Friday 18 December 2015

မန္တလေးမြို့ပေါ်ရှိ ဘဏ်များလုံခြုံရေး Police Commad Centre နှင့် ချိတ်ဆက်စောင့်ကြည့်နိုင်

မန္တလေးမြို့ပေါ်ရှိ ဘဏ်များလုံခြုံရေးကို ၂၄ နာရီ စောင့်ကြည့်နိုင်ရန် CCTV ကင်မ ရာများတပ်ဆင်၍ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ Police Commad Centre မှ ချိတ်ဆက် စောင့်ကြည့်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့တွင် လုံခြုံရေး၊ မှုခင်းဖြစ်ပွားမှု လျှော့ချနိုင်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တို့ကို အရေးယူဆောင်ရွက်နိုင်ရေး နိုဝင်ဘာ တတိယပတ်ခန့်မှစတင် ၍ CCTV ကင်မရာအလုံး ၄၀ ခန့် တပ်ဆင်ပြီးစောင့်ကြည့်အရေးယူ နေပြီဖြစ်သည်။

‘‘ဘဏ်တွေအနေနဲ့ ဘဏ် လုံခြုံရေးအတွက် CCTV ကင်မ ရာတွေ တပ်ဆင်ထားတာရှိ တယ်။ လိုအပ်ရင်တော့ ကေ ဘယ်ကြိုးတွေနဲ့ချိတ်ဆက်ပြီး Commad Centre ကနေတစ် ဆင့် ၂၄ နာရီစောင့်ကြည့်ပေးနိုင် တယ်။ ဘဏ်မှာက နေ့ခင်းပဲလူရှိ ပြီး ညဘက်ကျတော့ အပြင်မှာ အစောင့်တွေပဲရှိတယ်။ ဒီဘက် မှာ ချိတ်ထားမယ်ဆိုရင် ၂၄ နာရီ စောင့်ကြည့်ပေးနိုင်မှာဖြစ်တယ်။ လုံခြုံရေးအတွက် တပ်ဆင်ချင် တယ်ဆိုရင်တော့ ကုန်ကျစရိတ် ကို တပ်ဆင်တဲ့သူဘက်ကနေ ကျ ခံရမှာဖြစ်တယ်’’ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီး သက်နိုင်က ပြောသည်။

မန္တလေး လေးမြို့နယ်တွင် တပ်ဆင်ထားသည့် CCTV ကင် မရာအလုံး ၄၀ သည် နည်းပါးနေ ပြီး မြို့တည်ငြိမ်အေးချမ်းရေးအ တွက် ပြင်ပစီးပွားရေးလုပ်ငန်းရှင် များ လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။

‘‘သာမန်အားဖြင့် အရေအ တွက်က ပလာဇာတစ်ခုစာ လောက်တောင်မရှိဘူး။ နောက် ပိုင်းမှာတော့ ကင်မရာအလုံးရေ တိုးပြီးတော့ တပ်ဆင်ဖို့အတွက် အခြေခံချခဲ့တာဖြစ်တယ်။ ငါး မြို့နယ်အတွက်ဆို ထောင်ဂဏန်း၊ သောင်းဂဏန်းအထိ လိုအပ် တယ်။ ဒါတွေတပ်ဆင်လိုက်ခြင်း အားဖြင့် မှုခင်းတစ်ခုဖြစ်ပွားလို့ စုံ စမ်းဖော်ထုတ်တဲ့နေရာမှာ ခြေရာ အနေနဲ့ များစွာအထောက်အကူ ဖြစ်မှာဖြစ်ပါတယ်’’ဟု ရဲမှူးကြီး သက်နိုင်က ပြောသည်။

မြို့နယ်လေးမြို့နယ်တွင် CCTV ကင်မရာအလုံး ၄၀ ကို စောင့်ကြည့်နေသည့် တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ Police Commad Centre ၌ ၂၄ နာရီ အဆိုင်းသုံးဆိုင်းခွဲ၍ တစ်ဆိုင်း လျှင် ရှစ်နာရီစီဖြင့် အရာရှိတစ်ဦး က ဦးဆောင်၍ စောင့်ကြည့်လျက် ရှိသည်။
7 day

No comments:

Post a Comment