Monday, 13 July 2015

မသန်စွမ်းများ မဲပေးပြီးနောက် ကြုံတွေ့ရသည့် အခြေအနေများကို ရွေးကောက်ပွဲနေ့တွင် စစ်တမ်းကောက်မည်

မသန်စွမ်းအနုပညာပွဲတော် အကြိုအထိမ်းအမှတအဖြစ်    မသန်စွမ်း သူများက ရန်ကုန်မှ မန္တလေးအထိ ဘီးတပ်ကုလားထိုင်ဖြင့် သွားရောက်ကြ သည်ကို နိုဝင်ဘာလ ၁၆ရက် နံနက်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) 
၂၀၁၅ အထွေထွေရွေးကောက်ပွဲနေ့တွင် မဲပေးပြီး မဲရုံကထွက်ရှိလာသည့် မသန်စွမ်းများအား မဲပေးရာ တွင် ကြုံတွေ့ရသည့် အခြေအနေများ ကို မေးမြန်း၍စစ်တမ်းကောက်ယူသွားမည်ဟု မြန်မာနိုင်ငံ မသန်စွမ်း သူများ ရှေ့ဆောင် အဖွဲ့ ဦးဆောင်ဒါရိုက်တာ ဦးနေလင်းစိုးက မဇ္ဈိမကိုပြောသည်။

တရုတ် မလေး အထိကရုန်း ဖြစ်မည်ကို လူတော်တော်များများ စိုးရိမ်နေ

ဓါတ်ပုံ ( တနင်္ဂနွေနေ့ ညနေတွင် Plaza Lowyat ထွတ်ပေါက်ရှေ့တွင် မလေးများ စောင့်ဆိုင်းနေစဉ်အား တွေ့ရစဉ် )
စနေနေ့ ညနေက ကွာလာလမ်ပူမြို့က Plaza Lowyat မှာ စခဲ့တဲ့ တရုတ် မလေး ပြသနာက ဒီနေ့ တနင်္ဂနွေ နေ့တွင် မလေး ၁၀၀ ခန့် မှ ဈေးကို ၀ိုင်းထား ခဲ့ပါသည်။ မြင်မြင်သမျှ တရုတ်များကို ရိုက်နှက် ရန်ရှာရန်ဖြစ်သည်။ တရုတ် မလေး အထိကရုန်း ဖြစ်မည်ကို လူတော်တော်များများ စိုးရိမ်နေကြသည်။

ပြည်တွင်းမှ ဆက်သွယ်ရေးအော်ပရေတာသုံးခုအား ၁၅နှစ်သာ လုပ်ကိုင်ခွင့်ပြုထားဟုဆို

လွင်ပြင် [ Photo - AFP ]
မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း (MPT)အပါအဝင် ပြည်တွင်းဆက်သွယ်ရေးဈေးကွက်တွင် လုပ်ကိုင်ခွင့်ပြုထားသည့် အော်ပရေတာ များအား လုပ်ငန်းလုပ်ကိုင်ခွင့် ၁၅နှစ် သာခွင့်ပြုထားကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာ ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဝင်းသန်း ကပြောဆိုလိုက်သည်။

တရုတ်ကို ဖြတ်သန်းတိုက်ခတ်ပြီးနောက် ချန်ဟွမ်မုန်တိုင်း အားလျော့လာ

တရုတ်နိုင်ငံကို ဝင်ရောက် တိုက်ခတ်ခဲ့သည့် ချန်ဟွမ် စူပါတိုင်ဖွန်း မုန်တိုင်းကြီးသည် ယခုအခါ အပူပိုင်း မုန်တိုင်းအဆင့်သို့ အားပျော့သွားပြီး ကိုရီးယား ကျွန်းဆွယ်ဘက် ဆက်လက်ဦးတည် ရွေ့လျားနေကြောင်း သိရှိရသည်။

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြ

စစ်ရေးပြအခမ်းအနားတစ်ခုတွင် ကင်ဂျုံအီနှင့် အတူတွေ့ရှိရသည့် ကာကွယ်ရေးဝန်ကြီးသစ် ပက်ယောင်ဆစ်(ယာ)
မြောက်ကိုရီးယားနိုင်ငံတွင် လစ်လပ်နေသည့် ကာကွယ်ရေးဝန်ကြီးနေရာတွင် ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီးတစ်ဦးကို ခန့်အပ်ထားကြောင်း ဇူလိုင် ၁၁ ရက်က ဖော်ပြခဲ့သည့် သတင်းတစ်ပုဒ်အရ သိရသည်။ ယခင် ကာကွယ်ရေးဝန်ကြီးဟောင်းကို လေယာဉ်ပစ်သေနတ်နှင့် ပစ်သတ်ကွပ်မျက်ပြီး သုံးလအကြာတွင် ယခု ကာကွယ်ရေးဝန်ကြီးအသစ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရတနာပုံ-ရန်ကုန်ပွဲစဉ် ပြစ်ဒဏ်ချမှုကို ကန့်ကွက်ကြောင်း ဆန္ဒပြ

