Tuesday, 28 April 2015

ရခိုင်က ဒုက္ခသည်တွေအတွက် အကူအညီများပေးနိုင်ရန် အမေရိကန် တောင်းဆို

စပါးဆိပ်ကျေးရွာမှ စစ်ရှောင်ဒုက္ခသည်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဇော်ဝင်း) 
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းက မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့အကြား လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်အရပ်သားတွေ ဘေးကင်းလုံခြုံမှုကို အာမခံချက် ပေးဖို့ နဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ အချိန်မီထောက်ပံ့နိုင်ဖို့ အတွက် ရန်ကုန်မှာ ရှိတဲ့ အမေရိကန်သံရုံးက အစိုးရကို တောင်းဆိုလိုက်ပါတယ်။

ဦးခင်ရွှေပေးသမျှယူသာယူ၊ မဲထည့်ရင်သာ NLDကို မဲထည့်ဟု ဒေါ်စုပြော

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ကော့မှူး မြို့နယ်တွင် မဲဆန္ဒရှင်များနှင့် ဧပြီ ၂၇ ရက် နေ့လည် ၂နာရီက တွေ့ဆုံပြီး အာဏာရ ပြည်ခိုင်ဖြိုးပါတီအမတ် ဦးခင်ရွှေက ပေးသည်များကို လက်ခံယူရန်နှင့် NLD ကိုသာ မဲထည့်ရန် စည်းရုံးပြောဆိုခဲ့သည်။

နီပေါငလျင်ကြောင့် သေဆုံးသူဦးရေ ၅၀၀၀ အထိ ရှိနိုင်

နီပေါငလျင်ကြောင့် သေဆုံးသူဦးရေဟာ ၅၀၀၀ အထိ ရှိနိုင်တယ်လို့ ပြည်ထဲရေးဌာန အကြီးတန်းအရာရှိ တယောက်က ပြောပါတယ်။ ဒါကြောင့် ဒါဟာ ၁၉၃၄ ခုနှစ်က လူ ၈၅၀၀ သေဆုံးခဲ့တဲ့ ငလျင် နောက်ပိုင်း အဆိုးရွားဆုံးဖြစ်ပါတယ်။

ရခိုင်တိုင်းရင်းသားများကို မူးယစ်ဆေးဝါးများဖြင့်ဖျက်ဆီးဖို့ ကြိုးစား လာသည့် AA သောင်းကျန်းသူများ

ရခိုင်ပြည်နယ်အတွင်း စိမ့်ဝင်လှုပ်ရှားလာသည့် AAသောင်းကျန်းသူများအား တပ်မတော်မှ လိုက်လံ ရှင်း လင်း ချေမှုန်းလျက်ရှိပါတယ်။ ဧပြီလ ၂၄ ရက်နေ့ က ဒေသခံများ၏ သတင်းပေးချက်အရ တပ်မတော် စစ်ကြောင်းနှင့် AA သောင်းကျန်းသူများထိတွေ့မှုဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများထံမှ လက် နက် ခဲယမ်း များ၊ စစ်အသုံးအဆောင်ပစ္စည်းများအပြင် မူးယစ်ဆေးဝါး များလည်း သိမ်းဆီးရမိခဲ့တယ်လို့ သိရှိရပါတယ်။ ဒါကြောင့် ကေအိုင်အေ လက်အောက်မှာနေထိုင်လှုပ်ရှားလာခဲ့တဲ့ AA သောင်းကျန်းသူများဟာ ရခိုင် ပြည်နယ်မငြိမ်းချမ်းအောင် လုပ်ဆောင်ချင်ရုံသာမက ရခိုင်လူငယ်များကိုပါ မူးယစ်ဆေးဝါးများဖြင့် ဖျက်ဆီး ဖို့ ကြံရွယ်လာတယ်လို့ ယူဆရပါတယ်။

ထိုင်းငါးဖမ်းစက်လှေပေါ် ရောင်းစားခံခဲ့ရပြီးနောက် လုပ်အားခမရဘဲ တစ်နေ့ ၂၃ နာရီအထိ အလုပ်လုပ်ကိုင်ခဲ့ရသော မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးအနက် ဖခင်ဖြစ်သူ ထွက်ပြေးလွတ်မြောက်လာ

