Saturday 4 August 2012

မြစ်ရေကြီးမှု သတိပေးချက်



- သံလွင်မြစ်ရေစိုးရိမ်ရေမှတ်အထက်ဆက်ရှိနိုင်။
သံလွင်မြစ်ရေသည် ယနေ့ မွန်းလွဲ ( သြဂုတ် ၃ ) ၁၂း ၃ဝ တိုင်းထွာချက်များအရ ဘားအံမြို့ တွင် ၈၈၁ စင်တင်မီတာ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ် အထက် ၁၃၁ စင်တီ ( ၄ . ၃ ပေ )ခန့်ကျော်လွန်နေသည်။
 နောက် ၃ ရက်အတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ် ၇၅ဝ စင်တင်မီတာအထက်တွင်ဆက်လက်
တည်ရှိနိုင်သည်။

-ဘားအံမြို့ တွင် အနိမ့်ပိုင်း ရပ်ကွက်အချို့ အတွင်းရေများဝင်ရောက်လျက်ရှိပြီး ရေဘေးကယ်ဆယ်ရေစခန်း ၁၁ ခုဖွင့်လှစ်ထားကြောင်း သိရှိရသည်။

- ပဲခူးမြစ်ရေသည် ယနေ့မွန်းလွဲ ( သြဂုတ် ၃ ) ၁၂း ၃ဝ တိုင်းထွာချက်များအရ ပဲခူးမြို့ တွင် ၈၈၁ စင်တီမီတာသို့ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် ယနေမွန်းတည့်မှ နောက်၂၄ နာရီအတွင်း ယင်းမြို့ ၏
စိုးရိမ်ရေမှတ် ၉၁ဝ စင်တီမီတာသိုရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ  ဦးစီးဌာနကထုတ်ပြန်ထားသည်။

-ရေတာရှည်မြို့ နယ်တွင် ကျေးရွာအချို့ ရေဝင်နေပြီးပဲခူးတိုင်း ညောင်လေးပင်မြို့ နယ် ၊မဒေါက်မြို့ တို့တွင်
  ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားကြောင်း သိရှိရသည်။

-ပဲခူးမြို့ နယ် ( ကလျာဏီရပ်ကွက် ၊ မဇင်းရပ်ကွက်၊ စက်ပိုင်းရပ်ကွက်၊ နှင့် ကျွန်းသာယာရပ်ကွက်များတွင်
 ရေများလျံတတ်နေသည်မှာ ၁ဝရက်ခန့်ရှိပြီး လှေများနှင့်သွားလာနေရကာ စိုးရိမ်နေရာနေထိုင်သူများ ဘုန်းကြီးကျောင်းများသိုပြောင်းရွှေ့ နေထိုင်ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment