Thursday 17 December 2015

ကားတင်သွင်းခွင့်ပြုသောပုံစံများ နှစ်သစ်တွင် စတင်ပြောင်းလဲမည်

 
၂၀၁၆ ဇန်န၀ါရီ ၁ ရက်ကစ၍ ကား တင်သွင်းခွင့်မူဝါဒသစ်ကြောင့် ကားတင်သွင်းမှု ပုံစံ ပြောင်းလဲရမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။
ယခင် ကားတင်သွင်းခွင့် လိုင်စင်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနတွင် လျှောက်ထားပြီးမှ ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနသို့ သွားရသော်လည်း ပုံစံသစ်မှာ ကားတင်သွင်းခွင့်ကို ကညနမှစ တင် လျှောက်ထားရမည်ဖြစ်ကြောင်း ကုန်း လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပြန် ကြားရေးတာဝန်ခံ ဦးလျန်ကျင့်မန်က ပြော သည်။

ပုံစံပြောင်းလဲမည့် ကားတင် သွင်းမှုတွင် သတ်မှတ်ချက်နှင့် အ မျိုးအစားများအားလုံးကို ယခု ရက်ပိုင်းအတွင်း အများပြည်သူ သိရှိစေရန် နိုင်ငံပိုင်သတင်းစာ များမှတစ်ဆင့် ထုတ်ပြန်ကြေညာ ပေးမည်ဟု ၎င်းက ပြောသည်။

ထုတ်ပြန်ကြေညာမည့် မူဝါ ဒသစ်တွင် အိမ်စီးကားများအ တွက် ယာဉ်အိုယာဉ်ဟောင်းစ လစ်ဖြင့် တင်သွင်းခြင်းကို ကား ထုတ်လုပ်သည့်နှစ် ၂၀၀၆ မှ ၂၀၁၃ အထိ တင်သွင်းခွင့်ရှိမည် ဖြစ်သည်။ အဆိုပါကားများကို ဘယ်မောင်း၊ ညာမောင်းမခွဲခြား ဘဲ တင်သွင်းနိုင်သည်။

သို့သော် ခရီးသည်တင်နှင့် ကုန်တင်ကားများအတွက် စလစ် ဖြင့် တင်သွင်းသည့်ကားများမှာ ၂၀၀၆ မှ ၂၀၁၃ အထိ ဘယ် မောင်းတစ်မျိုးတည်းသာ တင် သွင်းရမည်ဖြစ်သည်။

ထို့အပြင် ကင်းလွတ်ပါမစ်ဖြင့်တင်သွင်းမည့် အိမ်စီးကားများအတွက်မူ ၂၀၁၄ မှ ၂၀၁၆ အထိ တင်သွင်းခွင့်ရမည်ဖြစ်ပြီး ဘယ် မောင်းသာ တင်သွင်းရမည်ဖြစ် ကြောင်း သတ်မှတ်ခဲ့သည်။

ခရီးသည်တင်နှင့် ကုန်တင် ကားများကို ကင်းလွတ်ပါမစ်ဖြင့်တင်သွင်းပါက ၂၀၁၄ မှ ၂၀၁၆ မော်ဒယ်အထိ တင်သွင်းခွင့်ရှိမည်ဖြစ်သည်။

တင်သွင်းသည့်ပုံစံမှာလည်း ယခင်စီးပွားကူးသန်းမှ တစ်ဆင့် ပါမစ် လျှောက်ထားရာမှ ယခု ကညနသို့ ပြောင်းလဲလျှောက် ထားရမည်ဖြစ်ကာ ကညနမှ ထောက်ခံချက် ရရှိပါက စီးပွား ကူးသန်းသို့ ၂၀၁၅ က ပုံစံအတိုင်း ပြန်လည်လျှောက်ထား၍ မော် တော် ယာဉ်တင်သွင်းရမည်ဟု ဦးလျန်ကျင့်မန်က ပြော သည်။ ၂၀၁၅နောက်ဆုံးတင်သွင်းရမည့် ကားများအတွက်မူ ဒီဇင် ဘာ ၂၄ ရက်နှင့် ၃၀ ရက် နောက် ဆုံးထား၍ တင်သွင်းရမည်ဖြစ် ကြောင်း ပြင်ပတွင် သတင်းများ ထွက်ပေါ်နေသော်လည်း စီးပွား ကူးသန်းက အတည်မပြုပေ။

