Sunday 12 April 2015

တင့်ကားတွေကို ပြန်လည်ထုတ်သုံးတော့မည့် ဂျာမနီနိုင်ငံ

အိုင်အက်စ်အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန် တုန့်ပြန်ဖို့နဲ့ ယူကရိန်းအရေးတို့နဲ့ ပတ် သက်ပြီး တင့်ကားအစီးရေ(၁၀၀)ကို  ပြန်လည်ထုတ်သုံးမှာ ဖြစ်တယ်လို့ ဂျာမနီအစိုးရက သတင်း ထုတ်ပြန် ပါတယ်။ ဂျာမနီနိုင်ငံဟာ တင့်ကားအစီးရေ(၁၀၀)ခန့်ကို ပြန်လည်ထုတ်သုံးဖို့ စီစဉ်ထားတယ်လို့ သိရပါ တယ်။ အဆိုပါတင့်ကားတွေကို စစ်အေးတိုက်ပွဲ အပြီးမှာ ကာကွယ်ရေးစရိတ်လျှော့ချမှု အနေနဲ့ စက်မှု လုပ်ငန်းကို ရောင်းချထားတာဖြစ်ပါတယ်။

တင့်ကားအစီးရေ စုစုပေါင်း(၃၂၈)စီးကို သယ်ယူဖို့အတွက် အမေရိကန် ဒေါ်လာ(၂၄)သန်း အကုန်ကျ ခံမှာဖြစ် တယ်လို့ ဂျာမနီကာကွယ်ရေး ၀န်ကြီးဌာနက ပြောကြားထားပါတယ်။ နေတိုးအဖွဲ့ဝင် တာဝန်ရှိသူ တွေဟာ ယူကရိန်းအရှေ့ပိုင်းအရေးနဲ့ အိုင်အက်စ်စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုဒဏ်တွေကို ရင်ဆိုင်ဖို့ အမြန်ဆုံးတန်ပြန် တိုက်ခိုက်ရေးအဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းဖို့ ဖေဖော်ဝါရီလမှာ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် နေတိုးကာကွယ်ရေးဝန်ကြီးတွေဟာ မဟာမိတ်တန်ပြန် တိုက်ခိုက်ရေးအဖွဲ့တွေရဲ့ အင်အား(၂)ဆ ကျော်အထိ ထားရှိဖို့ သဘောတူညီထားကြတာဖြစ်တယ်။ စစ်ပွဲသုံး စစ်တပ် တင့်ကားအစီးရေ(၁၀၀)ကို ကာကွယ်ရေးဝန်ကြီးဌာနမှာ ပြန်လည်သယ်ယူမှာဖြစ်တယ်လို့ ဂျာမန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဂျန်စ်ဖလော့ဒေါ့ဖ်က ပြောပါတယ်။

ဂျာမနီ နိုင်ငံဟာ တပ်သားတွေကို အချိန်တိုအတွင်း နေရာမှန်မှာ လက်နက် အပြည့်အစုံနဲ့ တပ်ဖြန့်ထားနိုင် တယ်လို့ မစ္စတာ ဂျန်က အခိုင်အမာပြောကြား ထားပါတယ်။ တင့်ကားတွေကို (၂၀၁၇)ခုနှစ်မှာ အပြီး တပ်ဆင်မှာဖြစ် တယ်လို့ သိရပါတယ်။

MRTV-4 

No comments:

Post a Comment