Friday 4 January 2013
အခက်အခဲကြံနေရတဲ့ ထိုင်းရောက် မြန်မာများကို ကူညီမှု
ထို ၂၅၀ အလုပ်သမားများမှာ လွန်ခဲ့သော ၄ လခန့်က မြဝတီမှ အလုပ်သမား ပါ့စ်စပို့လုပ်ပြီး တက် လာ ခဲ့ကြ သူများ ဖြစ်သည်။ 
၎င်းအလုပ်သမားများသည် သူဌေး ၃ ဦးစပ်ဖြင့် ဖွင့်လှစ်ထားသော စက်ရုံတွင် အလုပ်လုပ်ကိုင်နေကြသည်။ ပိုင်ရှင် ထိုင်းသူဌေး ၃ ဦးတွင် ပိုက်ဆံရှိသော သူဌေး ၁ ဦး နှုတ်ထွက်သွားသဖြင့် ကျန်ပိုင်ရှင်၂ ဦးက အလုပ် သမား များအား ငွေကြေးလုပ်ခ မပေးနိုင်သဖြင့် အခက်ခဲဖြစ်နေကြသည်။ 
၎င်းကိစ္စကို စက်ရုံရှိ မြန်မာမန်နေဂျာမှ ရက်၂၀ ခန့် ငွေကြေးစိုက်ထုတ် ကူညီထားသည်။ ရက်ရှည်ကြာ လာသော အခါ ပြည့်စုံအောင် မကူညီနိုင်တော့သဖြင့် ကူညီကယ်ဆယ်ရေးဆရာတော်ကို ဆက်သွယ် လာခြင်းဖြစ်သည်။ 
မြန်မာအလုပ်သမားများကို ကူညီရေးနှင့်ကယ်ဆယ်ရေးဆောင်ရွက်ပေးနေသော ဘန်ကောက်ရှိ ဆရာတော် ဦးဇောတိကမှ ယမန်နေ့က  ဆန် ၅ အိတ်နှင့် ဆီ ပိဿာချိန် ၄၀ ကို လှူဒါန်းကူညီခဲ့သည်။
ဆရာတော် ဦးဇောတိက (ကူညီကယ်ဆယ်ရေးဆရာတော်) သည် မြန်မာ အလုပ်သမားများ အခက်အခဲ ကြုံတွေ့ ရသည်ကို ကြားသိရတိုင်း ကိုယ်တိုင်ကြွရောက်ကူညီပေးလျှက်ရှိသည်။ 
ထိုင်းနိုင်ငံအတွင်းရှိ အခက်ခဲနှင့်ကြုံတွေ့ရသော မည်သည့် မြန်မာနိုင်ငံသားမဆို ဆရာတော်ထံ ဆက်သွယ် ကူညီ တောင်းခံနိုင်ကြောင်း သိရသည်။ 
ဆရာတော်၏ ဖုန်း နံပါတ်မှာ -၀၈၂၄၉၅၆၂၈၉ ဖြစ်သည်။ ဆရာတော်သည် မြန်မာသံရုံး အလုပ်သမားရေး အကူအညီပေးရေး အဖွဲ့တွင်လည်း နာယက ဆရာတော်ဖြစ်သည်။ 
No comments:
Post a Comment