Sunday 12 April 2015

ချစ်သူကောင်မလေး (၁၇) ယောက် တပြိုင်နက် လျို့ဝှက်စွာ ထားခဲ့တဲ့ တရုတ်အမျိုးသား

ချစ်သူရည်းစား ၁၇ယောက် ထားခဲ့တဲ့ အမျိုးသားဟာ ချစ်သူရည်းစားတွေ တစ်ယောက်နဲ့တစ်ယောက် ဆုံမိကြပြီး လျို့ဝှက်အကြံအစည်တွေ အကုန် ပေါ်ကုန်ပါတော့တယ်လို့ Hunan အခြေစိုက် XiaoXiang Morning Herald မှ သတင်းဖော်ပြခဲ့ပါတယ်။

ကားမတော်တဆမှု တစ်ခုဖြစ်ပြီးနောက် Yuan အမည်ရ အမျိုးသားဆီ အသက် ၂၀ မှ ၄၀ အရွယ် အမျိုး သမီး တစ်ဒါဇင်ကျော် လာရောက်လည်ပတ်ကြကာ အားလုံးက သူ့ဇနီး သို့မဟုတ် ချစ်ရည်းစားလို ပြောဆို နေကြပါတယ်။ သူ့လူနာဆောင်မှာ ဆုံမိကြပြီး WeChat မှတဆင့် Yuan နဲ့ ချစ်တွေဖြစ်သွားကြတဲ့ အကြောင်း အချင်းချင်းမပြောပြခင်အထိ သူ့လိမ်လည်မှုကို ဘယ်သူမှ မသိရှိခဲ့ကြပါဘူး။

တချို့ဆို သူနဲ့ ၁၀ နှစ်ကျော် အတူနေထိုင်ခဲ့သူတွေတောင် ပါပါတယ်။ အလယ်တန်းကျောင်း ဒီပလိုမာ လက်မှတ် တစ်ခုလောက်သာ ရရှိထားတဲ့ Hunan ပြည်နယ် Changsha မြို့ခံဖြစ်တဲ့ Yuan ဟာ သူ့ ကိုယ်သူ တရုတ်နိုင်ငံရဲ့ ထိပ်ဆုံး တက္ကသိုလ်တစ်ခုဖြစ်တဲ့ Central South University မှ civil engineering အထူးပြုနဲ့ တက္ကသိုလ် ဘွဲ့ရတစ်ဦးကဲ့သို့ သူ့ပညာရေးနောက်ခံ ဇာတ်ကြောင်းကို လုပ်ကြံ ပြောဆို ထားပါတယ်။

သူကတော့ အမြန်ကားလမ်းမပေါ် တာဝန်ယူ တည်ဆောက်တဲ့ ကုမ္ပဏီကြီး တစ်ခုမှာ အလုပ် လုပ်ခဲ့ ပါတယ်။ သူ့ယခင် ဇနီးနဲ့ ကွာရှင်းပြီး ယွမ် ၂၅၀,၀၀၀ လည်လိမ်ပြီးနောက် သူ့ချစ်သူကောင်မလေး ၁၇ ဦး ဆီမှ ယွမ် သောင်းနဲ့ချီ ကလိမ်ကကျစ် လုပ်ခဲ့ပါတယ်။ ဒီအမှုကို လိမ်လည်မှု ရာဇဝတ်ပြစ်မှု တစ်ခုအဖြစ် စွဲချက် တင်သွားမှာဖြစ်ပါတယ်။

Ref: Chinadaily
Trend Myanmar

No comments:

Post a Comment