Thursday 17 December 2015

ရွေးကောက်ပွဲရလဒ်ကြောင့် ချင်းပြည်နယ်ကိုယ်စားပြု နိုင်ငံရေးပါတီ၁၂ပါတီ ပူးပေါင်းရန်ဆွေးနွေးမည်

၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် ချင်းတိုင်းရင်းသားကိုယ် စားပြုနိုင်ငံရေး ပါတီများ မဲဆန္ဒနယ်အနည်းငယ်သာအနိုင်ရရှိ ခဲ့သောကြောင့် ချင်းပြည်နယ် အခြေစိုက်နိုင်ငံရေးပါတီ ၁၂ခု ပူးပေါင်းရန်ဆွေးနွေးမည်ဖြစ်ကြောင်း ချင်းအမျိုး သားတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌနိုထန်ကပ်က The Voice သို့ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲကို ဒီဇင်ဘာ၁၇ရက်နေ့တွင် ရန်ကုန်မြို့ပြည် လမ်းမပေါ်ရှိ တော်ဝင်ဂါးဒင်းဟိုတယ် ( Royal Garden) တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိပါတယ်၊ အခုချင်းကိုယ်စားပြု ပါတီတွေ အများကြီးရှိတယ်၊ တစ်ခုတည်းပေါင်းစည်းနိုင်ဖို့ ကျွန်တော်တို့ေ ဆွးနွေးရမယ်၊ ဖြစ်နိုင်မဖြစ်နိုင်တော့ ကျွန်တော်တို့ကြိုးစား ကြည့်ရမှာပေါ့လေ”ဟု ချင်းအမျိုး သားဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်ရေးမှူး ဦးပုဒိုင်ထောင်းက The Voice သို့ပြောကြားသည်။

ယင်းကဲ့သို့ပူးပေါင်းနိုင်ရန် ချင်းတိုင်းရင်းသားကိုယ်စားပြုနိုင်ငံရေးပါတီများ အားလုံးဦးဆောင်ကနိုင်ငံရေးပါတီကြီးတစ်ခုဖြစ်ပေါ်လာရန် ပါတီမူဝါဒများကို တွေ့ဆုံညှိနှိုင်းရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ချင်းအမျိုးသားကိုယ်စားပြုနိုင်ငံရေးပါတီ ၁၂ခု၏ မူဝါဒများသည် ထူးထူးခြားခြား ကွဲပြားမှုများမရှိကြောင်းဦးပုဒိုင်ထောင်းကဆိုသည်။ “ပူးပေါင်းရ မှာပေါ့၊ ဒီအတိုင်းဆိုကျွန်တော်တို့မဖြစ်ဘူးလေ၊ ဒီရွေးကောက်ပွဲရလဒ်ကြီးက အဲ့တော့ပူးပေါင်းဖို့လိုတာပေါ့ဗျာ၊ မူဝါဒတွေညှိနှိုင်းရမယ်လေ၊ ဆွေးနွေးရမယ်၊ ဒီရွေးကောက်ပွဲမှာကိုယ့်လူမျိုးပါတီတွေကများပြီး မဲပြားသွားတော့ ကြားပါတီကဝင်ပြီး အနိုင်ယူသွားတာကို သင်ခန်းစာယူရမှာပေါ့”ဟု ချင်းအမျိုးသားတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌနိုထန်ကပ်ကThe Voice သို့ပြောကြားသည်။

၂၀၁၀ရွေးကောက်ပွဲတွင် ချင်းတမျိုးသားလုံးကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသော ချင်းတိုးတက်ရေးပါတီနှင့် ချင်းအမျိုးသားပါတီတို့သည် တစ်ပါတီအဖြစ်ပေါင်းစည်းရန်ကြိုးပမ်း ခဲ့ကြသော်လည်း အောင်မြင်မှု မရှိခဲ့ ကြောင်းယင်းပါတီများထံမှသိရသည်။

ယင်းကဲ့သို့ ပါတီပေါင်းစည်းရေးကို လိုလားသောချင်းတိုးတက်ရေး ပါတီမှ ခေါင်းဆောင်တချို့သည် ၎င်းတို့ပါတီများမှခွဲထွက်ကာ ချင်းအမျိုးသားပါတီနှင့် ပူးပေါင်းပြီး ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ CNDP အဖြစ်ပြန်လည် ဖွဲ့စည်းခဲ့ကြသည်။

၂၀၁၅ရွေးကောက်ပွဲတွင် ချင်းတိုင်းရင်းသားကိုယ်စားပြုနိုင်ငံရေးပါတီ ၁၂ခု ရှိသည့် အနက် ဇိုမီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော် ကိုယ်စားလှယ်၆ဦးသာ အနိုင်ရရှိခဲ့သည်။

The Voice Weekly  

No comments:

Post a Comment