Saturday, 14 March 2015

မလိုအပ်ဘဲ ၀န်ထမ်းများ ခန့်ထားခြင်းကြောင့် လုပ်အား စွမ်းရည်များ အလဟသ ဖြစ်နေ


ဝန်ကြီးဌာန များတွင်  ဖွဲ့စည်းပုံများ ဖောင်းပွနေသည့် အပြင်၊ မလိုအပ်ဘဲ ၀န်ထမ်း ခန့်ထားမှု များကြောင့် ၀န်ထမ်း အများစု၏ စိတ်ဓာတ်ကို ကျဆင်း စေပြီး လုပ်အား စွမ်းရည် ကိုလည်း အလဟသ ဖြစ်စေကြောင်း မင်းကင်း မဲဆန္ဒနယ်မှ ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်က ပြောဆို သည်။


















ကချင်ပြည်နယ်၊ မိုးကောင်းမြို့အတွင်းရှိ သံဂဟေလုပ်ငန်းရှင်များအား မတ်လ ၁၀ ရက်နေ့တွင် ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ ဆက်ကြေးငွေများ ကောက်ခံသွားကြောင်း ဒေသခံလုပ်ငန်းရှင် တစ်ဦးထံမှ သိရှိရသည်။

လစာလျှော့ပြကာ လူမှုဖူလုံရေးကြေး လိမ်လည်ပေးသွင်းသည့် အလုပ်ရှင် များကို စတင်အရေးယူမည်

လူမှုဖူလုံရေး အာမခံကြေး ပေးသွင်းရာတွင် အလုပ်သမား ရရှိသည့် လစာနှုန်းထားကို လျှော့ပြကာ လိမ်လည်ပေးသွင်းနေသည့် အလုပ်ရှင်များကို လာမည့် ဧပြီလမှ စတင်ကာ အရေးယူတော့မည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြားသည်။

လောက်ကိုင်တိုက်ပွဲဝင် တပ်မတော်သားများအတွက် သီးသန့်ရန်ပုံငွေ ထည့်သွင်းသင့်ကြောင်း လွှတ်တော်တင်


လက်ရှိအချိန်အထိ ငြိမ်းချမ်းမှု မရှိသေးသော ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ လောက်ကိုင်တွင် တိုက်ပွဲဝင် နေရသော တပ်မတော်သားများအတွက် ပြည်ထောင်စုအစိုးရ၏ သီးသန့်ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံ သင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော်သို့ တင်ပြပြောဆိုလိုက်သည်။

အမေရိကန်-အီရန် နျူကလီးယား ဆွေးနွေးပွဲရလဒ်ကို ရီပတ်ဘလစ်ကန်များ ခြိမ်းခြောက်ခြင်းမှာ နောက်ကျော ဓားဖြင့်ထိုးခြင်းဟု အီရန်ဆို


ပြီးခဲ့သည့်ရက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုမှ ရီပတ်ဘလစ်ကန် အမတ် ၄၇ ဦးက အီရန်သည် အမေရိကန်လွှတ်တော်၏ သဘောဆန္ဒမပါဘဲ အိုဘားမား အစိုးရနှင့် မည်သို့ပင် သဘောတူညီချက် ရစေကာမူ နောင်အစိုးရ တက်လာလျှင် ပယ်ချခံရမည်ဟု အိတ်ဖွင့်ပေးစာဖြင့် သတိပေးခဲ့ခြင်းအပေါ် အီရန်ခေါင်းဆောင်ကြီး အယာတိုလာအလီခါမန်နီက ထိုလုပ်ရပ်သည် နောက်ကျောကို ဓားဖြင့်ထိုးခြင်းဟု ပြန်လည်ဝေဖန်လိုက်ကြောင်း VOA သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သတ်သေနိုင်ခြေ ရှိသော ကျောင်းသူ ကျောင်းသားများ၏ မိဘများကို ကြိုတင် သတိပေးမည့် အပလီကေးရှင်း တီထွင်


ဖိအား အလွန်များသော တောင်ကိုရီးယား ပညာရေး စနစ်ကြောင့် ကျောင်းသူ ကျောင်းသားများသည် မိမိကိုယ်ကိုယ် သတ်သေနှုန်းများ မြင့်တက်လျက် ရှိရာ သတ်သေနှုန်းများ လျော့ကျ သွားစေရန် အတွက် သတ်သေနိုင်ခြေ ရှိသော ကျောင်းသား ကျောင်းသူများ၏ မိဘများထံသို့ အစိုးရက ကြိုတင် သတိပေး အကြောင်း ကြားနိုင်မည့် စမတ်ဖုန်း အပလီကေးရှင်းကို ပညာရေး ၀န်ကြီးဌာနက ဖန်တီး ထုတ်လုပ် လိုက်ပြီဟု သိရသည်။

