Friday, 18 December 2015

မန္တလေးမြို့ပေါ်ရှိ ဘဏ်များလုံခြုံရေး Police Commad Centre နှင့် ချိတ်ဆက်စောင့်ကြည့်နိုင်

မန္တလေးမြို့ပေါ်ရှိ ဘဏ်များလုံခြုံရေးကို ၂၄ နာရီ စောင့်ကြည့်နိုင်ရန် CCTV ကင်မ ရာများတပ်ဆင်၍ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ Police Commad Centre မှ ချိတ်ဆက် စောင့်ကြည့်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့တွင် လုံခြုံရေး၊ မှုခင်းဖြစ်ပွားမှု လျှော့ချနိုင်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တို့ကို အရေးယူဆောင်ရွက်နိုင်ရေး နိုဝင်ဘာ တတိယပတ်ခန့်မှစတင် ၍ CCTV ကင်မရာအလုံး ၄၀ ခန့် တပ်ဆင်ပြီးစောင့်ကြည့်အရေးယူ နေပြီဖြစ်သည်။

ယခုနှစ်အတွင်း ကမ္ဘာတလွှားတွင် ရွှေ့ပြောင်းဒုက္ခသည် သန်း ၆၀ ကျော်ထိ ရှိလာ

ဂရိနှင့် မက်စီဒိုးနီးယား နယ်နိမိတ်အနီးတွင် တွေ့ရှိရသည့် ဆီးရီးယား ဒုက္ခသည်များ။
ကမ္ဘာတလွှားမှ ဒုက္ခသည်နှင့် ရွှေ့ပြောင်းဒုက္ခသည်ဦးရေသည် ယခုနှစ်တွင် စံချိန်တင် ပမာဏအဖြစ် သန်း ၆၀ ကျော်မျှထိ မြင့်တက်လာကြောင်း သိရသည်။
ဆီးရီးယား ပြည်တွင်းစစ်နှင့် အခြားသော ပဋိပက္ခ အရှုပ်အထွေးများက ဒုက္ခသည်နှင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းရသူ အရေအတွက် သိသိသာသာ မြင့်တက်လာစေသည့် အဓိက အကြောင်းရင်းအဖြစ် ကုလသမဂ္ဂက ဆိုသည်။

အွန်လိုင်းဝန်ဆောင်မှုများအတွက် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းအချို့ Alibaba ကုမ္ပဏီနှင့်ပူးပေါင်း

ကမ္ဘာ့အကြီးဆုံး အွန် လိုင်းအရောင်းအ၀ယ် ၀က်ဘ် ဆိုက်များထဲမှ တစ်ခုဖြစ်သည့် Alibaba.com ကုမ္ပဏီသည် Infinity Global Solution ကုမ္ပဏီ နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံရှိစီးပွား ရေးလုပ်ငန်းများ၊ ၎င်းတို့၏ ထုတ် ကုန်များကို နိုင်ငံတကာနှင့် ပြည် တွင်းဈေးကွက်တွင် အွန်လိုင်းပေါ် မှ ရောင်းချပေးနိုင်ရန် ၀န်ဆောင် မှုပေးမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်သည်။

‘‘Alibaba ရဲ့ဝန်ဆောင်မှု အားလုံးကို ပြည်တွင်းက လုပ်ငန်း တွေနဲ့ ၀ယ်ယူသူတွေ အသုံးပြုနိုင် ဖို့အတွက် လိုအပ်တဲ့ သင်ကြားမှု တွေနဲ့ လမ်းညွှန်မှုတွေကို ပြုလုပ် ပေးသွားမှာဖြစ်ပါတယ်။ ဥပမာ Alibaba.com မှာ Gold Supplier အဖွဲ့ဝင်ရင် ဘယ်လိုလုပ်မလဲ၊ အဲဒီက ဘာတွေအကျိုးကျေးဇူးရနိုင် လဲဆိုတာတွေပေါ့’’ဟု Infinity Global Solution ကုမ္ပဏီမန်နေ ဂျင်းဒါရိုက်တာ ဦးဖြိုးဝေသောင်း စိန်ကပြောသည်။

စင်မြင့်ထက်ချော်လဲပေမယ့် ဟန်မပျက်ဆက်လျှောက်ခဲ့တဲ့ မေဘရဏီသော်ကို ပြည်တွင်းပြည်ပပရိသတ်များ ချီးကျူး

