Monday, 13 April 2015

သင်္ကြန်အလွန်ကာလများတွင် ရခိုင်ကမ်းရိုးတန်း၌ အောင်တံခွန်နှင့် ဓည၀တီသင်္ဘောများ ပြန်လည်ပြေးဆွဲမည်



ပြန်လည်ပြုပြင်ရန်အတွက် ရပ်နားထားသော ဓည၀တီသင်္ဘောများကိုတွေ့ရစဉ်။ (ဓာတ်ပုံ-ခိုင်ဖြိုး / RNA)

အောင်တံခွန်-၃ သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပြေးဆွဲလျက် ရှိသော ပြည်တွင်းရေကြောင်းပိုင် ခရီးသည်တင်သင်္ဘောများကို ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး သင်္ကြန် ကာလအပြီးတွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း(ရခိုင်ဌာနခွဲ) မှ သတင်းရရှိသည်။

ဟီလာရီ ကလင်တန် အမေရိကန် သမ္မတ အရွေးခံမည်ဟု ကြေညာ


အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ဟာ လာမယ့် ၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာ ၀င်ရွေးခံမယ်လို့ ဧပြီ ၁၃ ရက်က တရားဝင်ကြေညာပါတယ်။

မဘိမ်းမြို့နယ်အတွင်း၌ တရားမ၀င်ကျွန်းသစ် ၂၇ တန်ခန့်အား တပ်မတော် စစ်ကြောင်းနှင့် ပြည်နယ် သစ်တောဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ မယ်ဇလီကျေးရွာအနီး တောအတွင်းတွင် တရားမ၀င်ခုတ်ယူထား သော ကျွန်းသစ် ၂၇ တန်ခန့်အား ဧပြီလ ၉ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းနှင့် ပြည်နယ်သစ်တော ဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

မီးဘေးသင့် ကရင်နီ ဒုက္ခသည်စခန်းကို မိုးရာသီမတိုင်မီ တည်ဆောက်မည်



ထိုင်း-မြန်မာ နယ်စပ် မယ်ဟောင်ဆောင်ခရိုင်က မီးဘေးသင့် ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ ပြန်လည် တည်ဆောက်တာတွေကို မိုးရာသီမတိုင်မီ အပြီးဆောင်ရွက်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါ တယ်။

ရင်သား ကင်ဆာ သိကောင်းစရာ


ရင်သားကင်ဆာ ရောဂါသည် အသက် ၄ဝ ကျော် အမျိုးသမီးများ သို့မဟုတ် အိမ်ထောင်မရှိ အမျိုးသမီးများ သို့မဟုတ် မိမိ ရင်သွေးများအား နို့ချို မတိုက်ကျွေးသူများတွင် အဖြစ်များသည်။

မျက်စိမှုန်ခြင်း


မျက်စိမှုန်သူများ မျက်မှန်တပ်လျှင် ပိုမှုန်သည်ဟု ထင်မှတ်ကြသည်။ ထို့ကြောင့် မျက်စိမှုန်လာပြီး ပါဝါ အလွန်အကျွံ တက်မှသာ မျက်စိကို အထူး ဂရုစိုက်ကြသည်ကို တွေ့ရတတ်သည်။ တစ်ဦးနှင့် တစ်ဦး အမြင် အာရုံချင်း မတူညီကြသဖြင့် မျက်စိ ကျန်းမာရေးကို ဂရုစိုက်သင့် ပါသည်။

ရုရှားသင်္ဘောနစ်မြုပ်မှုဖြစ်စဉ်တွင် အသက်ရှင်သူ မြန်မာသင်္ဘောသားများ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ


ရုရှားနိုင်ငံအရှေ့ဖျားပိုင်Okhotsk ပင်လယ်ပြင်အတွင်း ဧပြီ ၁ ရက် ညပိုင်းက နစ်မြုပ်သွားခဲ့သည့် ရုရှား ငါးဖမ်းသင်္ဘောDalniy Vostok မှ အသက်ရှင်ကျန်ရစ်သည့် မြန်မာသင်္ဘောသား ၂၂ ဦးမှာ ယနေ့ညပိုင်း တွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြသည်။

Sunday, 12 April 2015

ချစ်သူကောင်မလေး (၁၇) ယောက် တပြိုင်နက် လျို့ဝှက်စွာ ထားခဲ့တဲ့ တရုတ်အမျိုးသား

ချစ်သူရည်းစား ၁၇ယောက် ထားခဲ့တဲ့ အမျိုးသားဟာ ချစ်သူရည်းစားတွေ တစ်ယောက်နဲ့တစ်ယောက် ဆုံမိကြပြီး လျို့ဝှက်အကြံအစည်တွေ အကုန် ပေါ်ကုန်ပါတော့တယ်လို့ Hunan အခြေစိုက် XiaoXiang Morning Herald မှ သတင်းဖော်ပြခဲ့ပါတယ်။