ပြည်တွင်းဖြစ် မောင်းသူမဲ့ လေယာဉ်ရှိနေပြီဟု ပါကစ္စတန် စစ်တပ်ထုတ်ပြန်


လေဆာပဲ့ထိန်းစနစ် ပါဝင်သော ဒုံးကျည် တပ်ဆင်ထားသည့် ပါကစ္စတန် ပြည်တွင်းဖြစ် မောင်းသူမဲ့ လေယာဉ် တစ်စင်းကို စမ်းသပ် လွှတ်တင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပါကစ္စတန် စစ်တပ်က ထုတ်ပြန်ခဲ့သည်။

ှစ်အကြာကြီး တာဝန် ထမ်းဆောင်မည် မဟုတ်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ပြော


ပုပ်ရဟန်းမင်းကြီး အဖြစ် သေဆုံးချိန် အထိ တာဝန် ထမ်းဆောင်မည့်အစား ၎င်း၏ ရှေ့က ပုပ်ရဟန်း မင်းကြီး ကဲ့သို့ပင် ရာထူးမှ နုတ်ထွက်ခြင်းကိုသာ ပြုလုပ် လိုသောကြောင့် ၎င်း၏ ပုပ်ရဟန်းမင်းကြီး သက်တမ်းသည် တိုလိမ့်မည် ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က ပြောဆိုခဲ့သည်ဟု သောကြာနေ့တွင် ထုတ်ပြန်သော တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် ဖော်ပြထားသည်။

ဥပဒေ ချိုးဖောက်ပြီး ဆန္ဒပြလျှင် နှိမ်နင်းမည်ဟု ထိုင်းစစ်တပ် သတိပေး


ထိုင်းနိုင်ငံတွင်  ရုံးပိတ် ရက်များအတွင်း စစ်အုပ်ချုပ်ရေးကို ဆန့်ကျင် ဆန္ဒပြမှုများ ပြုလုပ်ရန် အဖွဲ့အစည်း တစ်ခုကို စီစဉ် နေခဲ့သောကြောင့် ယင်းကို တုံ့ပြန်သည့် အနေဖြင့် ထိုင်းစစ်တပ်က  ဥပဒေ ချိုးဖောက်သူ များကို နှိမ်နင်းမည် ဖြစ်ကြောင်း သောကြာနေ့တွင် သတိပေး ပြောဆိုခဲ့သည်။

၂၀၃၀ မတိုင်မီ မြန်မာနိုင်ငံအား ၀င်ငွေ အလယ်အလတ် ရှိသည့် နိုင်ငံတစ်ခု ဖြစ်လာစေရန် WFP ကူညီမည်

၂၀၃၀ ပြည့်နှစ် မတိုင်မီ မြန်မာနိုင်ငံအား ၀င်ငွေ အလယ်အလတ် ရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရန် ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် (WFP) က အကူအညီပေး သွားမည် ဖြစ်ကြောင်း WFP မှ အမှုဆောင် ဒါရိုက်တာ Ms. Ertharin Cousin က ပြောကြား လိုက်သည်။

နေစွမ်းအင်သုံး ကမ္ဘာပတ်လေယာဉ် နောက်အပတ် မန္တလေးရောက်မည်

နေရောင်ခြည် စွမ်းအင်ကိုသုံးပြီး ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာကိုပတ်နေတဲ့ Solar Impulse 2 လေယာဉ်ဟာ မတ်လ ၁၀ ရက် အင်္ဂါနေ့က အိန္ဒိယနိုင်ငံမှာ ရောက်နေပါပြီ။ အိုမန်နိုင်ငံ Muscat မြို့တော် ကနေ အာရေးဗျပင်လယ်ကို ၁၅ နာရီကြာ၊ ကီလိုမီတာ ၃၅၀၀၀ ခရီးကိုဖြတ်ပြီး ဒုတိယခရီးတထောက် အဖြစ် အိန္ဒိယနိုင်ငံမှာ ရောက်နေတာပါ။

ဘိုကိုဟာရမ်၏ သစ္စာခံမှုကို IS လက်ခံ


နိုင်ဂျီရီးယား အစွန်းရောက် စစ်သွေး ကြွအဖွဲ့ ဘိုကိုဟာရမ်၏ သစ္စာခံမှုကို လက်ခံကြောင်း အစ္စလာမ် နိုင်ငံတော် (IS) ၏ ခေါင်းဆောင်က ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲအောင်နိုင်ပြီး အစိုးရဖွဲ့စည်းနိုင်ရေး ညီနောင်တိုင်းရင်းသား ပါတီများပြင်ဆင်

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အနိုင်ရပြီး ပြည်နယ်အစိုးရဖွဲ့စည်း နိုင်ရေး အတွက် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်)က အောင်နိုင်ရေး ကော်မတီ ဖွဲ့စည်း ပြင်ဆင်ဆောင်ရွက်နေပါတယ်။

မြန်မာ ဂျာနယ်လစ် ကွန်ရက် MJN က အစိုးရကို သပိတ်မှောက်မည်

၂၀၁၅ ခုနှစ် မတ်လ ၁၃ ရက်နေ့ ညနေ မြန်မာ ဂျာနယ်လစ် ကွန်ရက် MJN အစည်းအဝေး ဆုံးဖြတ် ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

