Saturday 4 August 2012

မြေသားတမံကျိုးပေါက် လယ်ဧက ၅ ထောင်ကျော် နစ်မြုပ်

သြဂုတ် ၄၊ ၂၀၁၂

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်မှုကြောင့် ဧရာဝတီတိုင်း ဒါးကမြို့ မန္တလေး မြေသားတာတမံ သြဂုတ်လ ၁ ရက်နေ့ နံနက် ၅နာရီက ပေ ၅၀ ၀န်းကျင်ကျိုးပေါက်သွားပြီးနောက် လယ်မြေဧက ၅ ထောင်ခန့်ရေ နစ်မြုပ်နေကြောင်း ယင်းကျေးရွာသားများက ပြောသည်။



ပေ ၅၀ စတင်ကျိုးပေါက်ပြီးနောက်ပိုင်း ရေအားကြောင့် ပေ ၁၇၀ ၀န်းကျင်ထိထပ်မံ ကျိုးပေါက်သွား ခဲ့ကြောင်း၊ တိုင်းဒေသကြီး ၀န်ကြီးလာရောက်ကြည့်ရှုကာ သဲအိတ် ၅ သောင်းဖြင့် တာတမံပြန်လည်ဖို့ရန် ကြိုးစားလျှက်ရှိသည်ဟုလည်း သိရှိရသည်။

ညောင်ချောင်း၊ ဘုရားကုန်းနှင့် ၀က်သိုး အစရှိသည့် ကျေးရွာအုပ်စု ၈ အုပ်စုပါဝင်သည့် ယင်းဒေသများတွင် ရေနက်ကွင်းဖြစ်သဖြင့် ယခင်က မိုးနှောင်းပိုင်းမှသာ စပါးစတင်စိုက်ပျိုးနိုင်ခဲ့ရာမှ အရှည်ပေ ၃ သောင်းရှိတာတမံ တည်ဆောက်ခဲ့ရာ ယခုနှစ်မေလ ပြီးစီးခဲ့သည်။

တာတမံ ပြီးစီးသည့်နောက် ပထမဆုံးအနေဖြင့် ယခုမိုးဦးရာသီတွင် စပါးစတင်စိုက်ပျိုးကြခြင်းဖြစ်သည်။ တမံ တည်ဆောက်လိုက်ခြင်းကြောင့် သုံးသီးစား အထိစိုက်ပျိုးနိုင်မည်ဟုလည်း ဒေသခံများက ဆိုသည်။

အလားတူ သာပေါင်းမြို့နယ် ထန်းတပင်ကုန်းကျေးရွာ အနီးရှိ တဗူးချောင်း ရေလျှံမှုကြောင့် လယ်ဧက ၃ ထောင်ကျော် ရေနစ်မြုပ်လျှက်ရှိသည်ဟု သိရှိရသည်။     ။

ref:YPI

No comments:

Post a Comment