Monday 7 October 2013

အသေးစားချေးငွေလုပ်ငန်းများ ဗဟိုဘဏ်နှင့်သက်ဆိုင်တော့မည်မဟုတ်

ဗဟိုဘဏ်သည် ပုဂ္ဂလိကဘဏ်နှင့်မသက် ဆိုင်သောအသေးစားဆိုင်ရာချေးငွေ လုပ်ငန်းများကို   လက်အော က် တွင် သာ ထားရှိတော့မည်ဟု ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးကပြောသည်။
''အခုအသစ်ရေးဆွဲနေတဲ့ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေမှာ ပါဝင်လာမယ်''ဟု ယမန်နေ့ကဘဏ် လုပ်ငန်းရှင်များအသင်း အစည်းအဝေးခန်းမ၌ပြုလုပ်သော ဆွေးနွေးပွဲတွင် အထက်ပါအတိုင်းပြော ကြား ခဲ့ခြင်း ဖြစ်သည်။

ဗဟိုဘဏ်ဥပဒေသစ်အရအစိုးရနှင့် မသက်ဆိုင်ဘဲသီးခြားလွတ်လပ်သော အဖွဲ့အစည်းဖြစ်လာသဖြင့် ပုဂ္ဂလိက ဘဏ်များ၏ ချေးငွေဆိုင်ရာကိစ္စရပ်များ ကိုသာ ဗဟိုဘဏ်ကထိန်းချုပ်ညွှန်ကြားမည်ဖြစ်ကြောင်း သိရသည်။ အစိုးရ၏ ဝန်ကြီးဌာနဖြစ်သောဘဏ္ဍာရေး ဝန်ကြီးဌာနသည် အသေးစားငွေချေးလုပ်ငန်းနှင့် သမဝါယမ ချေးငွေလုပ်ငန်းများကိုအဓိကကိုင်တွယ်မည်ဖြစ်ရာ ပုဂ္ဂလိကဘဏ်များနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ၄င်းကပြောသည်။ ချေးငွေဆိုင်ရာအတိုးနှုန်းသတ်မှတ်ခြင်း နှင့်ပတ်သက်၍အတက်အကျ၊ အနိမ့်အမြင့်ရှိသောဈေးကွက်ဖြစ်ထွန်းလာသည့်အခါဥပဒေ အရခိုင်မာစွာ ထုတ်ပြန်မည့်ချေးငွေသတင်း အချက်အလက်ပြဋ္ဌာန်းရေးဥပဒေရေးဆွဲပြဋ္ဌာန်း မည်ဟု သိရသည်။

လက်ရှိမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှတစ်နှစ်လျှင်အတိုး ၁ဝ ရာခိုင်နှုန်း သတ်မှတ်ထား ပြီး ချေးငွေအပေါ် အများဆုံး ၁၃ ရာခိုင်နှုန်းနှင့်အပ်ငွေအပေါ် အနည်းဆုံး ၈ ရာခိုင်နှုန်းသတ်မှတ်ထားကြောင်းသိရသည်။ အသစ်ရေး ဆြွဲ ပဋ္ဌာန်းမည့်ငွေရေးကြေးရေး ဥပဒေကိုကမ္ဘာ့ဘဏ်မှပညာရှင်များဖြင့်ပူး ပေါင်းရေး ဆွဲခြ င်းဖြစ် ရာ ယခုလ ၂၄ ရက်တွင်ကမ္ဘာ့ဘဏ်ပညာရှင်များနှင့်ပြည်တွင်းပညာရှင်များ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကျင်းပသွားမည်ဟု သိရသည်။

ဗဟိုဘဏ်သည်မြန်မာ့ငွေကြေးကျပ်ငွေတန်ဖိုးခိုင်မာစေရန်ဆောင်ရွက်မည်ဟု ရည်မှန်း ချက်ထားရှိပြီးဖြစ် ရာ ၂ဝ၁၅ အာဆီယံလွတ်လပ်သောကုန်သွယ်မှုဧရိယာပေါ်ပေါက်လာချိန်တွင်မြန်မာနိုင်ငံ၏ ဘဏ္ဍရေး ဆိုင်ရာ အခြေခံအဆောက်အအုံများ ပင်မအရင်းအမြစ်ဖြစ်ကြောင်း စီးပွားရေးပညာရှင် အသိုင်းအဝိုင်း မှပြော သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လက်ရှိဆောင်ရွက်နေသော မူဝါဒနည်းလမ်းမှာ သီးသန့်ငွေ လိုအပ်ချက် သတ် မှတ်ခြင်း၊ အတိုးနှုန်းမူဝါဒ နှင့်အစိုးရငွေတိုက်စာချုပ်များ ထုတ်ဝေရောင်း ချခြင်းဖြစ်ကြောင်း ဗဟိုဘဏ်၏ထုတ်ပြန်ချက်အရသိရသည်။

The Union Daily

No comments:

Post a Comment