Sunday 12 August 2012

အီရန် ငလျင် သေဆုံးသူ ၃၀၀ ကျော်

အီရန်နိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်မှာ ၃၀၀ အထိ ရှိလာနိုင်ပြီး ဒဏ်ရာရရှိသူ ၂၆၀၀ ရှိကြောင်း The Guardian က ပြောကြားသည်။ 
 အီရန်နိုင်ငံမြောက်ပိုင်း အေဟာမြို့အနီးတွင် ဒေသစံတော်ချိန် သြဂုတ် ၁၁ ရက် ညနေ ၄း၅၃ နာရီက Magnitude 6.4 နှင့် Ma gnitude 6.3 အဆင့်ရှိ အင်အားပြင်းငလျင်နှစ်ခု လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ငလျင်လှုပ်ခတ်ရာ ဒေသရှိ ကျေးရွာပေါင်း ၆၀ မှာ အကြီးအကျယ် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
 ref:planet

No comments:

Post a Comment