Friday 18 December 2015

အွန်လိုင်းဝန်ဆောင်မှုများအတွက် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းအချို့ Alibaba ကုမ္ပဏီနှင့်ပူးပေါင်း

ကမ္ဘာ့အကြီးဆုံး အွန် လိုင်းအရောင်းအ၀ယ် ၀က်ဘ် ဆိုက်များထဲမှ တစ်ခုဖြစ်သည့် Alibaba.com ကုမ္ပဏီသည် Infinity Global Solution ကုမ္ပဏီ နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံရှိစီးပွား ရေးလုပ်ငန်းများ၊ ၎င်းတို့၏ ထုတ် ကုန်များကို နိုင်ငံတကာနှင့် ပြည် တွင်းဈေးကွက်တွင် အွန်လိုင်းပေါ် မှ ရောင်းချပေးနိုင်ရန် ၀န်ဆောင် မှုပေးမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်သည်။

‘‘Alibaba ရဲ့ဝန်ဆောင်မှု အားလုံးကို ပြည်တွင်းက လုပ်ငန်း တွေနဲ့ ၀ယ်ယူသူတွေ အသုံးပြုနိုင် ဖို့အတွက် လိုအပ်တဲ့ သင်ကြားမှု တွေနဲ့ လမ်းညွှန်မှုတွေကို ပြုလုပ် ပေးသွားမှာဖြစ်ပါတယ်။ ဥပမာ Alibaba.com မှာ Gold Supplier အဖွဲ့ဝင်ရင် ဘယ်လိုလုပ်မလဲ၊ အဲဒီက ဘာတွေအကျိုးကျေးဇူးရနိုင် လဲဆိုတာတွေပေါ့’’ဟု Infinity Global Solution ကုမ္ပဏီမန်နေ ဂျင်းဒါရိုက်တာ ဦးဖြိုးဝေသောင်း စိန်ကပြောသည်။

Infinity Global Solution ကုမ္ပဏီသည် ၂၀၁၅ နိုဝင်ဘာ လ လယ်ခန့်တွင် Alibaba.com အွန် လိုင်းအရောင်းအ၀ယ်ဝန်ဆောင် မှုကုမ္ပဏီဖြင့် မြန်မာနိုင်ငံအတွက် ၀န်ဆောင်မှုအားလုံးကို ကိုယ်စား လှယ်အနေဖြင့် ဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့ပြီး ဒီဇင်ဘာ လဆန်းပိုင်း၌ ၀န်ဆောင်မှုများ စတင်၍ ပေးနေပြီဖြစ်ကြောင်း သိရသည်။

‘‘Alibaba.com က ပြည် တွင်းနဲ့ နိုင်ငံတကာက ရောင်းသူ နဲ့ ၀ယ်သူကြားမှာ အချိန်မရွေး ၂၄ နာရီဆက်သွယ်နိုင်ဖို့၊ စီးပွား ရေးလုပ်ငန်းတွေရဲ့ ထုတ်ကုန် တွေကို ၀န်ဆောင်မှုနဲ့ ရောင်း အားတိုးတက်စေဖို့ အွန်လိုင်းစီး ပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ ၀န် ဆောင်မှုပေးသွားမှာဖြစ်ပါတယ်’’ ဟု ဦးဖြိုးဝေသောင်းစိန်က ဆက် လက်ပြောကြားသည်။

တရုတ်နိုင်ငံအခြေစိုက်အွန် လိုင်းအရောင်းအ၀ယ် ၀န်ဆောင် မှု ကုမ္ပဏီတစ်ခုဖြစ်သည့်Alibaba .com သည် နိုင်ငံပေါင်း ၁၉၀ မှ အသုံးပြုသူပေါင်း ၄၅ သန်းကျော် ၏ အွန်လိုင်းပေါ်မှ အရောင်းအ ၀ယ်ပြုလုပ်ခြင်းများ ၀န်ဆောင်မှု ပေးလျက်ရှိပြီး ၎င်းတို့ထံတွင်နိုင်ငံ တကာရှိ လုပ်ငန်းမျိုးစုံမှ ထုတ် ကုန်အမျိုးအစား ၅,၉၀၀ ကျော် ၀ယ်ယူရရှိနိုင်ကြောင်းသိရသည်။

Alibaba .com ၌ အခမဲ့အ သုံးပြုနိုင်သည့် Univerfied Free Member အစီအစဉ် ပြုလုပ်ပေး ထားပြီး၊ အခပေးအနေဖြင့် အမေရိကန် ၁,၈၉၉ ဒေါ်လာ ပေးရသော Gold Supplier Basic၊ ၃,၄၉၉ဒေါ်လာပေးရသော Global Supplier Standard နှင့် ၆,၄၉၉ ဒေါ်လာပေးရသော Gold Supplier Premium ဟူ၍ ၀န် ဆောင်မှုသုံးမျိုး သတ်မှတ်ပေး ထားသည်။

No comments:

Post a Comment