Saturday 4 August 2012

အမေရိကန်တွင် ရောင်းချခဲ့သည့် RAV4 ကား ၇ သိန်းကို တိုယိုတာတို့ ပြန်သိမ်း

ဂျပန် နိုင်ငံရှိ တိုယိုတာ ကုမ္ပဏီမှာ ကမ္ဘာ အနှံ့ရှိ RAV4 မော်တော်ကားများကို ပြန်လည် သိမ်းဆည်းနေကာ အမေရိကန်တွင် အစီးရေ ၇သိန်း ၆ သောင်းကျော် ရှိပြီးယင်းမှာ တိုယိုတာ ကုမ္ပဏီ၏ အကြီးဆုံး
 နိုင်ငံခြား ဈေးကွက်ရှိသည့် နိုင်ငံတစ်ခု ဖြစ်သည်။

အလားတူပင် တိုယိုတာတို့ အနေဖြင့် ၎င်းတို့ ထုတ်လုပ်နေသည့် Lexus HS 250h လောင်စာ နှစ်မျိုးစပ် ကားများထဲမှ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်တွင် ထုတ်လုပ်သည့် ကားအစီးရေ ၁၈၀၀၀ ကိုလည်း ပြန်လည် သိမ်းဆည်းသွားမည် ဖြစ်ကာ RAV 4 ကားများထဲမှ ၂၀၀၆ နှင့် ၂၀၁၁ ခုနှစ် အစောပိုင်းတွင် ထုတ်လုပ်ခဲ့သည့် ကားများ ပါဝင်မည် ဖြစ်သည်။ ယခုလို ပြန်လည် သိမ်းယူရန် အတွက် ခေါ်ယူရခြင်းမှာ ကားနောက်ပိုင်းရှိ ဆိုင်းထိန်း စနစ် ပြဿနာကို တွေ့ခဲ့ရခြင်းကြောင့် ဖြစ်ကြောင်း ပြောခဲ့သည်။

No comments:

Post a Comment