဦး၏ နိုင်ငံကူးလက်မှတ်များအား စက်တင်ဘာလ (၁၉) ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ခွင့်ပြု လိုက် သောကြောင့် ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် နိုင်ငံရပ်ခြား ခရီးစဉ်များအား သွားရောက်နိုင် ကြပြီဖြစ်ပါသည်။ထို့ကြောင့် ၈၈ မျိုးဆက် ကျောင်းသားများ အနေဖြင့် နိုင်ငံရပ်ခြား ခရီးစဉ်များ အား စနစ် တကျ စီစဉ်ကြ၏။ မည့်သည့်နိုင်ငံကို အရင်သွားရောက်မည်၊ မည်သူတွေနှင့်အဖွဲ့တွေခွဲ သွားမည်၊ မည် သူတွေနှင့်တွေ့ ဆုံကြမည် စ သည်ဖြင့် အသေးစိတ် ဆွေးနွေး တိုင်ပင်ကြသည်။

          ထောင်ကလွတ်မြောက်လာတည်းက ပြည်တွင်းစည်းရုံးရေးခရီးစဉ်များတွင် ညီညီညွတ် ညွတ် ဆွေးနွေး တိုင်ပင် သဘောတူကြသလို ယခု ပြည်ပခရီးစဉ်တွင်လည်း အချက်အလက်အားလုံးနီးပါး သဘောဆုံးဖြတ်နိုင်ခဲ့ ကြသည်။သို့သော်တညီတညွတ်ထဲ သဘောမတူနိုင်ကြပဲ လိပ်ခဲတည်း တည်းဖြစ်ေ နသော ကိစ္စတစ်ခုရှိနေ သည်။ ခရီးစဉ်တွေအတွက် ကုန်ကျမည့် ငွေအား မည်သည့် ရံပုံငွေမှ သုံးစွဲ မည်ဆို သည့် ဆုံးဖြတ်ချက်တွင် မူ သဘောထား အမျိုးမျိုးကွဲကြရသည်။
          မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် နိုင်ငံတကာမှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၆) သန်းကျော် (မြန်မာငွေ ကျပ် သန်း ၅၀၀၀ ကျော်) လောက်ဟာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ကနေတစ် ဆင့် အခြား လူမှုရေး၊နိုင်ငံရေး အဖွဲ့များဆီသို့ ခွဲဝေစီးဆင်းနေကြောင်း NGO အဖွဲ့အစည်း များ ဖိုရမ် တစ်ခုက ပြောကြားချက်များကို ကိုးကားပြီး သြဂုတ်လ (၂၅) ရက်နေ့ထုတ် Unity ဂျာနယ်က မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြထားခဲ့ပါသည်။ထို့အပြင် ၈၈ မျိုးဆက်ကျောင်းသားများရံပုံငွေအဖြစ် ဂီတဖျော်ဖြေပွဲ များ၊ဈေးရောင်းပွဲ တော်များ မှ အလှူခံရရှိငွေများလည်း ရှိနေသည့်အတွက် သူတို့အဖွဲ့တွင် စုဆောင်းရရှိထားသော ရံပုံငွေအ တော်လေး များပြား ဖူလုံမှုရှိပါသည်။
          ထို့ကြောင့် ကိုသက်ဇော်၊မမီးမီး တို့က ယခု ခရီးစဉ်ဟာ လုပ်ငန်းသဘောအရသွားသော ခရီးစဉ်ဖြစ်တဲ့ အတွက် ခရီးစားရိတ်ကို စုဆောင်းထားတဲ့ ရံပုံငွေထဲမှ သုံးစွဲချင်ကြပါသည်။ဘာအလုပ်မှ လုပ်ကိုင်ချင်းမရှိပဲ ရံပုံငွေအပေါ်တွင်သာ မှီခိုနေရသော သူတို့အနေဖြင့် ခရီးစားရိတ်အားလည်း ရံပုံငွေမှပင် သုံးစွဲမည်ဆိုသည်မှာ သဘာဝကျပါသည်။သူတို့တွေအနေနဲ့ ယခုခရီးစဉ်ဟာ အများအတွက် လုပ်ကိုင် တာဖြစ်လို့ မိမိတို့ကိုယ်ပိုင်ငွေ ထဲမှ ထုတ်စရာမလိုဟု ယူဆကြသည်။သို့သော် ကိုမင်းကိုနိုင် တို့လို စာ အုပ်ရောင်း၊ ပန်းချီကားရောင်းပြီး ငွေ ရရှိထားတဲ့ သူတွေကျတော့ ပြည်သူအတွက်စုဆောင်း ထားတဲ့ ရံပုံငွေ ကို မိမိတို့၏ခရီးစားရိတ်အဖြစ် မသုံးစွဲ လိုပဲ ကိုယ်ပိုင်ငွေဖြင့်သာ သွားသင့်ကြောင်း ပြောဆိုလာတဲ့ အခါမှာ ငွေရေးကြေးရေး ကိစ္စနဲ့ပတ်သက်ပြီး အဖု အထစ်လေးတွေ ဖြစ်ပေါ်လာခဲ့ပါတော့သည်။
          ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့အတွင်း သဘောထားကွဲလွဲမှုအဖုအထစ်ဟာ ယခုမှ ပထမဆုံး အကြိမ် ဖြစ်ပေါ်လာတာမဟုတ်ပဲ ယခင်ကလည်း အဖွဲ့အတွင်း လူမှုရေးလုပ်ငန်းများကိုသာ ဦးတည် လုပ် ကိုင် ချင်များ နှင့် နိုင်ငံရေးလှုပ်ရှားမှုကို ဦးတည်လုပ်ကိုင်ချင်သူများဆိုပြီး ကွဲခဲ့ကြပါသေးသည်။ ကျွန်တော့် အနေ ဖြင့်မူ အားကြိုးမာန်တက် ဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ကို ငွေရေးေ ကြးရေး   ကိစ္စ ကြောင့်တော့ အကွဲအပြဲ အဖုအထစ်များ မဖြစ်စေချင်ပဲ လူမှုရေး၊နိုင်ငံရေးကိစ္စများတွင် ညီညီညွတ် ညွတ် ဆောင်ရွက်စေချင်ပါတယ်။

ကိုသူရ 

No comments:

Post a Comment