Saturday 4 August 2012

ဆူပူအကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် နှစ်လခန့်အကြာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရခိုင်ပြည်နယ်သို့သွားရောက်

မောင်တော၊ သြဂုတ် - ၃

ရခိုင်ပြည်နယ်တွင် ဇွန်လ ၈ ရက်က ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် နှစ်လခန့်အကြာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ပြည်ထောင်စုဝန်ကြီးများ သြဂုတ်လ ၃ ရက်တွင် ရခိုင်ပြည်နယ်သို့သွားရောက်ခဲ့သည်။


ဒုတိယသမ္မတသည် သြဂုတ်လ ၃ရက် နံနက်ပိုင်းက စစ်တွေမြို့သို့ စတင်ရောက်ရှိလာပြီး စစ်တွေမြို့ မှ  မောင်တောမြို့သို့ သွားခဲ့သည်။နံနက် ၉ နာရီ မိနစ် ၄၀ ခန့်တွင် မောင်တောတောင်ပိုင်းဒေသရှိ အလယ်သံကျော်ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိခဲ့ပြီး ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေကြသည့် ဒုက္ခသည်များ နှင့်တွေ့ ဆုံခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယသမ္မတ နှင့်အဖွဲ့သည် ရွာလုံးကျွတ် မီးရှို့ခံခဲ့ ရသည့် မောရ၀တီကျေးရွာ၊ ရွှေ ရင်အေးကျေးရွာများသို့ သွား ရောက်ကြည့်ရှုခဲ့ပြီး မောင်တော ဒေသသို့ ထွက်ခွာလာရာ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မောင် တောခရိုင် အုပ်ချုပ်ရေးမှူးရုံး၌ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ နှင့်တွေ့
ဆုံခဲ့ကြောင်းသိရသည်။ ထို့နောက် လေးမိုင်ဒုက္ခသည် စခန်းသို့ သွားရောက်ကာ ဒုက္ခ သည်များကို အားပေးစကားပြော ကြားသည်။

“နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် လာရောက်ကြည့်ရှုတဲ့ အတွက် အခြေအနေမှန်ကိုပိုပြီး သိသွားပါတယ်။ အဲဒီလိုအခြေအ နေ လိုအပ်ချက်တွေကို သိသွားမှ ဘာဆက်လုပ်ပေးရမယ်ဆိုတာကို စီစဉ်ပေး
လို့ရမှာဖြစ်ပါတယ်။ တခြားအဖွဲ့တွေလည်း မောင် တောဒေသကို လာရောက်ကြည့် ရှုစေချင်ပါတယ်။ ဒီလိုမျိုး ကိုယ် တိုင်ကိုယ်ကျ လာရောက်လေ့လာ ကာမှ အဖြစ်မှန်တွေကိုသိသွားမှာ ဖြစ်ပါတယ်။ ဒုတိယသမ္မတ
ကိုယ်တိုင် လာရောက်တဲ့အတွက် ကျွန် တော်တို့အတွက် ပိုပြီးအားရှိပါ တယ်”ဟု လေးမိုင်ဒုက္ခသည်စခန်း မှ ဒုက္ခသည်များကပြောသည်။

ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဒုက္ခသည်များ တွေ့ဆုံရာတွင် ဆူပူအကြမ်းဖက် မှုများဖြစ်ပွားပြီးနောက် ပြန်လည် ထူထောင်ရာ၌ နိုင်ငံတော်အစိုးရ တစ်ခုတည်းကိုသာ အားမကိုးဘဲ ဒုက္ခသည်များအနေဖြင့် မိမိတတ်နိုင်သည့်ဘက်က ပါဝင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊
 ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် နှင့် ဒေသတွင်းသို့ ကုန်စည်စီး ဆင်းမှုနှင့် ခရီးသွားလာမှုကို လုံခြုံ မှုရှိစေရန် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဒုတိယသမ္မတဒေါက်တာစိုင်း မောက်ခမ်းနှင့် နယ်စပ်ရေးရာဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၊ ကာ ကွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှ မင်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီး များလိုက်ပါလာခဲ့သည်။

ဒုတိယသမ္မတနှင့်အဖွဲ့သည် နေ့လယ် ၁ နာရီခန့်တွင် မောင် တောမြို့မှ မြောက်ဦးမြို့သို့ တပ် မတော်ရဟတ်ယာဉ်များဖြင့် ဆက် လက်ထွက်ခွာသည်။

ref:7daynews

No comments:

Post a Comment