Friday, 4 December 2015

လွှတ်တော်ကိုယ်စားလှယ်များ နိုင်ငံရေး အလေ့အထကောင်းများ ပေါ်ထွန်းရန် အလေးထားဆောင်ရွက်သင့်ဟု OMI အကြံပြု

လွှတ်တော်ကိုယ်စား လှယ်များသည် မိမိတို့၏ တိုင်း ရင်းသားဖြစ်မှု၊ နိုင်ငံရေး ပါတီ နောက်ခံစသော အချက်အလက် များအပေါ် အခြေခံစဉ်းစားခြင်း ထက် ဒီမိုကရေစီနှင့် နိုင်ငံရေး အ လေ့အထကောင်းများ ပေါ်ထွန်း လာရေးကိုသာ အလေးထား ဆောင်ရွက်သင့်ကြောင်းပွင့်လင်း မြန်မာ့ရှေ့ဆောင်အဖွဲ့(OMI) က အကြံပြုတောင်းဆိုခဲ့သည်။
(၁၁) ကြိမ်မြောက် လွှတ် တော်ပုံမှန်အစည်းအဝေးများကို ကိန်းဂဏန်းအခြေပြု ချဉ်းကပ် လေ့လာချက်ဖြစ်သော လွှတ် တော် စောင့်ကြည့်လေ့လာရေး အစီရင်ခံစာအမှတ် (၆) ကို OMI က အောက်တိုဘာတွင် ထုတ်ပြန်ခဲ့ပြီး ဒီဇင်ဘာ ၃ ရက်စွဲဖြင့် ထပ်မံ၍ အကြံပြု တောင်းဆိုခြင်းဖြစ်သည်။
ပွင့်လင်းမြန်မာ့ရှေ့ဆောင် အဖွဲ့က လွှတ်တော်များ၏ အဓိ က တာဝန်များဖြစ်သော ပြည်သူ များကို ကိုယ်စားပြုရေး၊ ဥပဒေပြု ရေးနှင့် အစိုးရအား စိစစ်ထိန်း ကျောင်းရေးတို့ကို ပိုမိုထိရောက် စွာနှင့် ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လွှတ်တော်စောင့်ကြည့်ရေး အစီ ရင်ခံစာများကို ၂၀၁၃ မှစတင် ကာ ပြုစုထုတ်ပြန်ခဲ့သည်။

အိန္ဒိယ ဝန်ကြီးချုပ်၏ ပြုပြင်ထားသည့် ဓာတ်ပုံကို အွန်လိုင်းသုံးစွဲသူများ လှောင်ပြောင်

 
နိုင်ငံပိုင် မီဒီယာဌာန တစ်ခုက အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ ရေဘေးသင့် ဒေသများသို့ သွားရောက် စစ်ဆေးနေဟန် ပြုပြင်ထားသည့် ဓာတ်ပုံအတုကို ဖော်ပြခဲ့ခြင်းကြောင့် အကြီးအကျယ် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
အိန္ဒိယရှိ ချန်နိုင်းတွင် လူအသေအပျောက် ရာနှင့်ချီ ဖြစ်ပေါ်သည်အထိ ဆိုးဆိုးရွားရွား ရေကြီးမှုများ ဖြစ်ပေါ်နေပြီး အစိုးရပိုင် Press Information ဗျူရိုက လေယာဉ်ပြတင်းပေါက်မှတစ်ဆင့် ချန်နိုင်း ရေဘေးသင့် ဒေသများကို မိုဒီက လှမ်းကြည့်နေဟန် ဓာတ်ပုံကို Twitterတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။သို့သော်လည်း အဆိုပါ ဓာတ်ပုံမှာ လေယာဉ်ပေါ်တွင် မိုဒီရှိနေစဉ် ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံကို ပြုပြင်ကာ ရေဘေးသင့် ဒေသ ဓာတ်ပုံတစ်ခုနှင့် ရောစပ်ဖန်တီးထားကြောင်း ပေါ်ပေါက်လာသည့်နောက် အွန်လိုင်းတွင် လူအများက ဖြန့်ဝေ လှောင်ပြောင်ခဲ့ကြသည်။ အထူးသဖြင့် Twitterတွင် ယင်းကိစ္စမှာ အထူးသတင်းကြီးခဲ့ပြီး အခြားသူများကပါ နောက်ထပ် ကိုယ်တိုင် ပြုပြင်ပြောင်းလဲထားသည့် ဓာတ်ပုံများဖြင့် မိုဒီက ရေဘေးသင့် ဒေသတွင် ပျော်ရွှင်စွာ Selfie ရိုက်နေဟန် ဖန်တီး ပြက်ရယ်ပြုခဲ့ကြသည်။

