Monday 27 April 2015

မွန်ပြည်နယ် မုဒုံမြို့နယ် မြိုင်ကုန်းကျေးရွာ ၀င်းစိန်တောရကျောင်း ဆရာတော်ဘဒ္ဒန္တကေသရ၏ ထေရုပ္ပတ္တိအကျဉ်း

ဖွားမြင်တော်မူခြင်း
ဆရာတော်လောင်းလျာကို မွန် ပြည်နယ်၊ မုဒုံမြို့နယ်၊ လက်တက် ကျေးရွာ၌ အဖ ဦးနိုင်ဖေ၊ အမိ ဒေါ်တရုတ်မတို့မှ ၁၂၈၃ ခုနှစ်၊ ပြာသို လပြည့်ကျော် ၁ဝ ရက် (တနင်္လာနေ့) တွင် ဖွားမြင်တော်မူခဲ့သည်။

ရှင်ရဟန်းအဖြစ်သို့ ရောက်တော်မူခြင်း
၁၃၃၃ ခုနှစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ဈေးကြိုရပ်၊ ဇောတိ ကာရာမကျောင်း ခဏ္ဍသိမ်၌ ဇောတိ ကာရာမကျောင်းဆရာတော် ဘဒ္ဒန္တသောဘိတကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိ တော်မူခဲ့ပါသည်။

ပရိယတ္တိစာပေသင်ယူဆည်းပူးတော်မူခြင်း
ဆရာတော်သည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတိုးကော့နှပ် ကျောင်းဆရာတော်နှင့် ကျောင်းသစ် ကျောင်း ဆရာတော် ဘဒ္ဒန္တဝေပုလ္လ တို့ထံတွင် ပရိယတ္တိစာပေများ သင်ယူဆည်းပူးခဲ့သည်။

သာသနာရေးအားပေးဆောင်ရွက်တော်မူခြင်း
ဆရာတော်သည် သာသနာပြုသက်တမ်း နှစ် ၅ဝ အတွင်း မြန်မာ ပြည်အရပ်ရပ်ရပ်ရှိ သုသာန်ပေါင်း ၁၃၃ ခုတွင် ကမ္မဋ္ဌာန်းအားထုတ်ခြင်း နှင့် ဓုတင် ၁၃ ပါးကို ပြင်းပြင်းထန်ထန် ကျင့်ကြံတော်မူပြီး ကရင် ပြည်နယ်၊ ဘားအံမြို့နယ် ဇာသပြင် သာသနာပြုစခန်း၊ မုဒုံမြို့နယ် ခပ်ရခပ်ယူ သာသနာပြုစခန်း၊ ကမာချိုင့် သာသနာပြုစခန်း၊ ကမာတာ သာသနာပြုစခန်း၊ ကမာခရဲသာသနာပြုစခန်း၊ ကော့ဟဘင်ကွင်း ကလေး သာသနာပြု စခန်း၊ ကွေ့ဝမ်းကျေးရွာ သာသနာပြုစခန်း၊ နိုင်း ပြိုင်ကျေးရွာသာသနာပြုစခန်း၊ မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာသာသနာပြုစခန်းတို့ကို ထူထောင်၍ ပဋိပတ္တိသာသနာတော်ကို စွမ်းစွမ်း တမံ ဆောင်ရွက်တော်မူခဲ့ပါသည်။ ဝင်းစိန်တောရသာသနာပြု စခန်း တွင် အတောင် ၄ဝဝ ပြည့် ဇိနသုခရန်အောင်ချမ်းသာ လျောင်းတော်မူ ဘုရားကြီး တည်ထားကိုးကွယ်ခြင်းအပါအဝင် စေတီပုထိုးပေါင်း ၆ဝဝ ကျော်တို့ကို ပြုပြင်မွမ်းမံတည်ထားခြင်း၊ သာသနိကအဆောက်အအုံ ၃ဝ ကျော်တို့ကို ပြုပြင်မွမ်းမံ တည်ဆောက်ခြင်းများအပြင် ပြည်ပနိုင်ငံများ သို့ြ<ွကရောက်သာသနာပြုခြင်း၊ အခြေခံပညာမူလတန်း ကျောင်းဆောင် များ ဆောက်လုပ်လှူဒါန်းခြင်းနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက် ခြင်း၊ လူမျိုးပေါင်း များစွာကို ဗုဒ္ဓဘာသာသို့ သက်ဝင်ယုံကြည်လာအောင် ဆောင်ရွက်ခြင်းတို့ဖြင့် သာသနာ့တာဝန်ကို စွမ်းစွမ်းတမံဆောင်ရွက်တော် မူခဲ့သည်။

ဘွဲ့တံဆိပ် အလှူခံရရှိတော်မူခြင်း
ဤသို့လျှင် ဗုဒ္ဓသာသနာတော်အကျိုးကို ထက်သန်သော လုံ့လ ဝီရိယ တို့ဖြင့် သယ်ပိုးဆောင်ရွက်တော် မူခြင်းကြောင့် သာသနာ့ဓုရာဝဟဂုဏ်၊ လဇ္ဇီပေသလ္လသိက္ခာကာမဂုဏ် စသည်တို့နှင့် ပြည့်စုံတော်မူသော ဆရာတော်သည် ၂ဝ၁၄ ခုနှစ်တွင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်း သော အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူခဲ့သည်။

ဘဝနတ်ထံပျံလွန်တော်မူခြင်း
ဆရာတော်ကြီးသည် သာသနာတော်အကျိုး သယ်ပိုးဆောင်ရွက် တော်မူရင်း သက်တော် ၉၄ နှစ်၊ သိက္ခာတော် ၄၄ ဝါအရ ၁၃၇၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် (၂၆-၄-၂ဝ၁၅) တနင်္ဂနွေနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသည်။

(သတင်းစဉ်)
Myanmaalinn 

No comments:

Post a Comment