ကျောင်းသားတပ်မတော် မြောက်ပိုင်းဖြစ်ရပ် အစီရင်ခံစာဖြန့်ချိမည်


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)က လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က မြန်မာပြည် မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ ကို မကြာမီရက်ပိုင်း အတွင်း ပြည်သူလူထုထံ ဖြန့်ချိသွားမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ၏ ပုဂ္ဂလိကအာမခံလုပ်ငန်းများ အာဆီယံနိုင်ငံများထဲတွင် ဖွံ့ဖြိုးတိုးတက်မှုအနှေးဆုံးဖြစ်နေ

မြန်မာနိုင်ငံ၏ ပုဂ္ဂလိကအာမခံလုပ်ငန်းများ အာဆီယံနိုင်ငံများထဲတွင် လှုပ်ရှားမှုနဲ့ ဖွံ့ဖြိုးမှုတိုးတက်မှု အပိုင်းများမှာ နှေးကွေးနေဆဲဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း က မတ်လ ၁၄ရက်က ရန်ကုန်မြို့ Park Royalဟိုတယ်တွင် ပြုလုပ်ခဲ့သည့် လန်ဒန်မြို့ အခြေစိုက် ကေအမ် ဒတ်(စ)တာ ပုဂ္ဂလိကအာမခံကုမ္ပဏီ၏ မြန်မာပြည်ရုံးခွဲ ဖွင့်လှစ်ခြင်းဆိုင်ရာ အခမ်းအနား တွင် ပြောဆိုခဲ့သည်။

မိုရေးမြစ်ဖြတ် မဲဆောက်-မြဝတီ ဒုတိယမြစ်ကူးတံတားသစ်တည်ဆောက်မည် -- တည်ဆောက်မှုအတွက် ဘတ်ငွေ ၃ ဒသမ ၉ ဘီလီယံ လိုအပ်ဟုဆို


တတ်ခ်ပြည် နယ် မိုရေးမြစ်ဖြတ်တံတားထိုးရန် အတွက် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဌာနက ရန်ပုံငွေ ဘတ် ၃ ဒသမ ၉ ဘီလီယံ လိုအပ်မည်ဖြစ်ကြောင်း၊ အဆိုပါတံတားမှာ မဲဆောက်ခရိုင်နှင့် မြန် မာနိုင်ငံ မြဝတီသို့ ဆက်သွယ် သွားရောက်နိုင်သည့် တံတားဖြစ် ကြောင်း သိရသည်။

အကြမ်းဖက် ဖြိုခွင်းမှုကို ဆန့်ကျင်သည့် လက်ပတ်ဖြူ လှုပ်ရှားမှု စတင်

ဒီမိုကရေစီ ပညာရေး သပိတ်အား ထောက်ခံသည့် ကျောင်းသား များကို လက်ပတ် အနီများ ၀တ်ဆင်၍ အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်း အပေါ် ဆန့်ကျင် ရှုတ်ချသည့် အနေဖြင့် လက်ပတ်ဖြူ လှုပ်ရှားမှုကို ယမန်နေ့မှ စတင်ကာ ရန်ကုန်မြို့ရှိ မြို့နယ် အသီးသီးတွင် ပြုလုပ် ခဲ့သည်။ ကျွန်တော်တို့ ရင်ထဲက ဒီလက်ပတ်နီဝတ်တွေနဲ့ ဖြိုခွင်းခဲ့ တာကို ဆန့်ကျင် ကန့်ကွက်တဲ့ အနေနဲ့ စတင် လုပ်ဆောင် တာပါ။ ငြိမ်းချမ်းစွာနဲ့ ဆန္ဒ ထုတ်ဖော်တဲ့ သဘောပါ ဟု ဦးဆောင်သူ ကိုဆောင်းခက ပြောသည်။

တရုတ်မြန်မာနယ်စပ်တွင် တရုတ်ဘက်မှ တိုက်လေယာဉ်များပျံဝဲနေ တရုတ်ပိုင်နက်အတွင်းသို့ ပစ်ခတ်ခဲ့မှု မရှိဟု မြန်မာဘက်က ငြင်းဆိုထား

ကိုးကန့်ဒေသနှင့် နယ်မြေချင်းထိစပ်နေသည့် တရုတ်မြန်မာနယ်စပ် တလျှောက်တွင် တရုတ်နိုင်ငံဘက်မှ စစ်လေယာဉ်များ ပျံဝဲနေကြောင်း တရုတ် သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

သင်္ကြန်ကာလနီးကပ်လာခြင်းကြောင့် ပြည်တွင်း စက်သုံးဆီဈေးများ တက်ရိပ်ပြနေ



သင်္ကြန်ကာလ နီးကပ်လာခြင်းတို့ကြောင့် ပြည် တွင်းစက်သုံးဆီ ဈေးနှုန်းများတစ် လီတာလျှင် ကျပ် ၂ဝ အထိ မြင့်တက် သွားကြောင်း မော်တော်ယာဉ်မောင်း သူများက ပြောသည်။