ကယ်လီဖိုးနီးယား ပစ်ခတ်မှု တရားခံ ဇနီးမောင်နှံအိမ်၌ လက်နက်အများအပြား ရှာတွေ့

တရားခံများ၏ နေအိမ်တွင် ရှာတွေ့သည့် ကျည်ဆန်များ။
ကယ်လီဖိုးနီးယားရှိ လူမှုစောင့်ရှောက်ရေး စင်တာတစ်ခုကို ဝင်ရောက်ပစ်ခတ်ကာ လူ ၁၄ ဦးထက်မနည်း သေဆုံးစေခဲ့သည့် သေနတ်သမား ဇနီးမောင်နှံ၏ နေအိမ်တွင် လက်နက်အမြောက်အမြား ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာ ၂ ရက်က ပြည်နယ်မြို့တော် လော့စ်အန်ဂျလိစ် အနီးရှိ ဆန်ဘာနာဒီနို မြို့လေးမှ လူမှုစောင့်ရှောက်ရေး စင်တာတစ်ခုကို အမျိုးသား၊ အမျိုးသမီး နှစ်ဦးက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ရာ လူ ၁၄ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာများ ရရှိခဲ့သည်။
သေနတ်သမားများသည် SUVကားတစ်စီးနှင့် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ရဲတပ်ဖွဲ့က ထပ်ကြပ်မကွာ လိုက်ပါပြီး အသေပစ်ခတ် ဖမ်းဆီးခဲ့သည်။ ထို့နောက်ပိုင်းတွင် သေနတ်သမား နှစ်ဦးမှာ အသက် ၂၈ နှစ်အရွယ် ဆာယာက်ဒ် ရစ်ဇ်ဝမ် ဖာရွတ်ခ်နှင့် ဇနီးဖြစ်သူ အသက် ၂၇ နှစ်အရွယ် တက်ရှ်ဖင်းမာလစ်ခ်တို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စသုံးလုံး အရာရှိတစ်ဦးကို ကျပ်သိန်း သောင်းချီတန် မူးယစ်ဆေးများ သယ်ဆောင်မှုဖြင့် ဖမ်းဆီး

အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ)မှ စုံစမ်းစစ် ဆေးရေးမှူးတစ်ဦးကို ကျပ်သိန်း သောင်းချီတန်ဖိုးရှိသည့် မူးယစ် ဆေးနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်လာမှုဖြင့် ဖမ်းဆီး စစ်ဆေးနေသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ရှမ်းပြည်နယ် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန စုံစမ်းစစ် ဆေးရေးမှူး သူရ၀င်းဆိုသူကိုဖမ်း ဆီးစစ်ဆေးနေပြီး ၎င်းစီးလာသော ကားပေါ်မှ ကျပ်သိန်း ၄၈,၂၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ပစ္စတိုသေနတ်တစ်လက်၊ ကျည် အချို့ကို ရဲတပ်ဖွဲ့က ရှာဖွေဖမ်း ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်း အမှု၏ နောက်ဆက်တွဲ သံသယ ရှိသူအချို့ကို တောင်ကြီးမြို့အေး သာယာမြို့သစ်နှင့် တာချီလိတ် မြို့တို့၌ ဆက်လက်ဖမ်းဆီးထား ပြီး ကျပ်သိန်း သောင်းချီတန် မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းအချို့ ထပ်မံဖမ်းဆီးနိုင်ခဲ့ ကာ စုံစမ်းစစ်ဆေးနေသည်ဟုမြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဥစားကြက်များ အလိုအလျောက်ပိုက်တန်းရေတိုက်စနစ်ဖြင့် မွေးမြူထား

