Saturday 4 August 2012

မြန်မာ့စက်မှုဆိပ်ကမ်း စီမံခန့်ခွဲသော ကုမ္ပဏီ ကမ်းနားလမ်းပေါ်ရှိ အစိုးရပိုင်မြေ ၁၇ ဧကကျော်ကို နှစ် ၃၀ ငှားရမ်းခွင့်ရ

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က မြန်မာ့အဏ္ဏ၀ါစွမ်းအားရှင်ဂရု(ပ်) အက်(စ်)ကုမ္ပဏီသို့ ရန်ကုန်မြို့ ကမ်းနားလမ်းမပေါ်ရှိ ဌာနပိုင်မြေ ၁၇ ဒသမ ၃၆ ဧကအား ဆိပ်ခံတံတားသုံးစင်းနှင့် ကုန်သေတ္တာလွင်ပြင် သိုလှောင်စခန်း တည်ဆောက်နိုင်ရန် B.O.T စနစ်ဖြင့် နှစ် ၃၀ ငှားရမ်းလုပ်ကိုင်ခွင့်ပေး သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ယုနေ့ကျင်းပသော ထိုကုမ္ပဏီနှင့် မြေငှားစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောသည်။
ဆိပ်ခံတံတားသုံးစင်းနှင့် ကုန်သေတ္တာသိုလှောင်လွင်ပြင်စီမံကိန်းအား ၃ နှစ်အတွင်း အကောင်အထည်ဖော် သွားမည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက တန်ချိန်သုံးသိန်းသုံးသောင်းခွဲရှိသော နိုင်ငံခြား သင်္ဘောငါးစီး တစ်ပြိုင်နက်တည်း ဆိုက်ကပ်နိုင်မည်ဟုဆိုသည်။ ထို့အပြင် ကွန်တိန်နာအလုံးရေ ၃၂၀၀၀ အား သိုလှောင်နိုင်မည်ဖြစ်ကြောင်း မြန်မာ့အဏ္ဏ၀ါစွမ်းအားရှင်ဂရု(ပ်)အက်(စ်) ကုမ္ပဏီ၏  မန်နေဂျင်း ဒါရိုက်တာ ဦးကိုကိုထူးက ပြောသည်။ အထက်ပါကုမ္ပဏီမှာ ရန်ကုန်မြို့ ကမ်းနားလမ်းရှိ မြန်မာ့စက်မှုဆိပ်ကမ်းကို စီမံခန့်ခွဲလုပ်ကိုင်နေသောကုမ္ပဏီဖြစ်သည်။
 
ref:7daynews

No comments:

Post a Comment