မယ်စကြ၀ဠာ ၂၀၁၅ အကြိုပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် မေဘရဏီသော်သည် ညနေခင်းဝတ်စုံဖြင့် ယှဉ်ပြိုင်ရာတွင် ခြေချော်လဲကျခဲ့သော်လည်း ပြိုင်ပွဲ၌ ဟန်မပျက်ဆက်လျှောက်ခဲ့သောကြောင့် ပရိသတ်များက ချီးကျူးခဲ့ကြသည်။

ယင်းယှဉ်ပြိုင်မှုအစီအစဉ် ကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီခွဲတွင် အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်မြို့၌ ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီးမယ်စကြ၀ဠာ ၂၀၁၅ အလှမယ်များက ပြိုင်ပွဲဝင်ဝတ်စုံသုံးစုံဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

ဝန်ထမ်းတစ်ဦး အင်ဂျင်ထဲညပ်ပြီး သေဆုံးမှုအတွက် အိန္ဒိယလေကြောင်းလိုင်း လေယာဉ်မှူးများကို ပျံသန်းခွင့် ဆိုင်းငံ့

စက်မှုဆိုင်ရာ ဝန်ထမ်းတစ်ဦး လေယာဉ်အင်ဂျင်ထဲ ညပ်ပြီး သေဆုံးခဲ့မှုအတွက် အဆိုပါ လေယာဉ်မှ လေယာဉ်မှူးနှင့် တွဲဖက် လေယာဉ်မှူးတို့ကို အိန္ဒိယလေကြောင်းလိုင်းက ပျံသန်းခွင့် ဆိုင်းငံ့ထားလိုက်ကြောင်း သိရှိရသည်။
မွမ်ဘိုင်းတွင် အိန္ဒိယလေကြောင်းလိုင်း၏ ခရီးစဉ်အမှတ် AI619 လေယာဉ်ရပ်နားထားစဉ် ဒီဇင်ဘာ ၁၆ ရက်က လေယာဉ်ကို ရုတ်တရက် စက်နှိုးလိုက်ခြင်းကြောင့် အနီးရှိ ဝန်ထမ်းကို လေယာဉ်အင်ဂျင်က စုပ်ယူသွားပြီး ဝန်ထမ်း သေဆုံးသွားခြင်း ဖြစ်သည်။

အသက်လေးဆယ်ကျော် အမျိုးသမီးတွေ စတိုင်ကျစေဖို့

အသက်အရွယ်ကြီးလာလေလေ စတိုင်ကျဖို့အတွက် အခွင့်အရေးနည်းသွားလေလို့တွေး နေသူတွေအတွက် ငယ်ရွယ်နုပျို ပြီး အမိုက်စားပုံလေးဖြစ်အောင် ပြင်ဆင်လို့ရတယ်ဆိုတာ သိထားရအောင် အကြံပြုချင်ပါတယ်။ရောင်စုံလည်ဆွဲများအသုံးပြုခြင်း - အသက်အရွယ်ရလာရင် အသားအရေ မွဲခြောက်လာ တတ်တာ ကြောင့် မျက်နှာတစ် ဝိုက်အရောင်ဟပ်ပြီး လင်းထင်း နေစေဖို့ လည်ဆွဲလေးတွေနဲ့ စတိုင်ထုတ်နိုင်ပါတယ်။

ဓားဘုရင်၏ စက္ကူပေါ်ကအနုပညာ

ပုံအကတ်လိုက်ထဲမှ မိမိလို ချင်သောရုပ်ပုံလေးတစ်ခု ချော ချောမောမောထွက်လာစေရန် ဓား၊ ကတ်ကြေး စသည်တို့ကို အသုံးပြု၍ မည်မျှအားထုတ်ရ ကြောင်း လုပ်ဖူးကြသူတိုင်း သိပါ လိမ့်မည်။ မလိုအပ်သည့်ဘေး သားစက္ကူများကို ခက်ခက်ခဲခဲ ညှပ်ထုတ်ပစ်ရသည်။ တစ်ခါတစ် ရံများ လက်လွန်ပြီး ကိုယ်လိုချင် သည့် ရုပ်ပုံအသားကို ညှပ်မိလှီးမိ လျှင်တော့ တောက်တခေါက် ခေါက်ဖြင့် စိတ်ပင်ပန်းစွာခံစားမှုရပြန်သည်။

