Friday 18 December 2015

ရာသီဥတုဖောက်ပြန်သဖြင့် ပြင်ဦးလွင်ပန်းပွဲတော်တွင် ထိုင်းနှင့်တရုတ်မှ ပန်းမျိုးစိတ် ၆၀ခန့် မှာယူအသုံးပြုခဲ့ရ


အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် ပြသထားသော ပန်းများ (ဓာတ်ပုံ-ချမ်းဇော်အောင်)
ယခုနှစ် ပြင်ဦးလွင်ပန်းပွဲတော်တွင် ပန်းအစစ်များဖြင့် ပြသရန် စီစဉ်ခဲ့သော်လည်း ရာသီဥတုဖောက်ပြန်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သဖြင့် တရုတ်နှင့်ထိုင်းနိုင်ငံမှ ပန်းမျိုးစိတ် ၆၀ခန့်မှာယူကာ အပင်အရေ အတွက် တစ်သိန်းလေးသောင်း ကျော်အသုံးပြုပြသထားကြောင်း ပြင်ဦးလွင်ပန်းပွဲတော်စီစဉ်သူမှ သတင်းရရှိသည်။

ယခုနှစ်ပန်းပွဲတော်တွင် ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ ပန်းမျိုးစိတ် ၅၇မျိုးမှာယူ၍ အပင်အရေအတွက် တစ်သိန်းလေးသောင်း ကျော်ဖြင့် နိုင်ငံခြားပန်းအမျိုးအစားများသာ မှာယူပြသထားပြီး ပန်းအစစ် ၈၀ရာခိုင်နှုန်းကျော်အသုံးပြုထားကြောင်း သိရသည်။

ပန်းပွဲတော်တွင် ပန်းအစစ် များကိုသာ ပြသရန်လွန်ခဲ့သော သုံးလခန့်မှစ၍ ပြင်ဆင်စိုက်ပျိုးခဲ့ ပြီး စိုက်ပျိုးစဉ်အတွင်း ရာသီဥတု ဖောက်ပြန်ခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုများကြောင့် ပန်းအတုများ အစားထိုးအသုံးပြုခဲ့ကာ ပြသပွဲ၌ ရုပ်လုံးကြွပုံဖော်မှုကို ယခင်နှစ်များ ထက်လျှော့ချပြီး ပန်းအစစ် ဖြင့် သရုပ်ဖော်ပြကွက်များသာအသား ပေးပြသထားကြောင်း သိရသည်။

(၁၀)ကြိမ်မြောက်ပန်းပွဲ တော်ကို အမျိုးသားကန်တော်ကြီး ဥယျာဉ်တွင် ဒီဇင်ဘာ ၁၅ရက်မှ ၃၁ ရက်အထိ သီတင်းနှစ်ပတ်ကြာ ကျင်းပရန် သတ်မှတ်ထား သော်လည်း ပန်းများသက်တမ်း ကုန်ဆုံးချိန်အထိ ဆက်လက်ပြုလုပ် ပြသမည်ဖြစ်ကြောင်း ပန်းပွဲတော်စီစဉ်သူက ပြောကြား သည်။

‘‘ကျွန်တော်တို့က ပြပွဲရက် ကို အဓိကပြင်ဆင်မှုအပိုင်းအား အကောင်းဆုံးဖြစ်တဲ့ နှစ်ပတ် သတ်မှတ်တာပါ။ ဒါပေမဲ့ ရာသီဥ တုဖောက်ပြန်မှုမရှိတာရယ်၊ ပန်း တွေရဲ့ သက်တမ်းရှိသလောက် ပြသသွားမှာပါ’’ဟု ပြောသည်။

ယခင်နှစ်ပန်းပွဲတော်ကို ဒီ ဇင်ဘာ ၁ရက်မှ ၃၁ရက်အထိ ပြ သခဲ့သော်လည်း ယခုနှစ်တွင် ရာ သီဥတုဖောက်ပြန်ခြင်းကြောင့် ပွဲ တော်ရက်ကို ရွှေ့ဆိုင်းခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

ပန်းပွဲတော်ပြသခြင်းနှင့် အ တူ အမျိုးသားကန်တော်ကြီး၏(၁၁)ကြိမ်မြောက်ဂီတပွဲတော်ကိုလည်း ခရစ္စမတ်နေ့နှင့် လပြည့်နေ့များဖြစ်သည့် ဒီဇင်ဘာ ၂၅၊ ၂၇ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်၊ Rဇာနည်၊ဂျေမီ၊ ဘန်နီဖြိုး၊ စန္ဒီမြင့်လွင်၊ နီနီခင်ဇော်၊နိုင်းဝမ်း စသည့်အဆိုတော်များနှင့်အတူ Snare၊ Big Bag၊ Wanted၊ Idiots စသည့် တေးဂီတအဖွဲ့များ ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်းသိရသည်။

ပန်းပွဲတော်စတင်ဖွင့်လှစ်ခဲ့ သည့် ဒီဇင်ဘာ ၁၄ရက်က ၀င် ရောက်လည်ပတ်သူ စုစုပေါင်း လေးထောင်ခန့်ရှိခဲ့ပြီး ယခင်နှစ်ပန်းပွဲတော်ဖြစ်သော ဒီဇင်ဘာတွင် ၀င်ရောက်လည်ပတ်သူ ကိုး သောင်းကျော်ရှိခဲ့ရာ ယခုနှစ်တွင် လည်ပတ်သူပိုများလာကြောင်း ပန်းပွဲတော်တာဝန်ခံက ပြော ကြားသည်။

7Day Daily

No comments:

Post a Comment