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ကုန်ကြီးရွာမအုပ်စု ရေဝင်ကျေးရွာ ရှိ ဒေသခံကျေးလက်ပြည်သူများသည် တောင်ယာ သီးနှံများဖြစ်သော ကြံ၊ ဂျုံ၊ အာလူးစသည့်သီးနှံ များကို စိုက်ပျိုးကြသကဲ့သို့ မွေးမြူရေးလုပ်ငန်းများ ကိုပါ တွဲဖက်လုပ်ကိုင်ကြသဖြင့် မိသားစု စားဝတ် နေရေး အဆင်ပြေကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် သင်တန်း ဖွင့်ရက်များ ထုတ်ပြန်ကြေညာ

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးသို့ ဘွဲ့ကြိုတန်းတက်ရောက် ခွင့်ရရှိသူများစာရင်းကို သက်ဆိုင်ရာတက္ကသိုလ်များ၏ ကြော်ငြာသင်ပုန်း များတွင် ကြေညာထားပြီး ကျောင်းသား ကျောင်းသူများထံသို့လည်း စာဖြင့် အကြောင်းကြားထားပြီးဖြစ်သည်။ ပထမနှစ်သင်တန်း၊ ပထမ နှစ်ဝက်ပညာသင်ကာလအသီးသီးသို့ တက်ရောက်ကြမည့် ဘွဲ့ကြို သင်တန်းသား သင်တန်းသူများအတွက် ကျောင်းစတင်ဖွင့်လှစ်မည့်ရက်မှာ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တွင် လုယက်မှု စံချိန်တင် ၊ကျူးလွန်သူများကို အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ်အတွင်း အုပ်စုဖွဲ့ အကြမ်းဖက် လုယက်မှုများ စံချိန်တင် မြင့်တက် လာမှုကြောင့် လုယက်မှုများ လျော့နည်းကျဆင်းစေရန် ပြစ်မှုကျူးလွန်သူများကို အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ် အထိ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်တရားသူကြီးများထံမှ စုံစမ်း သိရှိရသည်။
“လုယက်မှု ကျူးလွန်သူတွေကို ထောင်ဒဏ် ငါးနှစ်လောက်ပဲ အမိန့်ချမှတ်ခဲ့တာ များတယ်၊ အခု နောက်ပိုင်းမှာ လုယက်မှုတွေက လူစည်ကားရာနဲ့ မြို့လယ်ကောင် နေရာတွေမှာပါ မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ လုယက်မှုတွေ ဖြစ်လာတာကြောင့် ပြစ်မှုကျူးလွန်ကြောင်း သက်သေခိုင်လုံသူတွေကို အမြင့်ဆုံးပြစ်ဒဏ်အထိ ထိရောက်စွာ အရေးယူဖို့ အထက်က ညွှန်ကြားထားတယ် ” ဟု ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ မြို့နယ် တရားသူကြီး တစ်ဦးက ပြောကြားသည်။
ယခုနှစ် မေလက အလုံမြို့နယ် ၊ အလုံလမ်းတွင် အငှားယာဉ် တစ်စီးပေါ်မှ အမျိုးသား ငါးဦးက ပလက်ဖောင်းပေါ် လမ်းလျှောက်လာသော အမျိုးသား သုံးဦးကို ဝိုင်းဝန်းထိုးကြိတ်ကာ လုယက်မှု ကျူးလွန်ခဲ့သောကြောင့် ယင်းငါးဦးကို ဒီဇင်ဘာလ ၂ ရက်နေ့က အလုံမြို့နယ် တရားရုံးက တစ်ဦးလျှင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း အလုံမြို့မ ရဲစခန်းထံမှ သိရှိရသည်။

