Sunday 12 August 2012

ကမ္ဘာ့အံဖွယ် အသေးငယ်ဆုံး ခွေးကလေး

ယော့ခ်ရှိုင်းယားပြည်နယ်မှ အသေးငယ်ဆုံး လူစီအမည်ရှိ ခွေးကလေးမှာ အလျား ၆ လက်မ၊ အမြင့် ၅ ဒသမ ၇ လက်မသာရှိပြီး အလေးချိန် ၂ ဒသမ ၅ ပေါင်သာရှိသည်။ 
သူမသည် အရွယ်အစားငယ်လွန်းသော်လည်း အလွန်ကြီးမားသည့် အသည်းနှလုံးနှင့် ချစ်ခြင်း မေတ္တာများ ကို ပိုင်ဆိုင်ထားကြောင်း သိရသည်။ လူစီနှင့်သူမ၏ ပိုင်ရှင်တို့သည် အားလပ်ချိန်များတွင် ဘိုးဘွား ရိပ်သာများနှင့် ဆေးရုံများသို့သွားရောက်လည်ပတ်ကာ ၄င်းတို့၏ နာကျင်မှုနှင့် ဝေဒနာများအား သက်သာစေရန်အလို့ငှာ ဆောင်ရွက်ပေးလေ့ ရှိကြသည်။

1 comment:

  1. သူ့အမေကောသေးသေးလေးလား........

    ReplyDelete