Friday 4 December 2015

ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် သင်တန်း ဖွင့်ရက်များ ထုတ်ပြန်ကြေညာ

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးသို့ ဘွဲ့ကြိုတန်းတက်ရောက် ခွင့်ရရှိသူများစာရင်းကို သက်ဆိုင်ရာတက္ကသိုလ်များ၏ ကြော်ငြာသင်ပုန်း များတွင် ကြေညာထားပြီး ကျောင်းသား ကျောင်းသူများထံသို့လည်း စာဖြင့် အကြောင်းကြားထားပြီးဖြစ်သည်။ ပထမနှစ်သင်တန်း၊ ပထမ နှစ်ဝက်ပညာသင်ကာလအသီးသီးသို့ တက်ရောက်ကြမည့် ဘွဲ့ကြို သင်တန်းသား သင်တန်းသူများအတွက် ကျောင်းစတင်ဖွင့်လှစ်မည့်ရက်မှာ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်ဖြစ်ကြောင်း သိရသည်။
အသေးစိတ်သိရှိလိုပါက ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီး ဌာန(ရန်ကုန်ရုံးခွဲ)ရှိ ဖုန်း ဝ၁-၅ဝ၃၁၄၇၊ ဝ၁-၅ဝ၂၂၅၈ တို့ထံသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

မြ၀တီ

No comments:

Post a Comment