တရားမ၀င် ငါးဖမ်းသင်္ဘောများတွင် အလုပ်လုပ်ရသည့် ရေလုပ်သားများကို ဧပြီလဆန်းပိုင်းက အင်ဒိုနီးရှား နိုင်ငံ၌ တွေ့ရစဉ် (Photo: AFP)
ထိုင်းငါးဖမ်းစက်လှေ တစ်ခုတွင် ရောင်းစားခံရပြီးနောက် လုပ်အားခမရဘဲ တစ်နေ့ ၂၃ နာရီအထိ အလုပ် လုပ်ကိုင်ခဲ့ရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးအနက် ဖခင်ဖြစ်သူ ထွက်ပြေးလွတ်မြောက် လာကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် MWRN မှ သတင်းရရှိသည်။

၂၀၁၅တွင် ဧရာဝတီကို ကရင့်ပြည်သူ့ပါတီ၊ ကရင်ပြည်နယ်ကို ဖလုံ/စဝေါ်တို့က အဓိကထားပြိုင်မည်

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသို့ ဧရာဝတီတိုင်းတွင် ကရင်ပြည်သူ့ပါတီနှင့် ကရင်ပြည်နယ်ကို ဖလုံ/ စဝေါ်ပါတီတို့က အဓိကထားယှဉ်ပြိုင်ကြမည်ဟု ပါတီတာဝန်ရှိသူများက ဧပြီ ၂၆ ရက်တွင် မဇ္ဈိမကိုပြော သည်။

ရန်ကုန်မြို့ပြ အမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရန် ဥပဒေပြုရေး လိုအပ်နေဟုဆို

ရန်ကုန်မြို့ပြ အမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရန် ဥပဒေပြုရေးကိစ္စများ လိုအပ်နေပြီဟု ဥရောပ သမဂ္ဂမြို့ပြ အမွေအနှစ်စောင့်ရှောက်ရေး အကြံပေးအဖွဲ့မှ အဲလိဇဖက်ဗင်းနက်စ်က ပြောသည်။

Monday, 27 April 2015

တိုက်ပွဲဖြစ်ပွားနေသော လက်နက်ကိုင်အဖွဲ့များကို တိုင်းရင်းသားလက်နက်ကိုင် ညီလာခံ ဖိတ်ထားဟုဆို

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား သဘောတူညီထားသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အပစ်ရပ်မူကြမ်းကို ဆွေးနွေးမည့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ၏ ပန်ဆန်းညီလာခံကို တက်ရောက်ရန် လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့၊ ရခိုင်လက်နက်ကိုင်အဖွဲ့နှင့် တအာင်းလက်နက်ကိုင် အဖွဲ့တို့ကိုပါ ဖိတ်ကြားထားကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံမှ သိရသည်။
“အခုတိုက်ပွဲဖြစ်ပွားနေဆဲ အဖွဲ့တွေကိုလည်း ဖိတ်ကြားထားပါတယ်။ ပြီးခဲ့တဲ့ နှစ်လတည်းက စီစဉ်ထားတဲ့အတိုင်း သွားတဲ့သဘောပါ။ NCCT ထဲက မတက်ရောက်တဲ့ အဖွဲ့တွေကတော့ သီးခြား NCCT ထဲမှာ ပြန်ရှင်းလင်း ဆွေးနွေးကြမှာပေါ့” ဟု “ဝ” ပြည် သွေးစည်းညီညွှတ်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တန်ချိန်ထောင်ချီသော မူးယစ်ဆေးဝါးများ “ဖြစ်ရပ်မှန်လား---လုပ်ကြံပြောဆိုမှုလား” - အပိုင်း (၄)

ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း KIO
-------------------------------------------------------
KIO သည်လည်း မူးယစ်ဆေးဝါးရောင်းဝယ်မှုလုပ်ငန်းများတွင် ယုံနိုင်စရာမရှိလောက်အောင် ပါဝင်ပတ်သက်နေပါသည်။ ခေတ်ပညာတတ် နှစ်ခြင်းခရစ်ယာန်ဘာသာဝင် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သူများ ဆိုသည်နှင့် ဆန့်ကျင်၍ မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးခြင်းလုပ်ငန်းများတွင် များစွာ ပါဝင်လျက်ရှိပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံအတွင်း၊ အိန္ဒိယနိုင်ငံ နှင့် တရုတ်နိုင်ငံများသို့ မူးယစ်ဆေးဝါး များဖြန့်ဖြူးလျက်ရှိပါသည်။ မန္တလေးနှင့် မြစ်ကြီးနား မြို့ကြီးများသည် KIO အဖွဲ့ကလက်ဝါးကြီးအုပ် ထားသော မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချရာ ဈေးကွက်များဖြစ်ပါသည်။ မူးယစ်ဆေးဝါးရောင်းဝယ် ခြင်းမှရရှိသော ငွေကြေးများကို ယူနန်ပြည်နယ်နှင့် တရုတ်ပြည်မကြီးအတွင်းရှိ တရားဝင်စီးပွားရေး လုပ်ငန်းများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံကြပါသည်။ KIO ခေါင်းဆောင်များသည် ထိုဒေသများမှ အာဏာပိုင်များနှင့် ရင်းနှီးမှုနှင့် ပူးပေါင်းလုပ်ဆောင်မှုများကို နှစ်ပေါင်းများစွာကတည်းက လုပ်ဆောင် ခဲ့ကြပါသည်။ Yingcheng ရှိ Yin Muang ဟိုတယ်သည် KIO ဌာနချုပ်ပိုင်ဟိုတယ်ဖြစ်ပါသည်။ အလားတူ Chengguanzhen ရှိ 123 ဟိုတယ်သည်လည်း KIO ဥက္ကဋ္ဌ ဇောင်ဟရား ပိုင်ဟိုတယ်ဖြစ် ပါသည်။ ကူမင်း၊ ကွမ်ကျိုး နှင့် ယန်ကျန်း မြို့များရှိ Shin Lee ကျောက်စိမ်းကုမ္ပဏီများသည်လည်း KIO မှ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ အင်ဘန်လ ပိုင်ဆိုင်ပါသည်။ Ruili ရှိ Jing Cheng ဟိုတယ်နှင့် Spa ကိုလည်း ဗိုလ်ချုပ် ဂွမ်မော် ပိုင်ဆိုင်ပါသည်။ Chengguanzhen ရှိ Jing Cheng ဟိုတယ်ပိုင် ဂေါက်ကွင်း သည်လည်း KIO ၏ မူးယစ်ဆေးဝါးလုပ်ငန်းများမှရရှိသော ငွေများကိုပြန်လည်မြှုပ်နှံ ထားခြင်းဖြစ်ပါသည်။ ထိုပိုင်ဆိုင်မှုများသည် သိမြင်လွယ်သည့်အကြောင်းအရာများသာဖြစ်ပါသည်။

တန်ချိန်ထောင်ချီသော မူးယစ်ဆေးဝါးများ “ဖြစ်ရပ်မှန်လား---လုပ်ကြံပြောဆိုမှုလား” - အပိုင်း (၃)

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်
---------------------------------------------------------------
၁၉၈၉ ခုနှစ်၊ အေပြီလ ၁၇ ရက်နေ့တွင် “ဝ” လူမျိုးများ အုပ်စုကွဲခဲ့ပြီး ချိုင်ငိုင်လိုင် နှင့် ဗိုယူဟိုင် တို့ကဦးဆောင်ကာ ဗမာပြည်ကွန်မြူနစ်ပါတီရုံးချုပ်ကို သိမ်းပိုက်ပြီး “ဝ” တပ်မတော်အဖြစ် ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါသည်။

