Saturday 4 August 2012

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် KNU တို့ မဲဆောက်တွင် အလွတ်သဘောတွေ့ဆုံမည်

မဲဆောက်။သြဂုတ် ၎

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့်ကရင်အမျိုးသားအစည်းအရုံး KNU တို့ နှစ်ဘက် ကိုယ်စားလှယ်များ မနက်ဖြန်တွင် ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့တွင် အလွတ်သဘာ

တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်
ယခုလ ၂၁ ရက်နေ့မှစတင်ကာ ကရင်ပြည်နယ်ဘားအံမြို့တွင်ပြုလုပ်မည့် ဒုတိယအကြိမ်ပြည်ထောင်စုအဆင့်ဆွေးနွေး ပွဲမတိုင်မီတွေ့ ဆုံဆွေးနွေးခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာအစိုးရပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖေါ်ဆောင်မှုလုပ်ငန်းကော်မတီဒုဥက္ကဌ ရထားပိုဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့်လုပ်ငန်းကော်မတီအဖွဲ့ဝင်ဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီတို့တက်ရောက်ကြမည်ဖြစ်ပြီး KNU ဘက်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြမည်သိရသည်။

ယခုလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကရင်ပြည်နယ်ဘားအံမြို့တွင်ပြုလုပ်မည့် ဒုတိယ အကြိမ်မြောက်  ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲတွင် KNU အဖွဲ့ကို အထွေထွေအတွင်းရေးမှူးနော်စီဖိုး
ာစိန်ကဦးဆောင်မည် ဖြစ်ပြီး ဆွေးနွေးပွဲကိုယ်စားလှယ် ၉ ဦးပါရှိမည်ဖြစ်သည်။

မြန်မာအစိုးရဘက်မှပြည်ထောင်စုဝန်ကြီးဦးအောင်မင်း ဦးဆောင်သည့်အဖွဲ့နှင့်ဆွေးနွေးရာတွင် KNU ဘက်မှ တပ်ပိုင်းဆိုင်ရာကိစ္စများနှင့်နှစ်ဘက်တပ်ဖွဲ့များတည်နေရာသတ်မှတ်နိုင်ရေးကိစ္စရပ်များကို အဓိကဆွေးနွေးသွားမည်ဟုသိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့၏မဲဆောက်ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့်အတူ ၎င်းတို့၏ဇနီးသည့် ဆရာဝန်နှစ်ဦးလည်း လိုက်ပါလာမည်ဖြစ်ပြီး မဲဆောက်ရှိမယ်တော်ဆေးခန်းတာဝန်ခံဒေါက်တာ စင်သီယာ မောင်နှင့်သွားရောက်တွေ့ဆုံကာ မယ်တော်ဆေးခန်းနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ ဆက်စပ်လုပ်ကိုင်နိုင်ရန်အတွက် ဆွေးနွေးကြမည်ဟုမယ်တော်ဆေးခန်းမှတာဝန်ရှိ သူတဦးကပြောသည်။

No comments:

Post a Comment