Sunday 12 August 2012

အီဂျစ်သမ္မတသစ် မိုဟာမက် မော်စီ ကာကွယ်ရေးဝန်ကြီးနှင့် စစ်တပ်အကြီးအကဲ မိုဟာမက် တန်တဝီအား ရာထူးမှအနားယူရန် ညွှန်ကြား

အီဂျစ်သမ္မတသစ် မိုဟာမက် မော်စီသည် ကာကွယ်ရေးဝန်ကြီးနှင့် စစ်တပ်အကြီးအကဲ မိုဟာမက် တန်တဝီအား ရာထူးမှအနားယူရန် ညွှန်ကြားလိုက်ကြောင်း CNN သတင်းက ပြောကြားသည်။ 
ထို့အတူ သမ္မတမော်စီက အခြေခံဥပဒေတွင် ပါဝင်သည့် စစ်တပ်အနေဖြင့် အာဏာထိန်းချုပ်မှုကို အားပေးခွင့်ပြုထားသော ပြဌာန်းချက်များကိုလည်း ပယ်ဖျက်လိုက်ကြောင်း သိရှိရသည်။
ပုံတွင် သမ္မတမော်စီ(အလယ်)၏ ဘယ်ဖက်တွင်ရှိနေသူမှာ ကာကွယ်ရေးဝန်ကြီးနှင့် စစ်တပ်အကြီးအကဲ တန်တဝီဖြစ်သည်။ သမ္မတမော်စီ၏ ယခုဆောင်ရွက်ချက်များကြောင့် စစ်တပ်နှင့် အစိုးအဖွဲ့ကြား အားပြိုင်မှုများ ပေါ်ပေါက်လာဖွယ်ရှိကြောင်း သုံးသပ်ကြသည်။
ref :planet

No comments:

Post a Comment