Saturday 4 August 2012

နိုင်ငံတော် သမ္မတနှင့် နိုင်ငံရေး ၁၄ ပါတီ တွေ့ဆုံ

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၄ပါတီတို့ ယနေ့(သြဂုတ်၎ရက်) နံနက်၉နာရီမှ မွန်းလွဲ ၁နာရီ၁၅မိနစ်ထိ လေးနာရီကျော်ကြာ သမ္မတကြီး၏ လယ်တောရိပ်သာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ သမ္မတနှင့်တွေ့ဆုံခဲ့သော ပါတီ၁၄ခုတွင် ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ပါတီအချို့လည်း ပါဝင်ပြီး ပါတီ၁၄ပါတီမှ ခေါင်းဆောင်၁၆ဦး တက်ရောက်ခဲ့သည်။ နိုင်ငံတော်သမ္မတသည် ဇူလိုင်၁၈ရက်ကလည်း လယ်တောရိပ်သာမှာပင် ဒီမိုကရေစီမိတ်ဆွေ၁၀ပါတီမှ ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်။
 

No comments:

Post a Comment