Sunday 12 August 2012

ပါရှန်ပင်လယ်ကွေ့တွင် ဒုံးကျည်ကာကွယ်ရေး အမေရိကန်တိုးမြှင့်မည်

ပါရှန်ပင်လယ်ကွေ့တွင် ဒုံးကျည်များ၏အန္တရာယ် ပိုမိုတိုးမြင့်လာနိုင်ဖွယ်ရှိသဖြင့် အမေရိကန်အစိုးရက ဒုံးကျည် ကာကွယ်ရေးများကို တိုးမြှင့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဌာနမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ဟု သိရသည်။
ဒုံးကျည်အန္တရာယ်သည် ပါရှန်ပင်လယ်ကွေ့အနီး အမေရိကန်နိုင်ငံနှင့် မဟာမိတ်နိုင်ငံများ တပ်ဖြန့် ထားသော တပ်ဖွဲ့များအပေါ် ပိုမိုကျရောက်လာနိုင် ကြောင်း၊ လာမည့်နှစ်များတွင်လည်း ၎င်းအန္တရာယ် ပိုမိုစိုးရိမ်ရသဖြင့် ဒုံးကျည် ကာကွယ်ရေးများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပက်ထရစ်ဗန်ထရယ်က ပြောကြား ခဲ့သည်။

No comments:

Post a Comment