Saturday 4 August 2012

ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းအသွင်ပြောင်းနိုင်ဟုဆို

ရန်ကုန်၊ သြဂုတ် - ၎

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းအဖြစ် အသွင်ကူးပြောင်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးချစ်ကျော်ကပြောသည်။
``လေဖိအားနည်းရပ်ဝန်းက လက်ရှိဖြစ်နေတယ်။ မုန်တိုင်းအသွင် ပြောင်းနိုင်တယ်။ ကျွန်တော် အခု ကျောက်ဖြူရောက်နေတယ်။ ဒီမှာ မိုးရွာနေတယ်။ ကျွန်တော့်တို့ဘက်နဲ့ မနီးဘူး။ အိန္ဒိယကမ်းခြေကနေ ကုန်းဘက်ကို ၀င်ရောက်နေတယ်။ ကျွန်တော်တို့ဆီမှာ အန္တရာယ်မရှိဘူး´´ဟု သြဂုတ်လ ၅ရက် တွင်ပြောသည်။

အထက်ပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနှင့် တနင်္သာရီတိုင်း
ဒသကြီးတို့နှင့် ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သြဂုတ်လ ၄ ရက်ထုတ် နိုင်ငံပိုင်းသတင်းစာတွင် ဖော်ပြထားသည်။
 
ref:7daynews

No comments:

Post a Comment