ကလေးငယ်တစ်ယောက် မဆွဲတတ်ဆွဲတတ် ဆွဲထားသောနေဝင်ချိန်ပန်းချီကားက ဒီနိုင်ငံတွင် ပြခန်းအတွင်းသို့ရောက်သွား နိုင်သောအခွင့်အရေးရှိပါသည်။ သို့သော် ရုပ်ပုံစက္ကူထိုင်ညှပ်နေ သည့် ကလေးကတော့ အမှိုက်ဖွသည်၊ ဖျက်လိုဖျက်ဆီးလုပ်သည်ဟူ၍ ခေါင်းခေါက်ခံထိမှာတော့ကျိန်းသေပင်။ သို့သော် ကမ္ဘာ၏တစ်ဖက်ခြမ်းတွင်တော့ ထိုစာ ရွက်ညှပ်သည့် အလုပ်က ဒေါ်လာ သန်းနှင့်ချီဝင်ငွေရှိသော လွန်စွာ လက်ဝင်လှသည့်အနုပညာအဖြစ်ခေတ်စား၍နေသည်။ ထိုအရာကို Paper Art စာရွက်ညှပ်ခြင်းအနုပညာဟုခေါ်သည်။

အပစ်ရပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဒီချုပ်နှင့် ကော်မတီဖွဲ့စည်းမည်

ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ပူးပေါင်းဆောင်ရွက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့ ကော်မတီတစ်ရပ်ဖွဲ့စည်း မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ဒီဇင်ဘာ ၁၇ ရက်က နေ ပြည်တော်ပြည်သူ့လွှတ်တော်တ ရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီရုံးခန်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးသဘောတူညီစာချုပ် (NCA)တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တွေ့ဆုံခဲ့သည်။

ဝန်ကြီးဌာနများ ပူးပေါင်းမည်ဖြစ်သော်လည်း ၀န်ထမ်းများကို မဖြုတ်ဟု ဒေါ်အောင်ဆန်း စုကြည်ပြော

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၁၇ ရက်က လွှတ်တော်အတွင်း တွေ့ရစဉ် (ဓာတ်ပုံ− NLD Chairperson)
အစိုးရအဖွဲ့သစ် တွင် ၀န်ကြီးဌာနအချို့ ပူးပေါင်း မည်ဖြစ်သော်လည်း ၀န်ထမ်းများ ကို ဖြုတ်ထုတ်သတ်လမ်းစဉ် ကျင့်သုံးမည် မဟုတ်ကြောင်း ရွေး ကောက်ပွဲ အနိုင်ရပါတီ ခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ရာသီဥတုဖောက်ပြန်သဖြင့် ပြင်ဦးလွင်ပန်းပွဲတော်တွင် ထိုင်းနှင့်တရုတ်မှ ပန်းမျိုးစိတ် ၆၀ခန့် မှာယူအသုံးပြုခဲ့ရ


အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် ပြသထားသော ပန်းများ (ဓာတ်ပုံ-ချမ်းဇော်အောင်)
ယခုနှစ် ပြင်ဦးလွင်ပန်းပွဲတော်တွင် ပန်းအစစ်များဖြင့် ပြသရန် စီစဉ်ခဲ့သော်လည်း ရာသီဥတုဖောက်ပြန်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သဖြင့် တရုတ်နှင့်ထိုင်းနိုင်ငံမှ ပန်းမျိုးစိတ် ၆၀ခန့်မှာယူကာ အပင်အရေ အတွက် တစ်သိန်းလေးသောင်း ကျော်အသုံးပြုပြသထားကြောင်း ပြင်ဦးလွင်ပန်းပွဲတော်စီစဉ်သူမှ သတင်းရရှိသည်။

တံတားဦးလေဆိပ်နှင့် မန္တလေးမြို့တွင်းသို့ မီနီဘတ်စ်များ စတင်ပြေးဆွဲ

မန္တလေးတံတားဦးအ ပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးမြို့တွင်းသို့ ဒီဇင်ဘာ ၁၆ ရက်မှ စတင်ကာ မီနီဘတ်စ်များ ပြေးဆွဲနေကြောင်း သတင်းရရှိ သည်။

