Sunday 12 August 2012

“မိတ်ဆွေယုတ်မှန်းသိရန် အကြောင်း ၄-ပါး”




ဝေးစွာ ရှောင်ကြဉ်သင့်သော မိတ်ဆွေယုတ် ၄-ယောက်


၁။ အကြင် မိတ်ဆွေသည် စင်စစ် ယူသာ ယူတတ်၏၊
၂။ အကြင် မိတ်ဆွေသည် နှုတ်ဖြင့်သာလျှင် ပေးတတ်၏၊

၃။ အကြင် မိတ်ဆွေသည် အကြိုက်ကိုသာ လိုက်၍ ပြောဆိုတတ်၏၊
၎။ အကြင် မိတ်ဆွေသည် ပျက်စီးကြောင်း၌ အပေါင်းအဖေါ် ဖြစ်၏။

မိတ်ဆွေစစ် မဟုတ်သော ဤလေးယောက်တို့ကို ပညာရှိသည် ဤသို့ ဆိုခဲ့တိုင်းသိ၍
ဘေးရန်ရှိသော ခရီးကို ဝေးစွာ ရှောင်ကြဉ်သကဲ့သို့ ဝေးစွာ ရှောင်ကြဉ်ရာ၏။

(သင်္ဂါလသုတ်၊ ပါထိက၀ဂ်၊ ဒီဃနိကာယ်။)

No comments:

Post a Comment