Saturday 4 August 2012

ရခိုင်တိုင်းရင်းသားများ UNHCR ရုံးရှေ့တွင် ယနေ့ ဆန္ဒဖော်ထုတ်မည်

ရန်ကုန်၊ သြဂုတ် ၎

နိုင်ငံတော် သမ္မတကြီး၏ ရိုဟင်ဂျာအရေး သဘောထားထုတ်ပြန်ချက် ထောက်ခံသော ရခိုင်တိုင်းရင်းသား များ အပါအ၀င် ပြည်သူ ၂၀၀ကျော် ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့တွင် ယနေ့ ဆန္ဒဖော်ထုတ်မည် ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက   ပြေကြားသည်။
“မောင်တောမှာ ဆန္ဒဖော်ထုတ်သလို ဆန္ဒဖော်ထုတ်မှာပါ“ ဟု ၄င်းက ဆိုသည်။

ယင်းဆန္ဒဖော်ထုတ်မှုတွင် ရခိုင်တိုင်းရင်းသား အဖွဲ့အစည်းများ အပါအ၀င် နိုင်ငံတော် သမ္မတကြီး၏ သဘောထား ထုတ် ပြန်ချက်ကို ထောက်ခံသော ပြည်သူ စုစုပေါင်း၂၀၀ကျော် ပါဝင် မည်ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတကြီး၏ ဆုံးဖြတ်ချက် ကိုလေးစားရန်၊ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို လေးစားရန်၊ တိုင်းရင်းသားများ၏ အခွင့်အရေးကို လေးစားရန်၊ မျှမျှတတ ဆက်ဆံရန်ဟူသော တောင်းဆိုချက်များ ပါဝင်သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒဖော် ထုတ်မည်ဖြစ်ပြီး ယင်းဆန္ဒ ဖော်ထုတ်မည့် အချိန်အတိအကျကို မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ထံမှ သိရှိရသည်။

ရခိုင်ပြည်နယ် မောင်တော်မြို့တွင် ဇူလိုင်လ ၃၁ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားကို ရခိုင်တိုင်းရင်းသားများ ၅၀၀ခန့် ငြိမ်းချမ်းစွာ စုဝေး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
 
ref:thevoiceweekly

No comments:

Post a Comment