Thursday, 17 December 2015

စည်းမျဉ်းသစ်က မြန်မာကစားသမားကောင်းများမွေးထုတ်ရေး အလုပ်ဖြစ်မလား

၂၀၁၆ ဇန်န၀ါရီ ၉ ရက်တွင် စတင်ကျင်းပတော့မည့် မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲ၌
ပြည်တွင်းဘောလုံးသမားများ နေရာပိုမိုရရှိရန် ရည်ရွယ်ပြီးပြိုင်ပွဲအတွင်း နိုင်ငံခြားကစားသမားပွဲထွက်အသုံးပြမှုအပေါ် ကန့်သတ်သည့်စည်းမျဉ်းသစ်ကို မြန်မာနေရှင်နယ်လိဂ်ကော်မတီက အစည်းအဝေး၌ အတည်ပြု ဆုံးဖြတ်ခဲ့ပြီဖြစ်သည်။
အတည်ပြုလိုက်သည့် စည်းမျဉ်းသစ်မှာနေရှင်နယ်လိဂ် ကလပ်အသင်းများက ကစားသမားခေါ်ယူရာတွင် (၃+၁) စနစ်ဖြင့် နိုင်ငံခြားသားသုံးဦးနှင့် အာရှကစားသမားတစ်ဦး၊ ကစားသမားခေါ်ယူခွင့် လေးဦးခွင့်ပြုခဲ့သော်လည်း ကွင်းအတွင်း၌ သုံးဦးသာ ကစားခွင့်ပြုမည့် စည်းမျဉ်းဖြစ်သည်။ အခြားနိုင်ငံခြားကစားသမားတစ်ဦးကို ထပ်မံအသုံးပြုလိုပါကကွင်းအတွင်းရှိ နိုင်ငံခြားကစားသမားတစ်ဦးနှင့် လဲလှယ်ရမည်ဖြစ်သည်။

ကားတင်သွင်းခွင့်ပြုသောပုံစံများ နှစ်သစ်တွင် စတင်ပြောင်းလဲမည်

 
၂၀၁၆ ဇန်န၀ါရီ ၁ ရက်ကစ၍ ကား တင်သွင်းခွင့်မူဝါဒသစ်ကြောင့် ကားတင်သွင်းမှု ပုံစံ ပြောင်းလဲရမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။
ယခင် ကားတင်သွင်းခွင့် လိုင်စင်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနတွင် လျှောက်ထားပြီးမှ ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနသို့ သွားရသော်လည်း ပုံစံသစ်မှာ ကားတင်သွင်းခွင့်ကို ကညနမှစ တင် လျှောက်ထားရမည်ဖြစ်ကြောင်း ကုန်း လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပြန် ကြားရေးတာဝန်ခံ ဦးလျန်ကျင့်မန်က ပြော သည်။

အမေရိကန်စစ်လက်နက် ဒေါ်လာ ၁.၈၃ ဘီလီယံဖိုး တိုင်ဝမ်ကို ရောင်းမည်

အမေရိကန်နိုင်ငံခြားရေးဌာနကနေ တိုင်ဝမ်ကို ဒေါ်လာ ၁ ဒဿမ ၈၃ ဘီလီယံ တန်ဖိုးရှိတဲ့ လက်နက်တွေ ရောင်းချမယ့် အစီအစဉ်ကို လွှတ်တော်ကို တရားဝင် အကြောင်းကြားခဲ့ပါတယ်။

ရွေးကောက်ပွဲရလဒ်ကြောင့် ချင်းပြည်နယ်ကိုယ်စားပြု နိုင်ငံရေးပါတီ၁၂ပါတီ ပူးပေါင်းရန်ဆွေးနွေးမည်

၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် ချင်းတိုင်းရင်းသားကိုယ် စားပြုနိုင်ငံရေး ပါတီများ မဲဆန္ဒနယ်အနည်းငယ်သာအနိုင်ရရှိ ခဲ့သောကြောင့် ချင်းပြည်နယ် အခြေစိုက်နိုင်ငံရေးပါတီ ၁၂ခု ပူးပေါင်းရန်ဆွေးနွေးမည်ဖြစ်ကြောင်း ချင်းအမျိုး သားတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌနိုထန်ကပ်က The Voice သို့ပြောကြားသည်။

RCSS/SSA နှင့် PSLF/TNLA တိုက်ပွဲထပ်မံဖြစ်ပွား

ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ ရှမ်းပြည်တပ်မတော် တောင်ပိုင်း(RCSS/SSA)နှင့်ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)တို့ တွေ့ဆုံဆွေးနွေးခဲ့ ပြီး တစ်ရက်အကြာ ဒီဇင်ဘာ ၁၆ ရက်တွင် RCSS/SSA နှင့် ပလောင်ပြည်နယ်လွတ်မြောက် ရေးတပ်ဦး (PSLF/TNLA)တို့ကြား တိုက်ပွဲများဆက်လက်ဖြစ် ပွားခဲ့ကြောင်း သတင်းရရှိသည်။

