Sunday 12 April 2015

HIV ဗိုင်းရပ်ကုသနည်းသစ်ကို လူသားတွင် ပထမဆုံးအကြိမ်စမ်းသပ်၊ အောင်မြင်နိုင်ခြေမြင့်မား

HIV ဗိုင်းရပ်ကို အကောင်းဆုံးထိန်းချုပ်နိုင်မည့် ကုသနည်းသစ်ကို လူသားတွင် ပထမဆုံးအကြိမ် စမ်းသပ် အောင် မြင်ပြီဖြစ်၍ အနာဂါတ်တွင် HIV ကို တိုက်ခိုက်ရန် အားထားရသော လက်နက်တစ်ခုဖြစ်လာ နိုင်ကြောင်း နိုင်ငံတကာ သုတေသီများက ပြောသည်။
HIV ဗိုင်းရပ်ကို စွမ်းအင်မဲ့သွားအောင်ပြုလုပ်နိုင်သေ ပဋိဇီဝဆေးကို သွေးကြောမှတဆင့် ထိုးသွင်း ပေးမည်ဖြစ်ပြီး ပဏာမအဆင့်၌ HIV ဗိုင်းရပ်ပိုများမလာအောင် ထိန်းထားပေးမည်ဖြစ်ကာ ထိုမှတဆင့် ဗိုင်းရပ်ကို စွမ်းအင်မဲ့အောင် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ HIV ဗိုင်းရပ်ကိုထိန်းချုပ်တိုက်ခိုက် သတ်ဖြတ် နိုင်သော ပဋိပစ္စည်းကို သဘာဝအတိုင်း ထုတ်လုပ်နိုင်နေသူ တစ်ဦးထံမှာ ရှားရှားပါးပါး ရရှိလိုက်သော ပရိုတိန်းများကို ပုံတူပွားကာ ယခုဖော်ပြပါ ပဋိပစ္စည်း များကို ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

HIV ဗိုင်းရပ်ကို ကာကွယ်ဖို့  ခန္ဓာကိုယ်ကနေ ပရိုတိန်းအခြေစိုက်ပဋိပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ပါတယ်။ ဒါပေမယ့် ဒီ ပဋိပစ္စည်းတွေဟာ ဗိုင်းရပ်ပေါ်မှာ ဘယ်လိုအာနိသင်မှ မရှိပါဘူး။ ဒါပေမယ့် လူတစ်ဦးတည်းရဲ့  ပရိုတန်းကသာ ဗိုင်းရပ်ကို မထိန်းချုပ်နိုင်တာပါ။ လူတစ်ဦးစီကနေ ဗိုင်းရပ်ကို တိုက်ဖျက်နိုင်တဲ့ ပရိုတိန်း တစ်မျိုးစီယူပြီး ပေါင်းစပ် ကြည့်တဲ့အခါမှာတော့ ဗိုင်းရပ်ကို သိသာထင်ရှားစွာ ထိန်းချုပ်နိုင်တဲ့ သတ္တိရှိတာ ကို တွေ့ ရပါတယ်။ အဲဒီ ပေါင်းစပ် ပရိုတိန်းကို ကျွန်တော် တို့ က အမည်လျှို့ ဝှက်ပေးထားဆဲဖြစ်သူ တစ်ဦးထံမှာ မွေးယူပါတယ်။ သူ့ ဆီကနေမှ တဆင့် ဒီပရိုတိန်းတွေကို ထုတ်ယူပွားယူပြီး HIV ပိုးရှိသူတွေ ကို ထိုးပေးပါတယ်။ ဆေးဟာ တစ်ကြိမ်ထိုးပေးရင် ၄ ပတ် ထက်မနဲ HIV ပိုးကို ထိန်းချုပ်ထားနိုင်တာ တွေ့ ရပါတယ်ဟု သုတေသီတစ်ဦးက ရှင်းပြသည်။

သို့ သော် HIV ဗိုင်းရပ်သည် အလွန်တိုတောင်းသော အချိန်အတွင်း သန္ဓေပြောင်းလဲနိုင်သည့်အတွက် ယခု အသုံး တည့်သော ပဋိပစ္စည်းသည် နောက်တစ်ကြိမ်တွင် အသုံးမတည့်တော့မည့် ပြဿနာ ရှိနေသေးသည့် အတွက် ယခု နောက်ဆုံးဖော်စပ်ထားသော ပရိုတိန်းအခြေခံပဋိပစ္စည်းနှင့် မူလအသုံးပြုနေခဲ့သော HIV ထိန်းချုပ်ဆေးဝါးများကို ပေါင်းစပ်အသုံးပြုသွား ရဖွယ်ရှိကြောင်း သိရသည်။

Lashio News Diary

No comments:

Post a Comment