Sunday 12 August 2012

နိုင်ငံတော် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်တို့သည် နေပြည်တော်၌ ယနေ့နံနက် ၉ နာရီခန့်က တွေ့ဆုံခဲ့ပြီး တစ်နာရီခန့်ကြာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး အရာရှိဒေါက်တာတင်မာအောင်က အတည်ပြု ပြောကြားသည်။

မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကိုမူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် သတင်းထုတ်ပြန်ရန် မရှိဘဲ သမ္မတရုံးကသာ ထုတ်ပြန်ပါလိမ့်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်ကပြောကြားသည်။

ယခုတွေ့ဆုံမှုသည် နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး၏ ဒုတိယအကြိမ်မြောက် သီးသန့်တွေ့ဆုံမှုဖြစ်သည်
 
ref:7daynews

No comments:

Post a Comment