ဗမာပြည်ကွန်မြူနစ်ပါတီမှ အသွင်ပြောင်လာသော “ဝ” တပ်မတော်သည် ၂၀ဝ၅ ခုနှစ်တွင် “ဝ” ဒေသအတွင်း မူးယစ်ဆေးဝါးကင်းမဲ့ဇုန်အဖြစ်ကြေညာခဲ့ပါသည်။ ထိုကြေညာချက်နှင့်ဆန့်ကျင်၍ ဘိန်းစိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများကို လျှို့ဝှက်စွာနှင့် မသိမသာ လုပ်ဆောင်ခဲ့ ကြပါသည်။ ၂၀ဝ၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် အမေရိကန်အစိုးရက “ဝ”တပ်ဖွဲ့အား မူးယစ်ဆေးဝါးတိုက်ဖျက်သောအဖွဲ့အစည်းအဖြစ်သတ်မှတ်ပေးခဲ့ပါသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကိုအကြောင်းပြ၍ ထုတ်လုပ်ခြင်းနှင့်ဖြန့်ဖြူးခြင်းလုပ်ငန်းများကို သိုသိပ်စွာလုပ်ဆောင်ခဲ့ ကြပါသည်။ “ဝ” တပ်ဖွဲ့သည် ရှမ်းပြည်နယ်အတွင်း နေရာအနှံ့အပြားမှ ဘိန်းများကို ဝယ်ယူခဲ့ပြီး

စစ်အသုံးစရိတ် ၀န်ထုပ်ဝန်ပိုးဖြစ်နေသည့် နိုင်ငံ ၂၀ တွင် မြန်မာပါဝင်

စစ်အသုံးစရိတ်ကို တိုင်းပြည်ဂျီဒီပီရဲ့ ၄ ရာခိုင်နှုန်းအထက်ပိုသုံးပြီး ၀န်ထုပ်ဝန်ပိုးဖြစ်နေတဲ့ နိုင်ငံ ၂၀ ထဲမှာ မြန်မာနိုင်ငံပါဝင်တယ်လို့ စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနသိပ္ပံ (SIPRI) ရဲ့ မှတ်တမ်းမှာ ဖော်ပြပါတယ်။ ဒီအဖွဲ့ဟာ ဆွီဒင်နိုင်ငံမှာ အခြေစိုက်တာဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်အသုံးစရိတ်နဲ့ လက်နက်အရောင်းအ၀ယ်ကိစ္စတွေကို စောင့်ကြည့် လေ့လာ မှတ်တမ်းပြုစု ထုတ်ပြန်နေတာပါ။
၂၀၁၄ ခုမှာ စစ်စရိတ် ဂျီဒီပီ ၄ ရာခိုင်နှုန်းနဲ့ အထက်သုံးတဲ့ နိုင်ငံ ၂၀ ကတော့ အိုမန်၊ ဆော်ဒီအာရေဗီးယား၊ တောင်ဆူဒန်၊ ချဒ်၊ လစ်ဗျား၊ အစ္စရေး၊ ရုရှား၊ လက်ဘနွန်၊ မြန်မာ၊အီရတ်၊ ယီမင်နဲ့ ဆီးရီးယား စတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

ကျောက်တော်မြို့နယ်မှ တိုက်ပွဲရှောင် ဒုက္ခသည်များတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၀၀ ကျော် ပါဝင်ကြောင်း သိရ

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့၏ တိုက်ပွဲများကြောင့် ကျောက်တော်မြို့နယ်မှ တိုက်ပွဲရှောင် ဒုက္ခသည်များတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၀၀ ကျော် ပါဝင်ကြောင်း စားနပ်ရိက္ခာ သွားရောက်လှူဒါန်းခဲ့သူများက ပြောကြားသည်။
တိုက်ပွဲများကြောင့် တိမ်းရှောင်နေသော ကျေးရွာသုံးရွာရှိပြီး အောင်လံချောင်း၊ ပင်လုံနှင့် ကုလားချောင်းကျေးရွာတို့မှ ရွာသားများဖြစ်ကာ လက်ရှိအချိန်တွင် စပါးဆိပ်ကျေးရွာ၌ ခိုလှုံနေကြကြောင်း၊ ဒုက္ခသည်များအနက် အသက် ၁၈ နှစ်အောက် ကျား ၁၀၉ ဦး၊ မ ၁၀၈ ဦး၊ အသက် ၁၈ နှစ်အထက် ကျား ၁၀၈ ဦး၊ မ ၈၂ ဦး စုစုပေါင်း ၄၀၇ ဦးဖြစ်ကြောင်း သတင်းရရှိသည်။