ရန်ကုန်ယူနိုက်တက်အသင်းကို အားပေးသော ပရိသတ်များနှင့် ဖွဲ့စည်းထားသည့် ရန်ကုန်ဝါရီယာဖန်ကလပ် အဖွဲ့ဝင်များက ရတနာပုံ-ရန်ကုန်ယူနိုက်တက် ပွဲစဉ်၌ ဖြစ်ပွားခဲ့သော ပြဿနာများနှင့် ပတ်သက်၍ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ချမှတ်သော ပြစ်ဒဏ်ကို လက်ခံနိုင်ခြင်း မရှိကြောင်း ဇူလိုင်လ ၁၂ ရက်နေ့က ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တည်ထောင်လိုသူအဆိုပြုလွှာများ စတင်ခေါ်ယူ

မြို့သစ်စီမံကိန်း တိုးချဲ့မည့်မြို့နယ်များတွင်ပါဝင်သော ဒလမြို့တစ်နေရာ (ဓာတ်ပုံ − ကျော်ဇင်သန်း) 
ရန်ကုန်မြို့သစ်စီမံကိန်း တည်ထောင်ရန် တည်ထောင်လိုသူ နိုင်ငံသားပိုင်ကုမ္ပဏီများ အဆိုပြုလွှာ စတင်လျှောက်ထားနိုင် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇူလိုင် ၁၂ရက်တွင်နိုင်ငံပိုင်သတင်းစာ၌ ကြေညာ ချက် ထုတ်ပြန်ထားသည်။

ရုံးထုတ်လာသည့် မူးယစ်အချုပ်သားကို သေနတ်ပြပြီး ရဲလက် မှ ခေါ်ဆောင် သွားသည့်ဖြစ်စဉ်တွင် အခါတော်ပေး သူ အမျိုးသားတစ်ဦး ကို အားပေးကူညီမှုဖြင့် ဖမ်းဝရမ်းထုတ်

တောင်ကြီး ခရိုင်တရားရုံးမှ ရုံးထုတ်လာသော မူးယစ်အချုပ်သားကို သေနတ်ပြကာ လမ်းခုလတ်တွင် ရဲလက်မှခေါ်ဆောင် သွားသည့် မှုခင်းဖြစ်စဉ်တွင် နေ့ရက် အချိန်ကောင်း ရွေးချယ်ပေးခဲ့သည့် ဒီမောဆိုမြို့နယ်မှ အခါတော်ပေး အမျိုးသားတစ်ဦးကို ပြစ်မှုကျူးလွန် သူများအား အားပေးကူညီမှုဖြင့် ဖမ်း ဆီးရန်အတွက် ဝရမ်းထုတ် ထား ကြောင်း ရွှေညောင် ရဲစခန်းမှ စခန်း မှူး ရဲအုပ်မင်းဒင်က ဒီမိုကရေစီတူဒေး သို့ ပြောသည်။ 

အမေရိကန် ဒရုန်းလေယာဉ်များ ထိုးစစ်ကြောင့် IS ထိပ်ပိုင်းခေါင်းဆောင်နှင့် စစ်သွေးကြွများ သေဆုံး

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံတို့တွင် ခြေကုပ်ယူလှုပ်ရှားနေသည့် IS အုပ်စု ထိပ်တန်းခေါင်းဆောင်ဖြစ်သူ ဟာဖစ်ဇ်ဆာအိဒ်ကို အမေရိကန်စစ်ဘက် မောင်းသူမဲ့ ဒရုန်းလေယာဉ်များက ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့သည်ဟု အာဖဂန် ထောက်လှမ်းရေးအဖွဲ့က ထုတ်ဖော်ပြောကြားကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။ 

မြဝတီ-ကော့ကရိတ်လမ်းအနီး မြေမြှုပ်မိုင်းများ ရှိသောကြောင့် ဒေသခံများ အသွားအလာ ဆင်ခြင်ကြရန် BGF သတိပေး

တပ်မတော်နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သော မြဝတီ- ကော့ကရိတ် အာရှလမ်းအနီး မြေမြှုပ်မိုင်းများ ရှိနေသောကြောင့် ဒေသခံများ အသွားအလာ ဆင်ခြင်ရန် လိုအပ်ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF ဗိုလ်မှူး နိုင်မောင်ဇော်က The Voice သို့ ပြောကြားသည်။