ဗီဒီယိုပိုင်းမှာ စိတ်တိုင်းမကျတဲ့ အပိုင်းလေးတွေကြောင့် ကားရိုက်လျော့ချလိုက်တဲ့ မိုးယုစံ

ပရိသတ်တွေ အမြင်မှာ အေးချမ်းမှုအပြည့်နဲ့ ဟန်ဆောင်မှု ကင်းလှတဲ့ မိုးယုစံက သင်္ကြန်ကို နေပြည်တော် မှာ ဖြတ်သန်းမှာဖြစ်ပြီး စိတ်တိုင်းမကျတဲ့ အပိုင်းလေးတွေကြောင့် ကားရိုက်ကို လျှော့ချ လိုက်တယ်လို့လဲ သိရတာကြောင့် သူမရှိရာ အမ်တီဗီရိုက်ကွင်းသို့သွားရောက်တွေ့ဆုံခိုက် အနုပညာရေးရာ အကြောင်း များနဲ့ ၂၀၁၅ သင်္ကြန် ခံစားမှုများကို မေးမြန်းပြောဆိုမိတဲ့အခါ

တင့်ကားတွေကို ပြန်လည်ထုတ်သုံးတော့မည့် ဂျာမနီနိုင်ငံ

အိုင်အက်စ်အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန် တုန့်ပြန်ဖို့နဲ့ ယူကရိန်းအရေးတို့နဲ့ ပတ် သက်ပြီး တင့်ကားအစီးရေ(၁၀၀)ကို  ပြန်လည်ထုတ်သုံးမှာ ဖြစ်တယ်လို့ ဂျာမနီအစိုးရက သတင်း ထုတ်ပြန် ပါတယ်။ ဂျာမနီနိုင်ငံဟာ တင့်ကားအစီးရေ(၁၀၀)ခန့်ကို ပြန်လည်ထုတ်သုံးဖို့ စီစဉ်ထားတယ်လို့ သိရပါ တယ်။ အဆိုပါတင့်ကားတွေကို စစ်အေးတိုက်ပွဲ အပြီးမှာ ကာကွယ်ရေးစရိတ်လျှော့ချမှု အနေနဲ့ စက်မှု လုပ်ငန်းကို ရောင်းချထားတာဖြစ်ပါတယ်။

သင်္ကြန်မိုးရွာနိုင်

ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း/မြောက်ပိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း နှင့် တနင်္သာရီတိုင်းများတွင် သင်္ကြန်မိုး ရွာနိုင်သည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

ရွှေမှော်လုပ်သား ၁၅ ဦးအား KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်


ကချင်ပြည်နယ်၊တနိုင်းမြို့နယ်၊ မှော်ဒေသများတွင်လုပ်ကိုင်နေသော မှော်လုပ်သားများအား ဧပြီလ ၁၀ ရက် နေ့ တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)အဖွဲ့မှ လူသစ်အဖြစ် လာရောက် ဖမ်းဆီး ခေါ်ဆောင် သွား ကြောင်း သိရသည်။

KNU ဗဟိုအမြဲတမ်းကော်မတီဝင်တစ်ဦး ရာဇဝတ်မှုကြောင့် ရာထူးမှ ယာယီ ထုတ်ပယ်ခံရ

ကရင်အမျိုးသားအစည်းအရုံး(KNU) မှ ဗဟိုအမြဲတမ်းကော်မတီဝင် ဒုဗိုလ်မှူးကြီး မန်းတင်လှိုင်အား ရာဇဝတ်မှု တစ်ခုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ရှိသဖြင့် ဗဟိုကော်မတီဝင်အဖြစ်မှ ယာယီရပ် ဆိုင်းထား သည်ဟု အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောသည်။

တပ်မတော်နှင့် KIO တို့အကြား ပြဿနာများ ထပ်မံမဖြစ်ပွားစေရန် ပဋိပက္ခဖြစ်နိုင်ခြေနေရာများကို သွားလာမည်ဆိုပါက နှစ်ဖက်အကြား ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူ


အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တို့အကြား ပြဿနာများ ထပ်မံမဖြစ်ပွား စေရန် ပဋိပက္ခဖြစ်နိုင်ခြေ ရှိသော နေရာများကို သွားလာမည်ဆိုပါက နှစ်ဖက်အကြား ကြိုတင် ညှိနှိုင်း ဆောင်ရွက်ရန် အတွက် ဧပြီ ၆ ရက်က ကချင်ပြည် နယ် မြစ်ကြီး နားမြို့ရှိ ကေအိုင်အိုဆက်ဆံရေးရုံးတွင် နှစ်ဖက်ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တို့ တွေ့ဆုံ၍ ဆွေးနွေးသဘောတူခဲ့ကြောင်း သတင်းရရှိသည်။

HIV ဗိုင်းရပ်ကုသနည်းသစ်ကို လူသားတွင် ပထမဆုံးအကြိမ်စမ်းသပ်၊ အောင်မြင်နိုင်ခြေမြင့်မား

