Monday 27 April 2015

ရခိုင်လူမျိုးတွေလက်မခံတဲ့ AA သောင်းကျန်းသူ

“အရင်က ရခိုင်ပြည်မှာ ဘာသူပုန်မှမရှိဘူး အားလုံးအေးချမ်းနေတာ၊ အခု AA ဆိုတဲ့အဖွဲ့ပေါ်လာမှ ရခိုင်တွေလဲ ဒုက္ခရောက်ကုန်ပြီ၊ သူတို့က ဘင်္ဂလီ နဲ့ပေါင်းနေတာကိုး၊ ကျုပ်တို့ရခိုင်တွေကတော့ ဒီကောင် တွေကိုတွေ့ရင်တွေ့ တဲ့နေရာ ကနေ အစိုးရတပ်ကို သတင်းပေးနေအုံးမှာပဲ”ကချင်ပြည် နယ်ရှိ KIA အဖွဲ့၏ လက်အောက်ခံတပ်ဖွဲ့ပုံစံမျိုးဖြင့် လှုပ်ရှားနေသော AA သောင်းကျန်းသူတပ်ဖွဲ့နှင့် ပတ်သက်၍ ရခိုင် အမျိုး သား ဦးထွန်းဖြူက ဒေါသသံများဖြင့် ပြောဆိုလိုက်သည်။

"ယခုရက်ပိုင်းအတွင်း အစိုးရတပ်မတော်နှင့် တိုက်ပွဲများဆက်တိုက်ဖြစ် ပွားလာခဲ့သော AA သောင်းကျန်း သူများအား ရခိုင်ပြည်သူအများစု က လက်မခံဘဲAAအဖွဲ့သည်ရခိုင်ပြည်နယ်နှင့် ရခိုင်ပြည်သူကို ကိုယ်စား မပြုသည့် သောင်းကျန်းသူ အဖွဲ့သာဖြစ်ကြောင်း ဒေသခံများကတစ်ထစ်ချပြော ဆို လာကြသည်။

လက်နက်ကိုင်တွေထဲမှာ ကိုယ့်နယ်မြေထဲကိုယ်မနေရဲတဲ့ အဖွဲ့ဆိုလို့ AA ပဲရှိတယ်၊ ဒါနဲ့များရခိုင်တပ်မတော် ဆိုပြီး အမည် ခံချင်သေးတယ်၊ ရခိုင် တပ်မတော်ဆိုရအောင်ရခိုင်ပြည်နယ် အကျိုးကို ဘယ်တုန်းကများ လုပ်ပေးခဲ့ဖူးလို့လဲ၊ ကုလားနဲ့ ဖြစ်တဲ့ကိစ္စတွေ၊ ရခိုင်အမျိုးသမီးငယ်တွေ မုဒိမ်းကျင့် ခေါင်းဖြတ် သတ်ခံရတဲ့ ကိစ္စတွေတုန်းက ဒီကောင်တွေဘယ်ရောက် နေလဲ၊ သူတို့ဘာသာသူတို့ ကချင်ပြည်မှာ ထမင်းစား ကျွန်ခံ ဘ၀နဲ့ KIA ခိုင်းတာလုပ်နေပြီးတော့ ရခိုင်ပြည်မှာပြဿနာ လာလာရှာနေကြတာ၊ အရင်က ရခိုင်မှာ ဘာသူပုန်မှမရှိဘူး၊ အခုသူတို့ ရောက်လာမှရခိုင်ပြည် လဲမအေးချမ်းတော့ဘူး၊ ကုလားကတစ်မျိုး သူတို့က တစ်မျိုးနဲ့စိတ်ညစ်စရာပဲ" ဟု ပလက်ဝမြို့နယ်တွင်နေထိုင်သော ဦးထွန်းဖြူက ပြောသည်။

ဧပြီလ ၁၉ ရက်နေ့က ပလက်ဝမြို့နယ်၊ ညောင်ပင်လှရွာအနီးတွင် AA သောင်းကျန်းသူများနှင့် မြန်မာ့ တပ်မတော်တို့ အကြားတိုက်ပွဲများဖြစ်ပွားခဲ့ပြီး AA အဖွဲ့မှ ကွဲကွာပုန်းအောင်နေခဲ့သော သောင်းကျန်သူ ၅ ဦး၏ နေရာအား ဒေသခံများ ကသိရှိပြီး အစိုးရစစ်ကြောင်းများကိုသတင်းပေးခဲ့သဖြင့် အဆိုပါသောင်းကျန်းသူများ အား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။