မတော်တဆလဲကျရာမှ လိင်ဆက်ဆံမိလျှက်သားဖြစ်ရသည်ဟူသော လျှောက်လဲချက်ဖြင့် ဆော်ဒီသန်းကြွယ်သူဌေး မုဒိမ်းမှုစွဲချက်မှ လွတ်မြောက်

ထူးဆန်း အံသြဖွယ်ရာပါပဲ။ ဆော်ဒီသန်းကြွယ်သူဌေး တစ်ယောက်ဟာ ချော်လဲရာက ၁၈နှစ်အရွယ် ကောင်မလေးတစ်ယောက်ကို မတော်တဆ လိင်ဆက်ဆံ မိလျှက်သား (penetrated)ဖြစ်သွားတယ်လို့ ရုံးတော်မှာ လျှောက်လဲလိုက်တော့ ဆယ်ကျော်သက်မုဒိမ်းမှု စွဲချက်ကနေ လွတ်မြောက်သွားခဲ့ပါသတဲ့။

ခင်ပွန်းကို မုဒိမ်းမှုဖြင့် တိုင်ကြားသော အမျိုးသမီး အိမ်ထောင်ရေးဖောက်ပြန် နေစဉ် ဖမ်းဆီး

မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာတွင် ဒီဇင်ဘာလ ၁၅ ရက် နံနက် ၁ နာရီက ခင်ပွန်းကို မုဒိမ်းမှုဖြင့် တိုင်ကြားခဲ့သော အသက် ၂၄ နှစ် အရွယ် အမျိုးသမီးကို ၎င်း၏ နေအိမ်တွင် အမျိုးသား တစ်ဦးနှင့်အတူ အိမ်ထောင်ရေး ဖောက်ပြန်နေစဉ် ရပ်ကွက်နေသူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း မင်္ဂလာဒုံ မြို့မ ရဲစခန်းထံမှ သိရှိရသည်။

အာဏာလွှဲပြောင်းရေးအစည်းအဝေး တစ်ပတ်သုံးကြိမ်ပြုလုပ်ရန် သဘောတူ

ရွေးကောက်ပွဲအနိုင်ရ ဒီချုပ်ပါတီ၏ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အပါအဝင် တာဝန်ရှိသူများနှင့် လက်ရှိအစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ ဒီဇင်ဘာ ၁၆ ရက်တွင် ပထမဆုံးအကြိမ် အာဏာလွှဲပြောင်းရေး ဆွေးနွေးနေစဉ် (ဓာတ်ပုံ − ဦးရဲထွဋ် ဖေ့စ်ဘွတ်ခ်)
နိုင်ငံတော်အကြီးအကဲ တာဝန်နှင့် အစိုးရတာဝန်လွှဲပြောင်းရေးဆိုင်ရာ အစည်း အဝေးကို တစ်ပတ်လျှင် အနည်းဆုံး သုံးကြိမ်ပြု လုပ်ရန် အစိုးရ ကိုယ်စားလှယ် အ ဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ၏ အသွင်ကူးပြောင်း ရေး ကော်မတီတို့ ဒီဇင်ဘာ ၁၆ ရက်၌ ပြုလုပ်သော ပထမဆုံး အကြိမ်တွေ့ဆုံမှုတွင် သဘော တူညီခဲ့သည်။

Wednesday, 16 December 2015

ကျောက်စိမ်းပိုတူးနေသည်ဆိုပြီး မြေသယ်ကားများ ကျောက်စိမ်းလုပ်ကွက်ထဲ မသွားနိုင်ရန် ဒေသခံများ လမ်းပိတ်ထား

ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်များအနီးတွင် ဒီဇင်ဘာ ၇ ရက်က တွေ့ရှိရသည့် မြေစာသယ်ကားများ (ဓာတ်ပုံ − မရန်)
အစိုးရ၏လက်ကျန်သက်တမ်းအတွင်း ဖားကန့်ဒေသ၌ ကျောက်စိမ်းတူးဖော်မှုများ ပိုမိုပြုလုပ် နေသည်ဟုဆိုကာ ကုမ္ပဏီပိုင်မြေစာသယ်ကားများ ကျောက်စိမ်းလုပ်ကွက်များသို့ သွားသည့်လမ်းများကို ဒေသခံများက ပိတ်ထားကြောင်း သတင်းရရှိသည်။