Friday 18 December 2015

ဝန်ကြီးဌာနများ ပူးပေါင်းမည်ဖြစ်သော်လည်း ၀န်ထမ်းများကို မဖြုတ်ဟု ဒေါ်အောင်ဆန်း စုကြည်ပြော

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၁၇ ရက်က လွှတ်တော်အတွင်း တွေ့ရစဉ် (ဓာတ်ပုံ− NLD Chairperson)
အစိုးရအဖွဲ့သစ် တွင် ၀န်ကြီးဌာနအချို့ ပူးပေါင်း မည်ဖြစ်သော်လည်း ၀န်ထမ်းများ ကို ဖြုတ်ထုတ်သတ်လမ်းစဉ် ကျင့်သုံးမည် မဟုတ်ကြောင်း ရွေး ကောက်ပွဲ အနိုင်ရပါတီ ခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
‘‘မလိုလားအပ်တဲ့ ၀န်ကြီး ဌာနတွေပေါင်းပစ်မယ်။ တချို့ဝန် ကြီးဌာနတွေမှာ ၀န်ထမ်းတွေ ဖောင်းပွနေတယ်။ ၀န်ထမ်းများ စိတ်အေးလက်အေးနဲ့နေပါ။ ဖြုတ် ထုတ်သတ်ဟာ ကျွန်မတို့ မူဝါဒထဲ မှာမပါဘူး’’ဟု ဒေါ်အောင်ဆန်းစု ကြည်ကပြောသည်။

လွှတ်တော်ကိုယ်စားလှယ် များတည်းခိုနေထိုင်သည့် နေပြည် တော်စည်ပင်ရိပ်သာသို့ လာ ရောက်စဉ် ယင်းရိပ်သာ၌ တာဝန် ထမ်းဆောင်နေသော ၀န်ထမ်း များကို ဒေါ်အောင်ဆန်း စုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မကြာမီလပိုင်းအတွင်းခေါ် ယူတော့မည့် ဒုတိယအကြိမ်လွှတ် တော်သက်တမ်းတွင် တာဝန် ထမ်း ဆောင်ရမည့် လွှတ်တော်ကိုယ် စားလှယ်များနေထိုင်ရန် စည်ပင်ရိပ်သာရှိ အဆောက် အအုံများအခြေအနေကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့်အတူ အနိုင်ရ ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာ ၁၇ ရက် ညနေက လာရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

‘‘ရေဘူးပေါက်တာမလိုချင် ဘူး။ ရေပါတာပဲလိုချင်တယ်။အ ခွင့်အရေးနဲ့တာဝန်ဟာ ခေါင်းနဲ့ ပန်းလိုပဲ။ အခွင့်အရေးယူရင်တာ ၀န်ယူရမယ်။ တပ်မတော်ကပဲ လာလာ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ကပဲ လာလာ ၀န်ထမ်းက ၀န်ထမ်းပဲ။ ကျောသားရင်သားခွဲခြားမှာ မ ဟုတ်ဘူး။ အတိတ် တွေကို ထား ပစ်ခဲ့မယ်။ အတိတ်တွေကိုမထား ခဲ့နိုင်ရင် အတိတ်ရဲ့အကျဉ်းသား တွေပဲဖြစ်မယ်’’ဟု နိုင်ငံ့ဝန်ထမ်း များနှင့်ပတ်သက်၍ ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။

ဝန်ထမ်းများအရည်အချင်း မြှင့်တင်ခြင်း၊ လုပ်ငန်းကျွမ်းကျင်မှု ရှိစေရန် လေ့ကျင့်သင်ကြား ပေး ခြင်းစသည့်လုပ်ငန်းရပ်များကို မိ မိတို့ဘက်က ဆောင်ရွက်ပေးမည် ဖြစ်ပြီး နိုင်ငံ တိုးတက်အောင် ဆောင်ရွက်နေစဉ်တွင် ၀န်ထမ်း များ၏ လုပ်ဆောင်ချက်သည် ပြည်သူများအတွက်ဟု စိတ်တွင် မှတ်စွဲကာ ဆောင်ရွက်ရန်လို ကြောင်း ၎င်းကဆိုသည်။

‘‘အတိတ်ကိုမေ့ပစ်မယ်ဆို ပေမယ့် နှစ်သီးစားကိစ္စတွေကို လည်း စဉ်းစားဖို့လိုတယ်။ အဲဒီကိစ္စတွေကို ဖြေရှင်းဖို့လည်း လိုတယ်။ ဒီအတိုင်းသွားမယ်ဆိုရင် ညီမျှမှုမရှိသလိုဖြစ် နေတယ်’’ ဟု စက်မှုဝန်ကြီးဌာနမှ လက်ရှိဝန် ထမ်းတစ်ဦးကပြောသည်။

အစိုးရအဖွဲ့ဝန်ကြီးဌာနများ တွင် တာဝန်ထမ်းဆောင်နေ သည့် တပ်မတော်မှပြောင်းရွှေ့ လာသော ၀န်ထမ်းများသည်လက် ရှိ လစာအပြင် တပ်မတော်၌ နောက်ဆုံးတာဝန် ထမ်းဆောင်ခဲ့ သည့် ရာထူးအဆင့်နှင့် လျော်ညီ သော ပင်စင်လစာကို ခံစားခွင့်ရှိနေကြသည်။

‘‘အများပြည်သူ ဆင်းရဲနေ ချိန်မှာ ကိုယ်ချမ်းသာနေတာဂုဏ် ယူစရာမဟုတ်ဘူး။ အစိုးရကိုပဲ အားကိုးနေခြင်းသည်လည်း ဒီမို ကရေစီစိတ်ဓာတ်မဟုတ်ဘူး။ ၀န် ထမ်းတွေက ကျွန်မ တို့ကိုကြောက် ဖို့မလိုဘူး။ အဖွဲ့ချုပ်က လူတွေ ကပဲ ကြောက်ရမယ်။ ဒါမှအစိုးရ လုပ်မယ့် သူတွေ အပိုးကျိုးမှာ။ဝန် ထမ်းတွေကြောက်နေဖို့မလိုဘူး။ နိုင်ငံကို တိုးတက်အောင်လုပ်နေ တဲ့အချိန်မှာ ပြည်သူတွေအတွက် လုပ်တာလို့ စိတ်ထဲမှာ ထားရ မယ်’’ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

7Day Daily

No comments:

Post a Comment