HIV ဗိုင်းရပ်ကို အကောင်းဆုံးထိန်းချုပ်နိုင်မည့် ကုသနည်းသစ်ကို လူသားတွင် ပထမဆုံးအကြိမ် စမ်းသပ် အောင် မြင်ပြီဖြစ်၍ အနာဂါတ်တွင် HIV ကို တိုက်ခိုက်ရန် အားထားရသော လက်နက်တစ်ခုဖြစ်လာ နိုင်ကြောင်း နိုင်ငံတကာ သုတေသီများက ပြောသည်။

မအောင်မြင်ခင်တုန်းက သင်္ကြန်မှာ သီချင်းဆိုရင် ငွေ၂၀၀၀ ပဲရခဲ့ဖူးတယ်လို့ ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ သူ့ရဲ့ သင်္ကြန်အမှတ်တရများ


ဆယ်ကျော်သက် ပရိသတ်တွေ အသည်းခိုက်အောင် အားပေးကြတဲ့ ဒိတ်ဒိတ်ကြဲ စိုင်းစိုင်းကို  သူဖြတ်သန်းမဲ့ ၂၀၁၅ သင်္ကြန်ရက်တွေအကြောင်း မေးကြည့်လိုက်တော့ "သင်္ကြန်ကတာ့ ကျွန်တော် Alpine မဏ္ဍပ်မှာပဲ ရှိပါမယ်။ ကျွန်တော်အပြင် Snare ၊ ကိကိ တို့ရှိပါမယ်။ ဘန်နီကတော့ မန္တလေးသွားမယ် ပြောပါတယ်။ ပြီးတော့ တခြားသူငယ်ချင်းတွေလဲ ရှိပါမယ်။ သင်္ကြန်တွင်းကတော့ မနက်တစ်ခါ၊ ညနေတစ်ခါဖျော်ဖြေမယ်။ ရေပက်ပါမယ်။ Dj သမားတွေရှိမယ်။  ကျွန်တော် သင်္ကြန်ဆို အရမ်းပျော်တယ်။ အရမ်းလဲကြိုက်တယ်။ ဘယ်လိုလဲ မသိဘူး။

၂၀၂၅ မတိုင်မှီ ကမ္ဘာအပြင်ဘက်၌ သက်ရှိဘ၀ကို တွေ့ နိုင်မည်ဟု နာဆာသိပ္ပံပညာရှင် ခန့် မှန်း


ကမ္ဘာအပြင်ဘက်တွင် သက်ရှိဘ၀ရှိနိုင်သည်ဟု မိမိတို့ ယုံကြည်ပြီး နောက် ၁၀-စုနှစ်အတွင်း သဲလွန်စကို တွေ့ ရှိ ကာ နောက်ထပ် အနှစ် ၂၀ မှ ၃၀ အတွင်း၌ ခိုင်မာသောအထောက်အထားများကို ပြနိုင်လိမ့်မည် ဟု နာဆာသိပ္ပံ ပညာရှင်ချုပ် အဲလင်စတိုဖန် က အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီရှိ နာဆာဌာနချုပ် ၌ ယမန်နေ့ ကကျင်းပ ခဲ့သော အခမ်းအနားတစ်ခုတွင် လူသိရှင်ကြား ထုတ်ဖော်ပြောကြားသည်။

အရက် အလွန်အကျွံ သောက်သုံးခြင်းဟာ ဦးနှောက်ကို ထိခိုက်နိုင်ပြီး DNA ကို ပြောင်းလဲစေနိုင်

ဆယ်ကျော်သက် အရွယ်မှာ အရက်သေစာ သောက်စား ပျော်ပါးခြင်းဟာ အရွယ်ရောက်လာတဲ့အခါ ဦးနှောက် ကို ကြာရှည်စွာ ထိခိုက်နိုင်တယ်လို့ လေ့လာမှု အသစ်တစ်ခုက သတိပေးလိုက်ပါတယ်။

စပျစ်သီးမှ ကုသပေးသော ရောဂါများ


စပျစ်သီးမှာ ရေဓာတ်က ၇၀ မှ ၈၀ ရာခိုင်နှုန်း၊ သကြားဓာတ် ၁၅ မှ ၃၀ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ သူ့မှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။

ကိုယ့်အိမ်မှာတင် အလွယ်တကူ Body Scrub လုပ်ကြည့်ချင်တယ်ဆိုရင်


ကောင်းမွန်တဲ့ ကြေးချွတ်သန့်စင်ခြင်းဆိုတာ သင့်ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်တို့ကို သန့်စင်စေရုံသာမကဘဲ ဆဲလ်အသေတွေကို ဖယ်ရှားပေးလိုက်တဲ့အတွက် ကိုယ့်ကိုယ်ကို အသစ်တစ်ဖန် ပြန်လည် ခံစားမိနိုင်ပါ တယ်။ ရလဒ်ကတော့ လှပပြီး နူးညံ့ချောမွေ့တဲ့ အသားအရေ ကို သဘာဝဆန်ပြီး တောက်ပတဲ့ အရောင် အသွေးနဲ့ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။