Sunday 12 August 2012

ဖိလစ်ပိုင်ပင်လယ်ပြင် အရှေ့ပိုင်းမှ လေဖိအားနည်းဆဲလ် 93W

သြဂုတ်လ ၁၂ ရက် မြန်မာစံတော်ချိန် ၀၀၃၀ နာရီတွင် ရရှိသည့် NRL data များအရ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော် အရှေ့ဘက် ၈၂၅ မိုင်ခန့်တွင် ဇူလိုင်လ ၂၂ ရက်နေ့က စတင်၍ဖြစ်ပေါ်နေခဲ့ သည့် လေဖိအားနည်းဆဲလ် LPC-93W သည် ပိုမို၍ အားကောင်းလာနေပြီး၊ အနောက်ဘက် (ဖိလစ်ပိုင်နိုင်ငံဘက်သို့) ရွေ့လျားလျှက်ရှိပါသည်။ ယင်း လေဖိအားနည်းဆဲလ်သည် ဆက်လက် အားကောင်းလာကာ လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းဖြစ်လာနိုင်ခြေ MEDIUM အဆင့် သတ်မှတ်ထားကြောင်း JTWC ထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါသည်။

93W
11 Aug 2012 1800Z
Location: 16.2 133.3
Winds: 20 knots
Central Pressure: 1006 hPa

 ဇူလိုင်လ ၂၂ ရက်နေ့တွင် Palau ကျွန်း အရှေ့ဘက်မှ စတင်ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းဆဲလ် 93W ရွေ့လျားရာ လမ်းကြောင်းပြပုံ
 
 
 
 ref:mmweatherblog
 
 

No comments:

Post a Comment