Friday 18 December 2015

တံတားဦးလေဆိပ်နှင့် မန္တလေးမြို့တွင်းသို့ မီနီဘတ်စ်များ စတင်ပြေးဆွဲ

မန္တလေးတံတားဦးအ ပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးမြို့တွင်းသို့ ဒီဇင်ဘာ ၁၆ ရက်မှ စတင်ကာ မီနီဘတ်စ်များ ပြေးဆွဲနေကြောင်း သတင်းရရှိ သည်။

မီနီဘတ်စ်ကားလိုင်းကို မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာန၏ အစီအစဉ်ဖြင့် ပြေးဆွဲခြင်းဖြစ် ပြီး ၂၅ ယောက်စီး အဲကွန်းမီနီ ဘတ်စ်ကား ခုနစ်စီးဖြင့် နံနက် ၅ နာရီမှ ညနေ ၅ နာရီအထိ တစ်နာရီလျှင် တစ်ကြိမ်ပြေးဆွဲပေးနေ ကြောင်း၊ တစ်ဦးလျှင် လေးထောင်ကျပ်သာ ကျသင့်မည်ဖြစ်ကြောင်း တာဝန်ယူပြေးဆွဲပေးနေသည့် ရွှေနန်းစံခရီးသည်ပို့ဆောင်ရေး အသင်း ဥက္ကဋ္ဌဦးရဲပိုင်ချိုက ပြော သည်။

‘‘တချို့နိုင်ငံခြားဧည့်သည် တွေ လေယာဉ်ကွင်းကနေ မြို့ တွင်းလာဖို့အတွက် အခက်အခဲ အမျိုးမျိုးရှိတတ်ကြလို့ နိုင်ငံခြား ဧည့်သည်ရော တခြားပြည်တွင်း ဧည့်သည်တွေပါ အားလုံးအဆင် ပြေ သွားအောင် သက်သက်သာ သာနဲ့ ပြေးဆွဲပေးတာပါ’’ဟု ဦးရဲ ပိုင်ချိုက ပြောသည်။

မြို့တွင်းဂိတ်ကို ၇၉ လမ်း၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြားတွင် ဖွင့်လှစ်ထားပြီး မြို့တွင်းဧရိယာ အတွင်း အိမ်တိုင်ရာရောက် ကြိုပို့ပေးကာ မြို့တွင်း ဧရိယာပြင်ပအတွက်မူ ထိုက်သင့်သော နှုန်းထား ထပ်မံပေးဆောင်ရမည်ဟု ရွှေနန်းစံခရီးသည်ပို့ဆောင်ရေးမှ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် တံတားဦးလေ ဆိပ်ဝန်ထမ်းများကို ၅၀ ရာခိုင် နှုန်းဖြင့် ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်လစာ အသွားအပြန်အတွက် ကျပ်ရှစ်သောင်းနှုန်းဖြင့် ကြိုပို့ ပေးမည်ဟု ဆိုသည်။

မန္တလေးမြို့မှ တံတားဦးလေ ဆိပ်သို့ လေကြောင်းလိုင်း၏  ယာဉ်ဖြင့်လည်းကောင်း၊ အငှား ယာဉ်၊  ကိုယ်ပိုင်ယာဉ်များဖြင့် လည်းကောင်း    သွားရောက် လေ့ရှိကြသည်။ ‘‘လေးထောင်က ဈေးနှုန်းတော့ မဆိုးပါဘူး။ အ များနဲ့သွားတဲ့သူတွေကတော့ ကားစုငှားရင် အဲဒီလောက်ပဲ ကျ တာပါပဲ။ လူနည်းတဲ့သူအတွက် တော့ မီနီဘတ်စ်လေးတွေက အဆင်ပြေမှာပါ’’ဟု မန္တလေးမြို့ မှ အစိုးရ၀န်ထမ်းအမျိုးသားတစ် ဦးက ပြောသည်။

မန္တလေးမြို့ တံတားဦး အ ပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး လေ ဆိပ်ဖြစ်သည်။ ယင်းလေဆိပ် မှ   တရုတ်နှင့်   ထိုင်းနိုင်ငံသို့ တိုက်ရိုက်ပျံသန်းနေပြီး    နေ့ စဉ် နိုင်ငံခြားလေကြောင်းလိုင်း ခရီးစဉ် သုံးကြောင်းမှ ငါးကြောင်း၊ပြည်တွင်းလေကြောင်းခရီးစဉ် ၂၅ မှ ၃၀ ကြား ပျံသန်းလျက် ရှိသည်။

7Day Daily 

No comments:

Post a Comment