Sunday 12 August 2012

နီပါးဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်နိုင်မည့် ကာကွယ်ဆေးတစ်မျိုး အမေရိကန်သိပ္ပံပညာရှင်များ ထုတ်လုပ်

အမေရိကန်သိပ္ပံပညာရှင်များသည်လူကိုသေစေနိုင်လောက်သောနီပါးဗိုင်းရပ်စ်ပိုးကူးစက်မှုကို ထိရောက် စွာ ကာကွယ်နိုင်မည့်ကာကွယ်ဆေးတစ်မျိုးကိုထုတ်လုပ်ရန်ကြိုးပမ်းလျက်ရှိရာ ယခုအခါ အောင်မြင်မှုရရှိရန် နီးစပ်လာပြီ ဖြစ်ကြောင်း သြဂုတ် ၈ ရက်က ဆေးဝါးသိပ္ပံဆိုင်ရာ ဂျာနယ်တစ်စောင်   ၌ ဖော်ပြထားသည်။
အဆိုပါကာကွယ်ဆေးသည်ကြာင်များကိုနီပါးဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကာကွယ်ပေးနိုင် သည့်အပြင်  မြွေ ပါက တိုးဖြူများနှင့် မြင်းများကိုလည်း ဟန်ဒရာဗိုင်း ရပ်စ်ပိုးကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း သိပ္ပံပညာ ရှင်များ က တွေ့ရှိခဲ့ကြသည်။ ယင်းတွေ့ရှိချက်များသည် နီပါးဗိုင်းရပ်စ် (သို့မဟုတ်) ဟန်ဒရာဗိုင်း ရပ်စ်ပိုးလူသားများထံကူးစက်ပျံ့နှံ့မှုကိုကာကွယ်နိုင်မည့်အကောင်းဆုံးနှင့်အသင့်လျော်ဆုံးကုသမှုကို တွေ့ရှိခြင်း
 ဖြစ်ကြောင်း အဏုဇီဝဗေဒပညာရှင်တစ် ဦးဖြစ်သူ ပါမောက္ခ ခရစ္စတိုဖာ ဘရိုဒါက ပြောကြား သည်။

ယခုအချိန်တွင် သိပ္ပံပညာရှင်များသည် ၎င်းကာကွယ်ဆေးနှင့်ပတ်သက် ၍ပိုမိုပြည့်စုံသည့် အချက်အလက်များ ကို စုဆောင်းရှာဖွေလျက်ရှိပြီး လိုအပ်သည့် အချက်အလက်များရရှိပါက ယင်းအချက် အလက်များ ကို လူသား များအားကုသရာတွင် အသုံးပြုနိုင်ခွင့် ရရေးအတွက် အမေရိကန်ပြည်ထောင်စုရှိ အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲမှု ဌာနသို့တင်ပြရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင်အဆိုပါကာကွယ်ဆေးကိုဟန်ဒရာဗိုင်းရပ်စ်ပိုးကူးစက်ခင်းမှကာကွယ်ပေးသည့် ကာကွယ်  ဆေး အဖြစ် မြင်းများအတွက် ရည်ရွယ်၍ သြစတြေးလျနိုင်ငံ၌ ထုတ်လုပ်လျက် ရှိကြောင်းသိရ
သ ည်။
နီပါးဗိုင်းရပ်စ်ပိုးနှင့် ဟန်ဒရာဗိုင်းရပ်စ်ပိုး နှစ်မျိုးစလုံးသည် လူသားများကို သေဆုံးနိုင်လောက်အောင် အန္တရာယ်ဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးများဖြစ်ပြီး နီပါးဗိုင်း ရပ်စ်ကြောင့် ထိခိုက်သေဆုံးရသူမှာ ၇၅ ရာခိုင်နှုန်းကျော်ရှိ၍ ဟန်ဒရာဗိုင်းရပ်စ်ကြောင့် ထိခိုက်သေကျေရသူများမှာ ၆ဝ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ ၎င်းဗိုင်းရပ်စ်ပိုးနှစ်မျိုးစလုံးသည် အဆုတ်နှင့် ဦးနှောက်ကို အဓိကထား ကူးစက်ပျံ့နှံ့ ကြောင်း သိရသည်။

No comments:

Post a Comment