‘‘၂၀၁၆ မှာ ကားဈေးက big change ဖြစ်သွားမယ်။ ဈေး တော်တော်တက်သွားမယ်။ အ ရင်ဟိုက်ဂျက်တစ်စီး သိန်း ၇၀ က နေအခုစလစ်ကပ်ပြီး သွင်း မယ်ဆိုရင် သိန်း ၁၅၀ လောက် ဖြစ်သွားမယ်။ ရေရှည်အတွက် တော့ ကောင်းတယ်။ လောလော ဆယ် ပုဂ္ဂလိကခံစားချက်အရ ပြောရင်တော့ အကျိုးစီးပွားတော့ ထိတာပေါ့’’ဟု မြန်မာနိုင်ငံမော် တော်ယာဉ်တင်သွင်းထုတ်လုပ် ဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက သုံး သပ်သည်။ အထူးသဖြင့် ဘယ်မောင်း ညာမောင်းသတ်မှတ်လိုက်ခြင်းစလစ်ဈေးများ ဆက်တိုက်မြင့်တက်လာခြင်းက နှစ်သစ်တွင် ကားဈေးတက်ခြင်းနှင့် ကြုံတွေ့ နိုင်ကြောင်း ၎င်းက ပြောသည်။

‘‘အကောင်းဘက်က ပြော ရရင်တော့ ကားအသစ်တွေ များ လာနိုင်တယ်’’ဟု ၎င်းကဆိုသည်။ ထို့ပြင် ပြည်တွင်း၌ ယခင်က တွက်ခြေမကိုက်၍ မထုတ်လုပ်ခဲ့ သော ကားထုတ်လုပ်ရေးလုပ်ငန်း များ အားကောင်းလာနိုင်ကြောင်း ဒေါက်တာစိုးထွန်းက ပြောသည်။

ဘယ်မောင်းများတင်သွင်း ခြင်းဆိုင်ရာကိစ္စကို လွန်ခဲ့သည့် အစိုးရလက်ထက်ကပင် ဖော် ဆောင်ရန် လုပ်ဆောင်ခဲ့သော် လည်း အကြောင်းအမျိုးမျိုး ကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ၂၀၁၆ တွင်မှ ပြန်လည်အကောင်အထည်ဖော်ခြင်းဖြစ် ကြောင်း United Diamond Motor မှ အကြီးအကဲ ဦးအေး ထွန်းက ပြောသည်။

ယင်းစနစ်ကြောင့် ကျန်တစ် ပတ်ရစ်ကားများလျော့နည်းသွား နိုင်ကာ တန်ဖိုးနည်းစရိတ်သက် သာသည့် ကားသစ်များဝင်ရောက် လာနိုင်သည်ဟု ၎င်းက ဆိုသည်။

ကားလောကတွင်အပြောင်း အလဲများစွာ ကြုံတွေ့လာနိုင် ကြောင်း မော်တော်ယာဉ်နှင့်ပတ် သက်ပြီး ဆောင်းပါးများရေးသား နေသူ အရည်ကြိုက ပြောသည်။

ဘယ်မောင်းကိစ္စကို ၂၀၁၆ တွင် စတင်နိုင်ရန် ပြင်ဆင်လာ ခြင်းမှာ ကညန တာဝန်ရှိသူများ ၏ နိုင်ငံတကာအမြင်ရှုထောင့် များ အားကောင်း လာခြင်းကြောင့် ယခုအစီအစဉ် ပေါ်ပေါက်လာ ခြင်းဖြစ်ပြီး ကားဈေးကွက်သည် မူဝါဒစတင်အသက်ဝင်စ ကာလ တွင် ကမောက်ကမ ဖြစ်နိုင် ကြောင်း ၎င်းက သုံးသပ်သည်။

ပြည်တွင်းရှိ ဂျပန်တစ်ပတ် ရစ်ကားများအလုံးအရင်းဖြင့် ၀င် ရောက်လာခြင်းကို ဟန့်တားရာ ရောက်ပြီး နောက်ပိုင်းတွင် တရုတ်၊ ကိုရီးယား ကားများနှင့် မော်တော်ယာဉ်များ ပြည်တွင်း၌ ထုတ်လုပ်နိုင်သည်အထိ လုပ်ငန်း ရှင်များ၏ ရင်းနှီးမြှုပ်နှံမှုပုံစံမှာ ပြောင်းလဲလာနိုင်ကြောင်း ရောင် နီဦးကားအရောင်းပြခန်းမှ မန်နေ ဂျင်းဒါရိုက်တာ ဦးအောင်ဝင်းက ပြောသည်။

မူဝါဒသစ် စတင်အကောင် အထည်ဖော်သောအခါ ကားတင် သွင်းသူများ၊ ကားအရောင်းအ ၀ယ် ပြုလုပ်သူများ၏ အကျိုးစီး ပွားကို ထိခိုက်နိုင်သော်လည်း စနစ်သစ်မှာ ရေရှည်တွင် မြန်မာ နိုင်ငံ၏ လမ်းစနစ်နှင့် ကိုက်ညီမှု ရှိပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေး အတွက် များစွာသင့်လျော်သော ကြောင့် ယင်းမူဝါဒကို အကောင် အထည်ဖော်သင့်ကြောင်း မော် တော်ယာဉ်တင်သွင်းရောင်းချသူ များက ပြောသည်။

No comments:

Post a Comment