နိုင်ငံရေးဆွေးနွေးပွဲများတွင် NCA လက်မှတ်မထိုးသည့်တိုင်းရင်းသား လက်နက်ကိုင်များပါဝင်ရေးအစိုးရနှင့်ညှိနှိုင်း

နိုင်ငံရေးဆွေးနွေးပွဲများတွင်နိုင်ငံလုံးချီအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် NCA စာချုပ် လက်မှတ်ရေးထိုးခြင်းမရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနှင့် အထူးကိုယ်စားလှယ်အဖြစ်ပါဝင်ဆွေးနွေးခွင့်ရရေးအတွက် အစိုးရနှင့်ညှိနှိုင်းမှုများပြုလုပ်လျက်ရှိကြောင်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံမှသိရသည်။
“NCA လက်မှတ်မထိုးတဲ့အဖွဲ့တွေကို နိုင်ငံရေးဆွေးနွေးပွဲမှာလေ့လာသူအနေနဲ့မဟုတ်ဘဲ အထူးဖိတ်ကြားသူအနေနဲ့တက်ရောက်ခွင့်ရဖို့ပေါ့။ လေ့လာသူကတော့ဆွေးနွေးခွင့်မရှိဘူး။ဆုံးဖြတ်ခွင့်မရှိဘူးပေါ့။ဒါပေမဲ့ အထူးဖိတ်ကြားသူကတော့ဆွေးနွေးလို့ရတာပေါ့။ဒါပေမဲ့ မဲခွဲဆုံးဖြတ်ရတဲ့ကိစ္စမျိုးမှာဆိုရင်တော့သူတို့မှာဆုံးဖြတ်ခွင့်မရှိဘူးပေါ့” ဟု NCA လက်မှတ်ရေးထိုးထားသည့်ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌဦးခွန်မြင့်ထွန်းကရှင်းပြသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) ကိုနိုဝင်ဘာ၁၅ရက်နေ့က အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်၈ဖွဲ့တို့ သဘောတူလက်မှတ်ရေးထိုးထားခြင်းဖြစ်ပြီး အဆိုပါစာချုပ်လက်မှတ်ရေးထိုးပြီး ရက်ပေါင်း၉၀အတွင်း အင်အားစုအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများကိုစတင်ရမည်ဖြစ်သည်။

ရန်ကုန်တွင် လုယက်မှု စံချိန်တင် ၊ကျူးလွန်သူများကို အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ်အတွင်း အုပ်စုဖွဲ့ အကြမ်းဖက် လုယက်မှုများ စံချိန်တင် မြင့်တက် လာမှုကြောင့် လုယက်မှုများ လျော့နည်းကျဆင်းစေရန် ပြစ်မှုကျူးလွန်သူများကို အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ် အထိ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်တရားသူကြီးများထံမှ စုံစမ်း သိရှိရသည်။

ပြည်တွင်းသို့ ခိုးဝင်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄၈ ဦးကို နေရပ်သို့ ပြန်ပို့

ပြန်လည်လွှဲပြောင်းပေးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ခေါ်ဆောင်လာသော အာဏာပိုင်များ(ဓာတ်ပုံ - MOI)
မြန်မာနိုင်ငံသို့ လှေဖြင့် တရားမဝင် ခိုးဝင်လာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၈ ဦးကို ဒီဇင်ဘာ ၂ ရက်တွင် ၎င်းတို့နိုင်ငံသို့ပြန် လည်လွှဲပြောင်းပေးခဲ့ကြောင်း ပြန် ကြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

