Monday 13 April 2015

ဟီလာရီ ကလင်တန် အမေရိကန် သမ္မတ အရွေးခံမည်ဟု ကြေညာ


အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ဟာ လာမယ့် ၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာ ၀င်ရွေးခံမယ်လို့ ဧပြီ ၁၃ ရက်က တရားဝင်ကြေညာပါတယ်။

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအင်တာနက်စာမျက်နှာကိုလည်း ဧပြီ ၁၃ ရက်နေ့မှာ လွှင့်တင်လိုက်ပြီး အိုင်အိုဝါနဲ့ နယူးဟမ်ရှိုင်းယားပြည်နယ်တွေကို မကြာခင် စည်းရုံးရေးခရီး ထွက်ခွာဖွယ် ရှိနေပါတယ်။

၂၀၀၈ ခုနှစ်က သမ္မတရွေးကောက်ပွဲမှာ ဟီလာရီ ကလင်တန်က လက်ရှိသမ္မတ အိုဘားမားနဲ့ ဒီမို ကရက်တစ် ပါတီအတွင်း သမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။

ဒီတကြိမ်မှာတော့ ဒီမိုကရက်တစ်ပါတီသမ္မတကိုယ်စားလှယ်အဖြစ် အထူးလူကြိုက်များရေပန်းစားနေ ပါတယ်။

ဟီလာရီကလင်တန်သာ ရွေးကောက်ပွဲ ၀င်ပြိုင်ရင် အမေရိကန်အတွက် အကောင်းဆုံးသမ္မတ ဖြစ်လိမ့် မယ်လို့ အိုဘားမားက ထောက်ခံ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဟီလာရီနိုင်ငံခြားရေးဝန်ကြီး တာဝန်ယူစဉ် လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး တိုက်ခိုက် ခံရပြီး သံအမတ်သေဆုံးခဲ့ရတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။

DVB

No comments:

Post a Comment