Sunday 12 August 2012

နာဆာ၏လဆင်းယာဉ် စမ်းသပ်ပျံသန်းစဉ် ပေါက်ကွဲ

နာဆာအဖွဲ့သည် ၎င်းတို့၏လဆင်းယာဉ် Morpheus ကို ဖလော်ရီဒါရှိ ကနေဒီ အာကာသစခန်းတွင် စမ်းသပ်ပျံသန်းမှု ပြုလုပ်ခဲ့ရာ ၎င်းလဆင်းယာဉ်သည် ပြေးလမ်းပေါ်တွင် မီးလောင်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

၎င်းယာဉ်ကို ဟူစတန်ရှိနာဆာ၏ ဂျွန်ဆင်အာကာသစခန်းမှ အင်ဂျင်နီယာများက ထုတ်လုပ်ခဲ့ပြီး သြဂုတ် ၉ ရက်မတိုင်မီ ကရိန်းဖြင့် စမ်းသပ်ပျံသန်းမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ ကြောင်းသိရသည်။ အဆိုပါလဆင်း ယာဉ်သည် သြဂုတ် ၁ဝ ရက်က အလွတ်ပျံသန်းစမ်းသပ်မှုတွင် ပျံသန်းပြီး စက္ကန့် အနည်းငယ်အကြာတွင် မီးလောင်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

No comments:

Post a Comment