Thursday 17 December 2015

RCSS/SSA နှင့် PSLF/TNLA တိုက်ပွဲထပ်မံဖြစ်ပွား

ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ ရှမ်းပြည်တပ်မတော် တောင်ပိုင်း(RCSS/SSA)နှင့်ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)တို့ တွေ့ဆုံဆွေးနွေးခဲ့ ပြီး တစ်ရက်အကြာ ဒီဇင်ဘာ ၁၆ ရက်တွင် RCSS/SSA နှင့် ပလောင်ပြည်နယ်လွတ်မြောက် ရေးတပ်ဦး (PSLF/TNLA)တို့ကြား တိုက်ပွဲများဆက်လက်ဖြစ် ပွားခဲ့ကြောင်း သတင်းရရှိသည်။

RCSS/SSA နှင့် PSLF/TNLA တို့ကြား နိုဝင်ဘာလနှောင်း ပိုင်းမှစ၍ ဖြစ်ပွားနေသော တိုက် ပွဲများနှင့်ပတ်သက်၍ UNFC နှင့် RCSS/SSA တို့ ဒီဇင်ဘာ ၁၅ ရက်က ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ သို့သော် ဒီဇင်ဘာ ၁၆ ရက်တွင် တိုက်ပွဲများ ဆက် လက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကျောက်မဲမြို့နယ် ညောင် ပင်လှကျေးရွာနှင့် တော့စန်ကျေး ရွာကြားတွင် ဒီဇင်ဘာ ၁၆ ရက် ညနေ၌ RCSS/SSA နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း PSLF/TNLA က သတင်းထုတ်ပြန်ခဲ့သည်။ RCSS/SSA အတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းလှက ၎င်းတို့သည်တိုက်ပွဲမဖြစ်ပွားလို၍ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေး၌ပါဝင် လက်မှတ်ရေးထိုးထားခြင်းဖြစ်ပြီး တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်း လိုကြောင်း ပြောသည်။

UNFC တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁) ဦးထွန်းဇော်က တိုက်ပွဲများရပ်တန့်နိုင်ရန် ကာယ ကံရှင်အဖွဲ့အစည်း နှစ်ဖွဲ့ကြား အ မြန်ဆုံးညှိနှိုင်းအဖြေရှာရေးအ တွက်ဆွေးနွေးဖလှယ်ခဲ့ခြင်းဖြစ် ကြောင်း RCSS/SSA နှင့်ချင်းမိုင် မြို့တွေ့ဆုံပွဲအပြီး၌ မီဒီယာများ အား ပြောကြားခဲ့သည်။

တိုက်ပွဲများဖြစ်ပွားနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့အနက် PSLF/TNLA မှာ UNFC အဖွဲ့ဝင်ဖြစ်ပြီး RCSS/SSA မှာမူ UNFC တွင် ပါဝင်ခြင်း မရှိပေ။

7Day Daily

No comments:

Post a Comment