ကျန်းမာရေး စောင့်ရှောက်မှုအာမခံစနစ် စတင်ရောင်းချသည့် ဇူလိုင် ၁ ရက်မှစ၍ ရက်သတ္တပတ်အတွင် ၀ယ်ယူသူဦးရေ ၁၅၀၀ ကျော်ရှိ

ကျန်းမာရေး စောင့်ရှောက်မှု အာမခံ စနစ်အား ပုဂ္ဂလိက ဝန်ထမ်းများနှင့် ပြည်သူ့ဝန်ထမ်း များက အဓိက စိတ်ဝင်စားမှု ရှိကာ စတင် ရောင်းချသည့် ဇူလိုင် ၁ ရက်မှစ၍ ရက်သတ္တပတ် အတွင်း ဝယ်ယူသူ ဦးရေ ၁၅ဝဝ ကျော် ရှိကြောင်း မြန်မာ့ အာမခံ လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိမ်း က ပြောသည်။

ကျားပဲ သေမလား...မုဆိုးပဲ သေမလား

ထောင်သူရဲဘအုပ်
ကျုပ် အမေစုကို စမြင်ဖူးခဲ့တာ ၁၉၈၈ အောက်တို ဘာလထဲမှာ။ ယိုးဒယားပြန် ပြည်သူ့ ပြည်ချစ်ပါတီ (PPP) ၀င်ဟောင်း ဦးထွေးမြင့်နဲ့ချိတ်မိသွားပြီး အမေစုကို တွေ့ခဲ့ရ တာ။အဲဒီအချိန်က ဦးထွေးမြင့်ဟာ အမေစုနားမှာရှိနေတယ်။
အဲဒီတုန်းက အမေ့နဘေးမှာ သခင်အုန်းမြင့်က တစ်ချိန်လုံးရှိတယ်။ ပြည်သူ့ရဲဘော် ဗိုလ်မင်းလွင်သား တွေဖြစ်တဲ့ ကိုအောင်မင်းလွင်၊ ကိုမော်မင်းလွင်၊ မသိင်္ဂီ၊ ကိုမြင့်ဆွေ(တင်ဆွေမိုး)တို့က အမေစု အိမ်အောက်ထပ် မှာ အနီးကပ်ရုံးအဖွဲ့ဝင်တွေဖြစ်တယ်။ ဘောကြီး၊ ဘန်နီ၊ ကျော်သူရကိုကို၊ မြတ်စံ၊ ပါကြီးတို့ စတဲ့ သုံးရောင်ခြည် လူငယ်တွေအဖြစ် အမေစု လုံခြုံရေးကို ယူထားကြတယ်။

လုယက်မှုများဆက်တိုက်ဖြစ်ပွားနေ၍ မန္တလေးတွင် လုံခြုံရေးတင်းကျပ်

ဇူလိုင်၁၂ရက်ညက မန္တလေးမြို့ပေါ်တွင် သွားလာနေသည့်ဆိုင်ကယ်များကို စစ်ဆေးနေစဉ် (ဓာတ်ပုံ−ဖြိုးဖြိုးဇော်)
မန္တလေးမြို့တွင် ညနေနှင့် ညအချိန်တို့၌ ဆိုင်ကယ်ဖြင့် လုယက်မှုများဆက်တိုက်ဖြစ်ပွားနေမှုကြောင့် မြို့နယ်တစ်ခုလျှင် လုံခြုံရေးဆောင်ရွက်မည့် အဖွဲ့ခွဲများထားရှိ၍ အင်အား ၆၀ ခန့်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မူဆယ်ဆန် အဖမ်းအဆီးကြောင့် တရုတ်ကုန်သည်များထံမှ အကြွေး ဆုံးမည်ကို မြန်မာကုန်သည်များ စိုးရိမ်နေ

တရုတ်အစိုးရကတရား မ၀င်သွင်းကုန်သမားများကိုဖမ်း ဆီးမှုကြောင့် မြန်မာ ဆန်ကုန် သည်များအနေဖြင့် တရုတ်ကုန် သည်များထံတွင် ဆန်ဖိုးအကြွေး ယွမ်ငွေတစ်သန်းခန့် ဆုံးရှုံးမည် ကို စိုးရိမ်နေကြကြောင်း သတင်း ရရှိသည်။

ဒီမိုကရေစီလိုလားသူ အင်အားစုများနှင့် မဲဆန္ဒရှင် ပြည်သူလူထု၏ ဆက်လက် ထောက်ခံမှုဖြင့် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း NLD အထူးကြေညာချက် ထုတ်ပြန်