"အရင်ကတည်းက သူတို့က ဓားပြအဖွဲ့တွေ၊ ရွာတွေပတ်ပြီးဓားပြ တိုက်နေတာ၊ အခုနောက်ပိုင်းကျမှ KIA ထောက်ပံ့လို့ လူတစ်လုံးသူတစ် လုံးဖြစ် လာတာ၊ ဓားပြကြီးတော့သူပုန်ပေါ့ဗျာ၊ ပိုဆိုးတာက RSO နဲ့ ပေါင်းတာပဲ။ အရင်က သူတို့ လက်နက်အရောင်းအ၀ယ်တွေ လုပ်ကြရင်းနဲ့အခုဆို နှစ်ဖွဲ့တစ်ဖွဲ့ပေါင်းတဲ့ ပုံစံမျိုးထိ ဖြစ်လာတာ၊ ဒါကြောင့် ကုလားအရေး ဆိုရင် AA ဆိုတဲ့ကောင်အမြှီးတောင်ရှာမတွေ့တာ၊ ကုလားလဲ AA၊ AA လဲ ကုလားပဲ။ ဒါနဲ့များကြီးကြီးကျယ်ကျယ်နဲ့ ရခိုင် တပ်မတော် ဆိုပြီးလုပ်နေတယ်။ ကျုပ်တို့ ကတော့ရှင်းရှင်းပဲ အဲဒီ AA က ဘယ်ရခိုင်ကိုမှ ကိုယ်စားမပြုဘူး၊ ပြုတယ်လို့ ပြောတဲ့ လူတွေကလည်း ရခိုင်လူမျိုးကို သစ္စာဖောက်တဲ့ ကုလားအားပေးတွေပဲနေလိမ့်မယ်" ဟု စစ်တွေ့မြို့တွင်နေ ထိုင် သူ တစ်ဦးကပြောသည်။

ယခင်က အင်အား၂၀ ကျော်သာရှိသော ဓားပြအဖွဲ့ AA အနေဖြင့် ယခုအခါ တွင် အင်အား အတန်အသင့် ရှိလာခြင်းမှာ RSO အဖွဲ့နှင့်ပူးပေါင်း လိုက်ခြင်းကြောင့်ဟု ဒေသခံများက တစ်ထစ်ချပြောဆိုနေကြပြီး RSO
( ဘင်္ဂလီသောင်းကျန်း သူတပ်) နှင့် AA အဖွဲ့တို့ပူးပေါင်း၍ ရခိုင်ပြည်နယ်ရှိ နယ်မြေခံ တပ်မတော် စစ်ကြောင်းများအား လိုက်လံတိုက်ခိုက်နေ သည်ဟုလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ယခုအခါ တွင် RSO အဖွဲ့နှင့် AA အဖွဲ့တို့၏ စစ်မီးမွှေးမှုများကြောင့် နယ်မြေခံလူထုများအနေဖြင့် နေအိမ် စွန့်ခွာ ထွက်ပြေး ကာ စစ်ဘေးစစ်ဒဏ်သင့်လျက်ရှိနေကြသည်။

၎င်းတို့၏လုပ်ရပ်များကို သည်းမခံနိုင်တော့သော ရခိုင်ဒေသခံ များက AA တပ်ဖွဲ့များ၏လူပ်ရှားမှု သတင်း များအား တပ်မတော်စစ်ကြောင်းများသို့ အဆက်မပြတ်သတင်း ပေးပို့လျက် ရှိရာ ဧပြီလ ၁၉ ရက်နေ့မှ ယနေ့ထိ AA သောင်းကျန်းသူး ၁၀ ဦးဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ လက်နက်များ၊ ခဲယမ်းများအပါ အ၀င် လျှပ်စစ်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးပေါင်းမြောက် များစွာတို့ကိုပါ သိမ်ဆည်းရရှိခဲ့ကြောင်း အစိုးရက သတင်း ထုတ်ပြန်ခဲ့သည်။

မင်းသစ်အောင်
နေ့စဉ်သတင်း

No comments:

Post a Comment