Sunday 12 April 2015

ရွှေမှော်လုပ်သား ၁၅ ဦးအား KIA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်


ကချင်ပြည်နယ်၊တနိုင်းမြို့နယ်၊ မှော်ဒေသများတွင်လုပ်ကိုင်နေသော မှော်လုပ်သားများအား ဧပြီလ ၁၀ ရက် နေ့ တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)အဖွဲ့မှ လူသစ်အဖြစ် လာရောက် ဖမ်းဆီး ခေါ်ဆောင် သွား ကြောင်း သိရသည်။

“နယ်ကနေလာရောက် အလုပ်လုပ်ကိုင်တဲ့သူများတယ်၊ ဒီဒေသ မှာတော့ မှော်လုပ်ငန်း ၈ ခုလောက်တော့ ရှိတယ်။ ဒီမှော်တွင်းက KIA ဖမ်းသွားတဲ့ အထဲမှာ အမျိုးသမီးတွေ လည်းပါတယ်” ဟု အောင်ဘာ မှော်မှ လုပ်သား တစ်ဦးမှ ပြောသည်။

အဆိုပါ အဖွဲ့အနေဖြင့် ဒေသအတွင်းမှ မှော်သူ၊ မှော်သား စုစုပေါင်း ၁၅ ဦး အားလူသစ်အဖြစ်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း မှော်လုပ်ငန်းရှင်တစ်ဦးထံမှသိရသည်။

“ဒီမှာလည်း လုပ်ငန်းအဆင်ပြေအောင်လုပ်နေရတယ်၊ မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေါင်းစဉ်အမျိုးမျိုးပြပြီး ဖမ်းနေတာပဲ။ ဆက်ကြေးကလည်း မလွတ်ဘူး၊ အလုပ်သမားတွေလည်း အလုပ် လုပ်ရ တယ်ကိုမရှိဘူး၊ ရှောင်ခိုင်းနေရတယ်”ဟု ဝေကျင်ရွှေမှော်မှဒေသခံမှော်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယခုလို KIA အဖွဲ့အနေဖြင့် မှော်ဒေသများတွင် လူသစ်စုဆောင်းမှုများ မကြာခဏ ပြုလုပ်လာပြီး ဆက် ကြေး များလည်း အဆက်မပြတ်တောင်း ခံမှုများကြောင့် ဒေသခံလုပ်ငန်းရှင်များမှာလည်း လုပ်သားအခက် အခဲ၊ ငွေရေးကြေးရေး အခက်အခဲများကို ရင်ဆိုင်နေ ရကြောင်းနှင့် ဒေသ ခံတိုင်းရင်းသားတို့၏ ငြိမ်း ချမ်းရေး မျှော်လင့် ချက်ရောင်ခြည်မှာ လည်း မှေးမှိန်နေအုံးမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံကျောင်းဆရာ တစ်ဦးက ပြောကြား သွားခဲ့သည်။

ဇော်လတ် (ဖားကန့်)
Kachin Daily News 

1 comment:

  1. ကေအိုင်အေကိုဘာလို့ အပြုတ်မတိုက်တာလဲ။ဘာနိုင်ငံရေးဆွေးနွေးမှတို့ ဆိုတာလျောက်ပြောတာ ရွေးကောက်ပွဲ
    လုပ်ယင်လည်းကချင်ကတပြည်နယ်လုံးရဲ့ လေးပုံတပုံပဲရှိတာနိုင်စရာမရှိဘူး။လက်နက်ကိုင်ထားတဲ့ အတွက်ပြည်နယ်ကိုဘယ်နည်းနဲ့ အုပ်ချုပ်ရမလဲကြံနေတာ။သူတို့ အုပ်ချုပ်တော့ လူများစုရှမ်းနဲ့ ဗမာကရောခံမယ်တဲ့ လား စမ်းကြည့် လိုက်။

    ReplyDelete