Tuesday 9 June 2015

အင်းနရစ် ဘာကာတွင် ဆက်ရှိနေမည်ဟုဥက္ကဋ္ဌပြော

 စနေနေ့က ဖလားသုံးလုံးရရှိခဲ့ပြီး အသင်းတွင် ဆက်နေမည်လားဆိုသည်ကို အတိအကျ ပြောရန် နည်းပြ အင်းနရစ်ကငြင်းဆန်သော်လည်း လာမည့်နှစ်တွင် ဘာစီလိုနာတွင် ၎င်းဆက်ရှိနေမည် ဟု ဘာကာဥက္ကဋ္ဌ မာရီယာဘာတို မူက အခိုင်အမာပြောသည်။အင်းနရစ်သည် ဘာစီလိုနာနှင့် ၂ နှစ်ချုပ်ဆိုထားပြီး ပထမတစ် နှစ်ကုန်ဆုံးသွားပြီဖြစ်သည်။ သို့ သော် ၎င်းအား ခန့်အပ်ခဲ့သော အားကစားဒါရိုက်တာ ဇူဘီဇာ ရက်တာ အလုပ်ပြုတ်သွား၍ မပျော်မရွှင်ဖြစ်နေသည်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပြီးဆုံးချိန် သတင်းစာရှင်းလင်းပွဲတွင် လည်း ၎င်း၏ ဘာကာနှင့် အနာဂတ်မေးခွန်းများကိုလည်း အင်းန ရစ်က ရှောင်ဖယ်ခဲ့သည်။ ဘာစီလိုနာအသင်းဥက္ကဋ္ဌ ရွေးကောက်ပွဲလည်း ရှိရာ ဘာတိုမူနေရာ ဥက္ကဋ္ဌသစ်အဖြစ် ၀င်ရောက်လာပါက နည်းပြသစ် ခေါ်ယူလာနိုင်သဖြင့် မရေရာမှု ကြီးမားနေသည်။

ဘာတိုမူကမူ ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံရပါက အင်းနရစ်ကိုစာချုပ် သက်တမ်းတိုးရန် ကမ်းလှမ်းသွားမည်ဟု ပြော သည်။‘‘ဒုက္ခခံဖို့ မလိုပါဘူး။ လူးဝစ်အင်းနရစ်ဆက်ရှိနေပါမယ်’’ဟု ဘာတိုမူက ပြောသည်။

‘‘ဒီနှစ်သူ့ရဲ့ စွမ်းဆောင်ရည် က ဆယ်မှတ်ပေးရင် ဆယ်မှတ် အပြည့်ရနေတာပဲ။ စာချုပ်ဖျက် သိမ်းစရာအကြောင်း မရှိပါဘူး’’ ဟု ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမူက စပိန်ရေဒီယိုအား ပြောကြား သည်။      
—Ref:Reuters

No comments:

Post a Comment