NLD ပါတီအနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ၀င် မ၀င် ဆွေးနွေးအပြီး ဇူလိုင် ၁၁ ရက် ညနေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်  
ဒီမိုကရေစီလိုလားသူ အင်အားစုများနှင့် မဲဆန္ဒရှင် ပြည်သူလူထု၏ ဆက်လက် ထောက်ခံမှုများဖြင့်၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်သည်။ 

ဖားကန့် - ကာမိုင်းလမ်းတွင် KIA အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေသခံ(၁) ဦး သေဆုံး၊ (၁)ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်၊ လွယ်ဆိုင်းကျေးရွာအနီးတွင် KIA အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ဒေသခံ(၁)ဦး သေဆုံးပြီး (၁)ဦးဒဏ်ရာရရှိခဲ့ကြောင်း ကာမိုင်းရဲစခန်းတာဝန်ရှိသူ တစ်ဦးမှပြောကြားချက်အရ သိရှိရသည်။

ပလက်ဝမြို့တွင် နိုင်ငံခြားသားခရီးသွားလာခွင့်ရရှိရန် မြို့ သစ် ဧရိယာ ဧက နှစ်ထောင်ခန့်  တိုးချဲ့မည်

ပလက်ဝမြို့မြင်ကွင်းတစ်ခုအားတွေ့ရစဉ်။ ဓာတ်ပုံ- TGH
ပလက်ဝမြို့တွင် နိုင်ငံခြားသားခရီးသွားလာခွင့်ရရှိ ရန်နှင့် မြို့ဖွံ့ဖြိုးတိုးတက်ရန်အတွက် မြို့သစ်ဧရိယာ တိုးချဲ့ခြင်းစီမံကိန်း အကောင်အထည်ဖော်လုပ်ဆောင်မည် ဖြစ်ကြောင်း ချင်းပြည်နယ် သစ်တော နှင့် သတ္တုရေးရာဝန်ကြီး ဦးကျော် ငြိမ်းက ဆိုသည်။ 

နိုင်-ကျဉ်းများနဲ့ လူငယ်များအတွက် အလှူငွေ ကျပ် ၄၂ သိန်း ချီးမြှင့်

နိုင်-ကျဉ်းများနဲ့ လူငယ်များအတွက် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက ဇူလိုင်လ ၁၂ ရက်နေ့က တော်ဝင်နှင်းဆီ စားသာက်ဆိုင်မှာ ကျင်းပနေစဉ် Photo: Thiha Tun/ RFA

လက်ရှိအကျဉ်းထောင်တွေထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ စာနယ်ဇင်းသမားတွေ၊ နိုင်ငံရေးအကျဉ်း သားဟောင်း ၁၄ ဦးနဲ့ လူငယ်ဘုံရိပ်သာအတွက် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက အလှူငွေကျပ် ၄၂ သိန်းကို မိသားစုဝင်တွေထံ ပေးအပ်လှုဒါန်းခဲ့ပါတယ်။

လပွတ္တာတွင်လူကြီးချင်း နာကြည်းချက်ကြောင့် (၁၃) နှစ်အရွယ် မိန်းကလေးသတ်ဖြတ်ခံရ

လပွတ္တာမြို့တွင် ဇူလိုင် ၅ ရက်က အသတ်ခံခဲ့ရသည့် အ သက် (၁၃) နှစ်အရွယ် မိန်းက လေးငယ်မှာ လူကြီးချင်းနာကြည်း ချက်ကြောင့် သတ်ဖြတ်ခံရခြင်း ဖြစ်ပြီး သတ်ဖြတ်ခဲ့သည့် သံသယ တရားခံကို ဇူလိုင်၉ ရက်က ဖော် ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ဧရာ ၀တီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဇလွန်ရေကာတာ ကျိုးမကျစေရန် အရေးပေါ်ကာကွယ်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ တစ်ခရိုင်လုံးကို ရေကြီးမှု ဘေးအန္တရာယ်မှ ကာကွယ်ထားသော ဇလွန်ရေကာတာနှင့် ၆၅ ပေခန့် အကွာတွင် ဧရာဝတီမြစ်ရေ အရှိန်ပြင်းစွာ တိုက်စားမှုကြောင့် ကမ်းပြိုကျမှုများ ဖြစ်ပွားနေသဖြင့် ရေကာတာမကျိုးစေရန် ဒေသခံများ၏ အကူအညီဖြင့် အရေးပေါ်ကာကွယ်နေရကြောင်း ဟင်္သာတခရိုင် ဆည်မြောင်းဦးစီးဌာနထံမှ သိရသည်။