ရခိုင်လူမျိုးတွေလက်မခံတဲ့ AA သောင်းကျန်းသူ

“အရင်က ရခိုင်ပြည်မှာ ဘာသူပုန်မှမရှိဘူး အားလုံးအေးချမ်းနေတာ၊ အခု AA ဆိုတဲ့အဖွဲ့ပေါ်လာမှ ရခိုင်တွေလဲ ဒုက္ခရောက်ကုန်ပြီ၊ သူတို့က ဘင်္ဂလီ နဲ့ပေါင်းနေတာကိုး၊ ကျုပ်တို့ရခိုင်တွေကတော့ ဒီကောင် တွေကိုတွေ့ရင်တွေ့ တဲ့နေရာ ကနေ အစိုးရတပ်ကို သတင်းပေးနေအုံးမှာပဲ”ကချင်ပြည် နယ်ရှိ KIA အဖွဲ့၏ လက်အောက်ခံတပ်ဖွဲ့ပုံစံမျိုးဖြင့် လှုပ်ရှားနေသော AA သောင်းကျန်းသူတပ်ဖွဲ့နှင့် ပတ်သက်၍ ရခိုင် အမျိုး သား ဦးထွန်းဖြူက ဒေါသသံများဖြင့် ပြောဆိုလိုက်သည်။

ကိုးကန့်ဒေသ နောက်ဆုံး အခြေအနေ

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ကိုးကန့်ဒေသ ထဲမှာ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ မြန်မာ့တပ်မတော်နဲ့ ကိုးကန့်တပ်တို့ကြား တိုက်ပွဲတွေ ခေတ္တ ငြိမ်သက်သွားပေမဲ့လို့ မြန်မာတပ်ဘက်က စစ်တပ်အင်အားတွေ အလုံးအရင်း ထပ်မံ တိုးချဲ့ချထားလာတဲ့အတွက် စစ်ရေးကတော့ ဆက်ပြင်းထန်မယ့် အနေအထား လို့ ကိုးကန့်တပ်ဘက်ကပြောပါတယ်။ ကိုးကန့်ဒေသတွင်း စစ်မီးငြိမ်းနိုင်ရေး က ကိုးကန့်တပ်ဘက်က အလုံးစုံ လက်နက်ချမှာပဲ ဖြစ်နိုင်မယ်လို့ သမ္မတရုံးဘက်က တုန့်ပြန်ပါတယ်။ ကိုးကန့်ဒေသ စစ်ရေးအခြေအနေ အသေးစိတ် မဆုမွန်ကဆက်ပြောပြပေးပါမယ်။

၂၀၁၅ နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်ဆုရှင်

အမျိုးသမီး သတ္တိရှင်ဆုရှင် မမေစပယ်ဖြူ
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ကျား-မ တန်းတူအခွင့်အရေး ရရှိဖို့၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ ပိုမို ပါဝင်ဆောင်ရွက်ခွင့် ရရှိဖို့စတဲ့ ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့အတွက် အမေရိကန်ပြည်ထောင်စုကပေးတဲ့ ၂၀၁၅ ခုနှစ် နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်ဆုအတွက် ရွေးချယ်ခံရတာ ဖြစ်တယ်လို့ ကချင်တိုင်းရင်းသူ မမေစပယ်ဖြူက ပြောပါတယ်။ မြန်မာနိုင်ငံက အမျိုးသမီးတွေ အကြမ်းဖက်မှု မျိုးစုံကနေ ကာကွယ်နိုင်မဲ့ ဥပဒေတွေ ပေါ်ပေါက်လာဖို့၊ တခါ ကချင်ပြည်နယ်ထဲမှာ စစ်ပွဲတွေ ရပ်ဆဲရေးစတာတွေကိုလည်း ကြိုးစား ဆောင်ရွက်နေပါတယ်လို့ Washington DC မြို့တော်မှာ ဆုလာရောက် လက်ခံစဉ်မှာ VOA ကို ပြောပါတယ်။ အမေရိကန် အစိုးရကပေးတဲ့ နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆု (International Women of Courage Award) ရရှိတဲ့ မမေစပယ်ဖြူကို ဗွီအိုအေ ၀ိုင်းတော်သူ မအင်ကြင်းနိုင်က တွေ့ဆုံ မေးမြန်းထားပါတယ်။