California သေနတ်သမား အိမ် ဗုံးကျည်ဆံ အများအပြား တွေ့ရှိ

ကယ်လီဖိုးနီးယားပြည်နယ်တွင်း စစ်ဆေးနေဆဲ နေအိမ်။ (ဒီဇင်ဘာ ၃၊ ၂၀၁၅)
ကယ်လီဖိုးနီးယားပြည်နယ်က အားလပ်ရက် ပါတီပွဲတခုမှာ လူ ၁၄ ယောက် အထိ သေဆုံးခဲ့တဲ့အထိ သေနတ်နဲ့ပစ်ခဲ့တဲ့ လင်မယား ၂ ယောက်ရဲ့ နေအိမ်ခန်းမှာ ပိုက်လုံးနဲ့ လုပ်ထားတဲ့ ဗုံး ၁၂ ခု၊ ဗုံးလုပ်တဲ့ ပစ္စည်းတွေနဲ့ ကျည်ဆံထောင်နဲ့ချီ တွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

အစိုးရသစ် မပြောင်းမီကာလ ဖားကန့်ဒေသတွင် စက်ယန္တရား အင်အားဖြင့် ကျောက်စိမ်းများ အကန့်အသတ်မရှိ တူးဖော်နေခြင်းမှာ ဒေသအတွက် စိုးရိမ်စရာဖြစ်နေ

ကချင်ပြည်နယ် အစိုးရမှ ဒီဇင်ဘာ၃ရက်က ဖားကန့်ဒေသသို့ ထွက်ခွာခွင့် ပြုလိုက်သည့် ကိုးတန်တင် တရုတ်နိုင်ငံလုပ် မြေသယ်ကားများကို မြစ်ကြီးနားမြို့ လွတ်လပ်ရေး ကျောက်တိုင်ကွင်းတွင် ယင်းနေ့ နေ့လယ်ပိုင်းက တွေ့ရစဉ်
အစိုးရသစ် မပြောင်းမီ ကာလတွင် ဖားကန့် ဒေသ၌ စက်ယန္တရား အင်အားဖြင့် ကျောက်စိမ်းများ အကန့်အသတ်မရှိ တူးဖော်နေခြင်းမှာ ဒေသအတွက် စိုးရိမ်စရာ ဖြစ်နေကြောင်း ဒေသခံများနှင့် ပညာရှင်များက ဝေဖန်နေကြသည်။

Thursday, 3 December 2015

ကာလီဖိုးနီးယားပြည်နယ်တွင် ပစ်ခတ်မှုဖြစ်ပွားရာတွင် အရပ်သား ၁၄ ဦးသေဆုံး ၁၇ ဦးဒဏ်ရာရ

ကာလီဖိုးနီးယားပြည်နယ် ဆန်ဘာနာဒီနိုမြို့ရှိ မသန်းစွမ်းသူများ စင်တာတစ်ခုအတွင် သေနတ်သမား ၃ ဦး ၀င်ရောက် ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၄ ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားအနေဖြင့် ကွန်ဂရက်လွှတ်တော်တွင် ပိုမိုခိုင်မာသော လက်နက်ထိန်းချုပ်ရေး အစီအစဉ်များကို ချမှတ်နိုင်ရန် တိုက်တွန်းနေချိန်တွင် အမေရိကန်ပြည်ထောင်စုအတွင်း ဆက်တိုက်ဖြစ်ပွားလာသော ပစ်ခတ်တိုက်ခိုက်မှုတွင် လူသေဆုံးမှု အများဆုံး ဖြစ်သည်။

ပါလီမန်မှ မဲခွဲဆုံးဖြတ်ခဲ့ပြီးသည့်နောက် ဆိုက်ပရက်စ်လေတပ်စခန်းမှ ဗြိတိန် ဗုံးကြဲလေယာဉ်များ ထွက်ခွာ

ဆီးရီးယားနိုင်ငံရှိ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ကို ဗုံးကြဲတိုက်ခိုက်ရန် ပါလီမန်မှ မဲခွဲဆုံးဖြတ်ခဲ့ပြီးသည့် အချိန်ပိုင်းအတွင်းမှာပင် ကြာသပတေးနေ့ မနက်ပိုင်း၌ ဆိုင်ပရက်စ်ရှိ RAF အက်ရိုတီရီ မှတဆင့် ဗြိတိန် တိုက်လေယာဉ်များ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေတပ်အခြေစိုက်စခန်းမှ တစ်နာရီအတွင်း ဂျက်လေယာဉ် လေးစင်း ထွက်ခွာသွားခဲ့သည်။

