Sunday 12 August 2012

ရင်းနှီးမြှုပ်နှံမှုဥပဒေကို လွှတ်တော်၌ နောက်အပတ်တွင်ဆွေးနွေးတော့မည်

မျှော်တလင့်လင့် စိတ်ဝင်တစား စောင့်ဆိုင်းနေကြသော နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေကို လွှတ်တော် တွင် နောက်အပတ်၌ ဆွေးနွေးကြ တော့မည် ဖြစ်ပြီး၊ သမ္မတက ယခုလအတွင်း လက်မှတ်ရေးဖွယ်ရှိ သည်ဟု ဥပဒေပြုလုပ်ငန်းစဉ်နှင့် နီးစပ်သူများက သောကြာနေ့တွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ မတ်လက အာဏာရလာသော အရပ်ဖက်တစ်ပိုင်းအစိုးရက နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို တသီတတန်း ပြုလုပ်ပြခြင်းကြောင့်၊ အနောက်နိုင်ငံများကလည်း ယခင်တပ်မတော်အစိုးရအား ဒဏ်ခတ်ထားသည့် sanctions များကို တုန့်ပြန်ဖြေလျှော့   ပေးခဲ့ကြသည်။ နိုင်ငံခြား ကုမ္ပဏီများစွာကလည်း မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာကောင်းကို ဖမ်းဆုပ်ရန် တန်းစီနေကြပြီး၊ ရင်းနှီးမြှပ်နှံမှု ဥပဒေကြေညာခြင်းကို စောင့်ဆိုင်း နေကြသည်။

ရိုက်တာက သောကြာနေ့တွင် တွေ့မြင်ခဲ့ရသော နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေမူကြမ်း နောက်ဆုံး ဗားရှင်းတွင် ယခုနှစ်အစောပိုင်းက ကျင့်သုံးနေ သော စည်းကမ်းများကို အပြောင်းအလဲ တစ်ချို့ ပြုလုပ်ထားသည်။ ယင်းဥပဒေမူကြမ်းသည် လွှတ်တော်သို့ တင်သွင်းမည့် နောက်ဆုံး ဗားရှင်းဖြစ်ကြောင်း မ သေချာသေးပါ။ ထို့အပြင် လွှတ်တော်၌ဆွေးနွေးစဉ် နောက်ထပ်အပြောင်းအလဲများ ရှိနိုင်သေးသည်။

ဥပဒေ အပိုဒ်ခွဲတစ်ခု၌ ပြည်တွင်းဒေသခံ စီးပွားရေးသမားများ လုပ်ကိုင်နေသော အသေးစားနှင့် အလတ်စား လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူ ရေးလုပ်ငန်းများ၊ လက်လီအရောင်းဆိုင်နှင့် အသေးစား၊ အလတ်စား ဝန်ဆောင်မှု လုပ်ငန်းများတွင် နိုင်ငံခြားကုမ္ပဏီများ ရင်းနှီးမြှပ်နှံခြင်းကို တားမြစ်ထား သည်။ ပြည်တွင်းကုမ္ပဏီ အချို့ကလည်း နိုင်ငံခြားကုမ္ပဏီကြီးများကို ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးပါ ဟု စောဒကတက်ထားကြသည်။

အခြားအပိုဒ်ခွဲတစ်ခုတွင် ပြည်တွင်းလုပ်ငန်းရှင်များ လက်လှမ်းမမှီသော နည်းပညာဖြင့် ဟိုင်းတက်လုပ်ငန်းများ၌သာ ၁၀၀ ရာခိုင်နှုန်း နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုထားသည်။

နိုင်ငံခြား ရင်းနှီးမြှပ်နှံသူများ အနေဖြင့် ကနဦးနှစ် ၅၀ မြေငှားရမ်းခွင့်ရရှိမည်ဖြစ်ပြီး လုပ်ငန်းသဘာဝနှင့် ရင်းနှီးမြှပ်နှံမှု ပမာဏအလိုက် ၁၀နှစ်ကို နှစ်ကြိမ် သက်တမ်းတိုးနိုင်သည် ဟုဆိုသည်။ ယခင်ဥပဒေတွင် ကနဦးနှစ်၃၀ ငှားရမ်းခွင့်နှင့် ၁၅နှစ်နှစ်ကြိမ် သက်တမ်းတိုးခွင့် ပေးထားသည်။

ထို့အပြင် ဥပဒေမူသစ်တွင် ဝေးလံခက်ခဲ၍ မဖွံ့ဖြိုးသောဒေသများ၌ လုပ်ကိုင်လိုသည့် နိုင်ငံခြား ရင်းနှီးမြှပ်နှံသူများအား ခြွင်းချက်အနေဖြင့် အာဏာပိုင်များက နှစ်ရှည်ငှားရမ်းပေးခြင်းကို ခွင့်ပြုထားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် လုပ်ငန်းစတင်လည်ပတ်သည့်နေမှစ၍ ၅နှစ် အခွန်သက်သာခွင့် ရရှိမည်ဖြစ်ပြီး နိုင်ငံအတွက် တစ်စုံတစ်ရာ အကျိုးရှိပါက ထပ်မံသက်တမ်းတိုးနိုင်သည်

No comments:

Post a Comment