မွန်ပြည်နယ် မုဒုံမြို့နယ် မြိုင်ကုန်းကျေးရွာ ၀င်းစိန်တောရကျောင်း ဆရာတော်ဘဒ္ဒန္တကေသရ၏ ထေရုပ္ပတ္တိအကျဉ်း

ဖွားမြင်တော်မူခြင်း
ဆရာတော်လောင်းလျာကို မွန် ပြည်နယ်၊ မုဒုံမြို့နယ်၊ လက်တက် ကျေးရွာ၌ အဖ ဦးနိုင်ဖေ၊ အမိ ဒေါ်တရုတ်မတို့မှ ၁၂၈၃ ခုနှစ်၊ ပြာသို လပြည့်ကျော် ၁ဝ ရက် (တနင်္လာနေ့) တွင် ဖွားမြင်တော်မူခဲ့သည်။

အမျိုးသမီးများလည်း အပြောင်းအလဲကို လိုလားသည်

မြန်မာ့တပ်မတော်အနေနှင့် နှစ်ပေါင်း ၅၀ ခန့်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် တပ်မတော်အတွင်း သို့  အမျိုးသမီးများကို ဝင်ရောက်ဖို့ ဖိတ်ခေါ်ကြောင်း ယမန်နှစ် အောက်တိုဘာလအတွင်းတွင် အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ အသက် ၂၅ နှစ်မှ ၃၀ အတွင်းရှိ အိမ်ထောင်မရှိသူ တက္ကသိုလ်တစ်ခုမှ ဘွဲ့ရရှိထားပြီး အနည်းဆုံးအရပ် ၅ ပေ ၃ လက်မရှိပြီး ကိုယ်အလေးချိန်ပေါင် ၁၃၀ ထက် မကျော်လွန်သော အမျိုးသမီးများ လျှောက်ထားနိုင်သည်ဟုလည်း ဆိုသည်။

အစိုးရသစ် လက်ထက်အတွင်း ရန်ကုန်မြို့၌ ခုံးကျော်တံတားများ အလျင်အမြန် ဆောက်လုပ်နေမှု ရပ်တန့်သင့်ပြီလား

မြေနီကုန်း ခုံးကျော်တံတားပေါ်မှ ယာဉ်များ သွားလာနေစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်) 
အစိုးရသစ်လက်ထက် ကာလအတွင်း ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် ခုံးကျော်တံတား စီမံကိန်းများ စတင်ခဲ့သည်။ လှည်းတန်း၊ ဘုရင့်နောင်၊ ရွှေဂုံတိုင်၊ မြေနီကုန်း စသည့်လမ်းဆုံများတွင် ခုံးကျော်တံတားလေးစင်း ဆောက်လုပ်ခဲ့ပြီး ဖြစ်သည်။

တိုက်ပွဲများ ဖြစ်နေသော်လည်း ကျောက်တော်တောင် ဘုရားပွဲ လုံခြုံရေး စိုးရိမ်စရာမရှိဟုဆို

ကျောက်တော်နယ်စပ်နှင့် ပလက်ဝနယ်စပ်အကြားတွင် မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ အကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားမှုများ ရှိနေသော်လည်း ဧပြီလ ၂၇ ရက်နေ့တွင် စတင်ကျင်းပမည့် ကျောက်တော်တောင် ဘုရားပွဲအတွက် လုံခြုံရေး စိုးရိမ်စရာမရှိဟု  ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ခင်မောင်က နိရဉ္စရာသို့ ပြောသည်။

မလေးရှား အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကာလအတွင်း ရိုဟင်ဂျာ ဘင်္ဂါလီအရေး ဖိအားပေးမှုများ ရှိသော်လည်း ဆွေးနွေးရန် အကြောင်းမရှိဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး တုံ့ပြန်

မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ပြုလုပ်သည့် (၂၆) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာကြသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ (ဓာတ်ပုံ-နေထွန်းနိုင်)
မလေးရှားနိုင်ငံ၌ ပြုလုပ်နေသော ၂၆ ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ်အစည်း အဝေး ကာလအတွင်း ရိုဟင်ဂျာဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ဖိအားပေးမှုများ ရှိသော်လည်း ဆွေးနွေးရန် အကြောင်းမရှိဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တုံ့ပြန်ပြောကြားလိုက်သည်။