KIA အဖွဲ့မှ ချီဖွေမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူသစ်များ အတင်းအကြပ် လိုက်လံဖမ်းဆီး

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ၀ဆီးကျေးရွာအနီးဖွင့်လှစ်သည့် သင်တန်း တွင် သင်တန်းသားဦးရေ နည်းပါး သဖြင့် KIA အဖွဲ့မှ ကျေးရွာများအတွင်း လူသစ်များ အတင်းအကြပ်လိုက်လံဖမ်းဆီးနေကြောင်း ယင်းဒေသခံ များထံမှ သိရှိရသည်။

မန်းရှိ ရေသန့်လုပ်ငန်း ၁၂ ခု ယာယီပိတ်သိမ်းခံရ


မန္တလေးမြို့တွင် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန၏ ထောက်ခံချက်မရှိ သည့် သောက်ရေသန့်လုပ်ငန်း ၁၂ ခုအား ယာယီ ပိတ်သိမ်း စေခဲ့ ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ သတင်း ရရှိသည်။

အာဏာလွှဲပြောင်းမှုကာလ အထောက်အကူဖြစ်စေရန် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ထောက်ပံ့မည့်ကာလ တစ်နှစ်ထပ်မံတိုးမြှင့်

WFP ကယ်ဆယ်ရေးပစ္စည်းများ ရေဘေးဒေသသို့ရောက်ရှိလာစဉ် (ဓာတ်ပုံ−ရဲအောင်သူ/အေအက်ဖ်ပီ) 
မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအာဏာ   လွှဲပြောင်းမှု ကာလအတွင်း   ထိခိုက်နစ်နာ လွယ်သော ပြည်သူများအား စားနပ်ရိက္ခာအထောက်အပံ့များ ထောက်ပံ့ရန် သက်တမ်း  ၂နှစ်ထပ်မံတိုးမြှင့်ခဲ့ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)က သတင်းထုတ်ပြန် သည်။

အကောင်းဆုံးညနေခင်းဝတ်စုံဆု ဆွတ်ခူးသွားတဲ့ မြန်မာအလှမယ် Lဘောက်နူး

ပိုလန်နိုင်ငံတွင် ပြုလုပ် နေသော Miss Supranational 2015    ပြိုင်ပွဲ၌   မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် Lဘောက် နူးက အကောင်းဆုံးညနေခင်း ဝတ်စုံဆု ရရှိခဲ့သည်။

တိုင်းနှင့် ပြည်နယ် ဆယ်ခုတွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်၍ တောင်သူများ သတိပြုရန်လို

တိုင်းဒေသကြီးနှင့် ပြည် နယ် ဆယ်ခုတွင် ဒီဇင်ဘာ ၃ ရက် မှ ၅ ရက်အထိ အချိန်အခါမဟုတ် မိုးရွာနိုင်သည်ဟု မိုး/ဇလဌာနက သတင်းထုတ်ပြန်ထားပြီး ရိတ် သိမ်းဆဲသီးနှံများ မပျက်စီးရေးအ တွက် အမိုးအကာအောက် အ ချိန်မီပို့ဆောင်ထားရန် လိုအပ် သည်ဟု စိုက်ပျိုးရေးပညာရှင်အ ချို့က သတိပေးသည်။

ဗီယက်နမ်မင်းသမီး တောင်းဆိုလို့ ကူညီပေးခဲ့တဲ့ သျှားထွဋ်အိန္ဒြာ

ဓာတ်ပုံ−စိုင်းဇော် 

ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေ    ရွှေတိဂုံ စေတီတော်သို့ သွားရောက်ဖူးမြော် သည့်အစီအစဉ်တွင် မင်းသမီး၏ တောင်းဆိုမှုကြောင့် လိုက်ပါ ကူညီဖြစ်ခဲ့ကြောင်း Miss Unive-rse Myanmar 2014 သျှားထွဋ်အိန္ဒြာက ပြောကြားသည်။