Friday 4 December 2015

စသုံးလုံး အရာရှိတစ်ဦးကို ကျပ်သိန်း သောင်းချီတန် မူးယစ်ဆေးများ သယ်ဆောင်မှုဖြင့် ဖမ်းဆီး

အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ)မှ စုံစမ်းစစ် ဆေးရေးမှူးတစ်ဦးကို ကျပ်သိန်း သောင်းချီတန်ဖိုးရှိသည့် မူးယစ် ဆေးနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်လာမှုဖြင့် ဖမ်းဆီး စစ်ဆေးနေသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ရှမ်းပြည်နယ် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန စုံစမ်းစစ် ဆေးရေးမှူး သူရ၀င်းဆိုသူကိုဖမ်း ဆီးစစ်ဆေးနေပြီး ၎င်းစီးလာသော ကားပေါ်မှ ကျပ်သိန်း ၄၈,၂၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ပစ္စတိုသေနတ်တစ်လက်၊ ကျည် အချို့ကို ရဲတပ်ဖွဲ့က ရှာဖွေဖမ်း ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်း အမှု၏ နောက်ဆက်တွဲ သံသယ ရှိသူအချို့ကို တောင်ကြီးမြို့အေး သာယာမြို့သစ်နှင့် တာချီလိတ် မြို့တို့၌ ဆက်လက်ဖမ်းဆီးထား ပြီး ကျပ်သိန်း သောင်းချီတန် မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းအချို့ ထပ်မံဖမ်းဆီးနိုင်ခဲ့ ကာ စုံစမ်းစစ်ဆေးနေသည်ဟုမြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲအရာရှိတစ်ဦးက ပြောသည်။
ကျပ်သိန်း ငါးသောင်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းအချို့ ဖမ်းဆီးမှု သည်ရှမ်းပြည်နယ်ပင်လောင်းမြို့ အနီးတွင် နိုဝင်ဘာ ၂၁ ရက်က ဖြစ်ပွားခဲ့ပြီး ယင်းနေ့တစ်နေ့ တည်း၌ပင် သံသယရှိသူ ကွင်း ဆက်တရားခံများကို ဆက်လက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ နိုဝင် ဘာ ၂၃ ရက်ထုတ် အစိုးရသတင်း စာများတွင် ‘‘ငွေကျပ် သိန်း တစ်သန်းကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများနှင့် လက်နက်များမြို့ ကြီးသုံးမြို့၌ သိမ်းဆည်းရမိ’’ဟူ၍ သတင်းထုတ်ပြန်ခဲ့သည်။ သို့ သော် သူရ၀င်းဆိုသူကို အထူးစုံ စမ်းစစ်ဆေးရေးဦးစီးဌာန စုံစမ်း စစ်ဆေးရေးမှူးအဖြစ် ဖော်ပြခဲ့ ခြင်းမရှိခဲ့ပေ။

‘‘ပြည်ထဲရေးဝန်ကြီးကိုယ် တိုင်က ဒီလိုအမှုတွေ ထိထိ ရောက်ရောက် အရေးယူဖို့ ပြော ထားတာရှိတယ်။ အခုက နောက် ကွင်းဆက်တွေ ဖော်နေတုန်းမို့လို့ အသေးစိတ်ပြောလို့မရသေးပါ ဘူး။ မကြာခင်တော့ သတင်း ထုတ်ပြန်ပါလိမ့်မယ်’’ဟု မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ အမည် မဖော်လိုသည့် ရဲအရာရှိတစ်ဦးက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာန အောက်တွင် အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာန၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ မီး သတ်ဦးစီးဌာနတို့ရှိသည်။ ၂၀၁၃ အတွင်းကလည်း စစ်ကိုင်းတိုင်း ဒေသကြီး ကလေးနှင့် တမူးမြို့တို့ မှ ရဲအရာရှိအချို့ မူးယစ်ဆေး ရောင်းဝယ်မှုတွင် ပါဝင်ပတ်သက် သောကြောင့် ပြည်ထဲရေးဝန်ကြီး ၏ ညွှန်ကြားမှုဖြင့် မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ဌာနချုပ်က ဖမ်းဆီးအရေး ယူမှုများပြုလုပ်ခဲ့ဖူးသည်။
7 day

No comments:

Post a Comment